ပြည်သူတွေ အလိမ်မခံရစေရန် (Level 2) မရှိတဲ့ Kpay နဲ့ Wave အကောင့်တွေကို ပိတ်သိမ်းသွားမည်

News Social News

ပြည်သူတွေ အလိမ်မခံရစေရန် (Level 2) သို့ မြှင့်တင်ခြင်းမရှိတဲ့ Kpay နဲ့ Wave စတဲ့ အကောင့်တွေကို ပိတ်သိမ်းသွားမည်..

သတ်မှတ်ကာလအတွင်း အချက်အလက်ဖြည့်သွင်းခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ KBZ Pay ၊ Wave Money စတဲ့ မိုဘိုင်းငွေကြေးစာရင်းတွေကို အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားပါတယ်။

အဆိုပါ ညွှန်ကြားချက်ကို စက်တင်ဘာလ (၁၆) ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန် ညွှန်ကြားလာခြင်းဖြစ်သည်။ ဗဟိုဘဏ်၏ ညွှန်ကြားထုတ်ပြန်ချက်တွင် ယခုကဲ့သို လုပ်ဆောင်ခိုင်းရခြင်းမှာ မသမာသူများ၏ ငွေကြေးလိမ်လည်မှုများ၊ တရားမဝင်ငွေလွှဲပြောင်းမှုများကြောင့် အများပြည်သူ၏ ငွေကြေးများ မဆုံးရှုံးစေရန်အတွက်ဟု ဖော်ပြထားသည်။

ဒ့ါကြောင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့ နီးစပ်ရာ ကိုယ်စားလှယ်များ (Agents) ၊ ဘဏ်တွေထံ သွားရောက်ပြီး မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အဆင့်-၂ (Level-2) ကို အချိန်မီမြှင့်တင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိတွင် ဗဟိုဘဏ်မှ လုံခြုံ၍စွမ်းရည်ပြည့်ဝသည့် အမျိုးသားငွေပေးချေမှု စနစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာတိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတဆင့် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းများအဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီလို မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းထားမှသာ ငွေကြေးလိမ်လည်မှုတွေကြောင့် ဖြစ်ပေါ်လာမယ့် နစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဗဟိုဘဏ်က အသိပေးထားသည်။

ဗဟိုဘဏ်ကတော့ မိုဘိုင်းငွေကြေးစာရင်းတွေမှာ ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ ဆင်းမ်ကတ်နံပါတ်တို့ကို လ.ဝ.က နဲ့ ဆ.သ.ရ ဦးစီးဌာနတို့ရဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဆင့်-၂ ကို မမြှင့်တင်ပါက စာရင်းပိတ်ခံရမှာဖြစ်ပြီး တိုးမြှင့်လိုခြင်းမရှိသူတွေအနေနဲ့ မိမိတို့လက်ကျန်ငွေအတွက် အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည်သူအများစုအနေဖြင့် Kpay, CBpay, AYApay, Wave money အပါအဝင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေနိုင်သည့် ငွေရေးကြေးရေးအစီအစဉ်များ အသုံးပြုလျက်ရှိသည်။

Crd