■ဖင်လန်နိုင်ငံမှမြို့ငယ်လေးတစ်ခုရှိ လူထောင်ပေါင်းများစွာနှင့်တိတ်ဆိတ်နေသောစစ်တပ်ကြီး

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဖင်လန်နိုင်ငံမှမြို့ငယ်လေးတစ်ခုရှိ လူထောင်ပေါင်းများစွာနှင့်တိတ်ဆိတ်နေသောစစ်တပ်ကြီး

ဖင်လန်နိုင်ငံမှာ ကားနဲ့အလည်အပတ်သွားတဲ့သူတွေအနေနဲ့ ဆူးဝါမိုဆောင်လမီဆိုတဲ့ မြို့ငယ်လေးကို ဖြတ်သန်းသွားတဲ့အခါ အဝင်ရဲ့ညာဘက်မှာရှိတဲ့ ထူးဆန်းတဲ့မြင်ကွင်းအတွက် စိတ်ကိုပြင်ဆင်ထားသင့်ပါတယ်။

လမ်းရဲ့ဘေးဘက်လယ်ကွင်းထဲမှာ လူထောင်ပေါင်းများစွာနဲ့တိတ်ဆိတ်နေတဲ့စစ်တပ်တစ်ခုရှိနေပါတယ်။တိတ်ဆိတ်နေရတဲ့အကြောင်းအရင်းကတော့ သူတို့ဟာ လူပုံစံဝတ်စားထားတဲ့ ကောက်ရိုးစာခြောက်ရုပ်တွေဖြစ်နေတာကြောင့်ပါ။

ဒီတမူထူးခြားတဲ့ လက်ရာတွေကို ပြည်တွင်းအနုပညာရှင်တစ်ယောက်ကဖန်တီးခဲ့ပြီး တိတ်ဆိတ်နေသောလူများ လို့အမည်ပေးခဲ့ပါတယ်။ဒီကောက်ရိုးစစ်တပ်ရဲ့နောက်ကွယ်ကအဓိပ္ပါယ်ကိုအကြိမ်ပေါင်းများစွာမေးခဲ့ပေမယ့်လည်း သူက တစ်ခါမှဖြေကြားခဲ့ခြင်းမရှိပါဘူး။

လူသိများတဲ့သီအိုရီတစ်ခုမှာတော့ အဲ့ဒီစာခြောက်ရုပ်တွေက ဖင်လန်နိုင်ငံနဲ့ဆိုဗီယက်ယူနီယံအကြားဖြစ်ပွားခဲ့တဲ့ ဆောင်းရာသီစစ်ပွဲအတွင်း အဲ့ဒီနေရာမှာကျရှုံးတဲ့စစ်သားတွေကို ကိုယ်စားပြုတယ်လို့ဆိုပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ဖင္လန္နိုင္ငံမွၿမိဳ႕ငယ္ေလးတစ္ခုရွိ လူေထာင္ေပါင္းမ်ားစြာႏွင့္တိတ္ဆိတ္ေနေသာစစ္တပ္ႀကီး

ဖင္လန္နိုင္ငံမွာ ကားနဲ႔အလည္အပတ္သြားတဲ့သူေတြအေနနဲ႔ ဆူးဝါမိုေဆာင္လမီဆိုတဲ့ ၿမိဳ႕ငယ္ေလးကို ျဖတ္သန္းသြားတဲ့အခါ အဝင္ရဲ့ညာဘက္မွာရွိတဲ့ ထူးဆန္းတဲ့ျမင္ကြင္းအတြက္ စိတ္ကိုျပင္ဆင္ထားသင့္ပါတယ္။

လမ္းရဲ့ေဘးဘက္လယ္ကြင္းထဲမွာ လူေထာင္ေပါင္းမ်ားစြာနဲ႔တိတ္ဆိတ္ေနတဲ့စစ္တပ္တစ္ခုရွိေနပါတယ္။တိတ္ဆိတ္ေနရတဲ့အေၾကာင္းအရင္းကေတာ့ သူတို႔ဟာ လူပုံစံဝတ္စားထားတဲ့ ေကာက္ရိုးစာေျခာက္႐ုပ္ေတြျဖစ္ေနတာေၾကာင့္ပါ။

ဒီတမူထူးျခားတဲ့ လက္ရာေတြကို ျပည္တြင္းအႏုပညာရွင္တစ္ေယာက္ကဖန္တီးခဲ့ၿပီး တိတ္ဆိတ္ေနေသာလူမ်ား လို႔အမည္ေပးခဲ့ပါတယ္။ဒီေကာက္ရိုးစစ္တပ္ရဲ့ေနာက္ကြယ္ကအဓိပၸါယ္ကိုအႀကိမ္ေပါင္းမ်ားစြာေမးခဲ့ေပမယ့္လည္း သူက တစ္ခါမွေျဖၾကားခဲ့ျခင္းမရွိပါဘူး။

လူသိမ်ားတဲ့သီအိုရီတစ္ခုမွာေတာ့ အဲ့ဒီစာေျခာက္႐ုပ္ေတြက ဖင္လန္နိုင္ငံနဲ႔ဆိုဗီယက္ယူနီယံအၾကားျဖစ္ပြားခဲ့တဲ့ ေဆာင္းရာသီစစ္ပြဲအတြင္း အဲ့ဒီေနရာမွာက်ရႈံးခဲ့တဲ့စစ္သားေတြကို ကိုယ္စားျပဳတယ္လို႔ဆိုပါတယ္။
Ref:youtube
Trans:thegeektext