■ပြာပုံတွေကတစ်ဆင့်အသစ်တဖန်မွေးဖွားလာသောဖီးနှစ်ငှက်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပြာပုံတွေကတစ်ဆင့်အသစ်တဖန်မွေးဖွားလာသောဖီးနှစ်ငှက်

ဖီးနစ်ငှက်တွေဟာဆိုရင် ယဥ်ကျေးမှုစတင်ကတည်းက လူတို့ရဲ့ချီးမွမ်းခြင်းကို ခံခဲ့ရပါတယ်။
ဒီလို ခမ်းနားတဲ့ တိရိစ္ဆာန်ကို ပါးရှား၊ အီဂျစ်၊ ဂရက်ကို ရိုမန်၊ ဂျူး နှင့် အခြားသော ဒဏ္ဍာရီတွေထဲမှာ တွေ့ရတတ်ပါတယ်။
ဖီးနစ်ငှက်ဟာ အနီရောင်နှင့် အဝါရောင် အမွှေးအတောင်ရှိပြီးတော့ ပုံမှန်အားဖြင့် သူ့ကို သားရဲငှက်အနေဖြင့် ပုံဖော်ကြပါတယ်။ ဒါပေမယ့် သူ့ကို မီးလောင်နေတဲ့ ဒေါင်းငှက်အဖြစ်လည်း တွေ့မြင်နိုင်ပါတယ်။

ဒီငှက်ဟာ အလွန် စွမ်းအားကြီးတဲ့ တိရစ္ဆာန်လည်း ဖြစ်သလို
သူ့ကို သိန်းငှက်အရွယ်ဖြင့် ပုံဖော်ကြပေမယ့်လည်း ထို သတ္တဝါဟာ ဆင်ကို သူ့ရဲ့လက်သည်းဖြင့် ကုတ်ချီပြီး ပျံတောင် ပျံနိုင်ပါသေးတယ်။
ဒီငှက်သတ္တဝါရဲ့မျက်ရည်ဟာဆိုရင်လည်းပဲ ဒဏ်ရာတွေ ဖျားနာခြင်းတွေကို ကုသနိုင်တဲ့ အစွမ်းရှိသောကြောင့် အခြားသော စွမ်းအားရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြန်ပါတယ်။
ဖီးနစ်ငှက်ဟာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မီးဖြင့်ဖုံးနိုင်ပါသေးတယ်
ဒါကြောင့် သူဟာ မီးစွဲနေတဲ့ခန္ဓာကိုယ်နှင့် နေ့လယ်ခေါင်မှာ ပျံသန်းနေရင် အလွန်တောက်ပလွန်းလို့ တစ်ချို့သူတွေက နေလုံးနှင့်တောင် ထင်ယောင်ထင်မှား ဖြစ်ကြရပါတယ်။

ဒါပေမယ့် ဒီတိရစ္ဆာန်ကို ချီးမွမ်းမြှောက်ပင့်ကြတဲ့ အဓိကအကြောင်းတရားဟာ သူ့ရဲ့ မသေနိုင်သောစွမ်းအားကြောင့်ပဲ ဖြစ်ပါတယ်။
ဟက်စီးယက် ပြောကြားချက်အရ ဒီငှက်ဟာ ကျီးကန်းတစ်ကောင်ရဲ့ သက်တမ်းထက် ၉ ဆပိုမိုကြာမြင့်စွာ နေထိုင်နိုင်ပါတယ်။ တခါတရံလဲနှစ်ပေါင်း ၅၀၀ ဝန်းကျင်သက်တမ်းရှိပါတယ်။
ထို့အတူပဲသူတို့သေဆုံးတော့မယ်ဆိုတာကို သတိထားမိလာရင် ဖီးနစ်ငှက်ဟာ သစ်ကြံပိုး၊ ဆေ့ဂျ်ရွက်နှင့် မားရ်မှုန့်တို့ဖြင့် အသိုက်ကို ကိုယ်တိုင်ဆောက်လုပ်ပြီး ကိုယ်တိုင်လောင်ကျွမ်းစေကာ ပြာမှုန့်ပဲ ချန်ရစ်ထားကြပါတယ်။
ထိုနောက် ပြာပုံတွေကတစ်ဆင့် ဖီးနစ်ဟာ အသစ်တဖန်မွေးဖွားလာပါတယ်။

တခါမှာတစ်စုံတစ်ယောက်က ထိုပြာပုံကို ငှက်တစ်ဖန် မမွေးဖွားမှီအချိန်မှာ မားရ်မှုန့်ရဲ့ ဥထဲမှာ နေရာချလိုက်ပြီး ဟီလီအော့ပိုလစ် မြို့ရှိတဲ့ အီဂျစ်ကို သယ်ဆောင်သွားခဲ့ပြီး
နေရဲ့ ယဇ်ပလ္လင်ပေါ်မှာ ထားခဲ့ပါတယ်
ထိုပြာမှုန့်တွေဟာ သေဆုံးပြီးသားသူရဲ့ အသက်ကို ပြန်လည်ယူဆောင်နိုင်စွမ်းရှိပါတယ်။
ဖီးနစ်ရဲ့ မသေနိုင်တဲ့ ဒဏ္ဍာရီဟာ အလွန်စွမ်းအားကြီးတာကြောင့် ငယ်ရွယ်ပြီး အတ္တကြီးတဲ့ ရိုမန် ဧကရာဇ် အယ်လယ်ဂါဘလက်စ် ဟာ မသေနိုင်တဲ့ဘုရင်ဖြစ်ချင်တာကြောင့် ဖီးနစ်ရဲ့အသားကို စားဖို့ ကြံရွယ်ပါတော့တယ်။

သူ့ရဲ့ အခြွေအရံတွေဟာ ထိုသတ္တဝါကို ရှာဖွေကြပေမယ့် ဘယ်အရာမှ ရှာမတွေ့ခဲ့ပါဘူး။
လက်ဗလာနှင့် ပြန်လာရမှာကို ရှောင်ကြဉ်ဖို့အတွက်ကြောင့် သူတို့ဟာ ပါရာဒိုက်ငှက်ကို သူတို့ရဲ့ ဧကရာဇ်ကို ဆက်သခဲ့ပါတယ်။
သို့သော်လည်းပဲ ပါရာဒိုက်ငှက်ရဲ့အသားဟာလည်း မသေခြင်းစွမ်းအားကို မပေးနိုင်ခဲ့ပါဘူး။
ထိုအုပ်ချုပ်သူ ဧကရာဇ်ဟာလည်းပဲ ထိုအသားကိုစားပြီး နှစ်နှစ်အကြာမှာ ပရေတိုရီးယန်း အစောင့်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဖီးနစ်ငှက်ရဲ့ ဒဏ္ဍာရီဟာ ကျွန်တော်တို့ရဲ့သမိုင်းရဲ့ တစ်ချို့ ကာလအပိုင်းအခြားတွေမှာ အရေးပါ အရာရောက်မှု အားနည်းခဲ့ကာ
သို့ပေမယ့်လည်း ဒဏ္ဍာရီလာငှက်ရဲ့သဘောအရ သူ့ရဲ့ သင်္ကေတဟာ အမြဲတမ်းလိုလို အသစ်တစ်ဖန်စတင်ခြင်း ဖြစ်နေခဲ့ပါတယ်။
ယခု ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝတွေမှာတော့ ဟယ်ရီပေါ်တာရဲ့ The order of the phoenix ရုပ်ရှင်တွေထဲမှာပဲ ဖီးနစ်ငှက်ကို မြင်တွေ့ရပါတယ်။
ဖီးနစ်ဟာ ယခုအချိန်အထိ ကမ္ဘာပေါ်မှာ ပြန်လည်မွေးဖွားခြင်းနှင့် စက်ဝန်းတစ်ခု ပြန်လည်စတင်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် တည်ရှိနေဆဲပါ

Ref:youtube
Trans:thegeektext