ပျောက်ဆုံးရေငုပ်သင်္ဘောသားတွေကို အသက်ရှင်လျှက်ရှာမတွေ့နိုင်တော့ချိန်မှာ ရေငုပ်သင်္ဘောကိုရှာဖွေပြီး ရေပေါ်ပြန်လည်ဆယ်တင်ရေးအတွက်ဆက်လုပ်နေ

News

ပျောက်ဆုံးရေငုပ်သင်္ဘောသားတွေကို အသက်ရှင်လျှက်ရှာမတွေ့နိုင်တော့ချိန်မှာ ရေငုပ်သင်္ဘောကိုရှာဖွေပြီး ရေပေါ်ပြန်လည်ဆယ်တင်ရေးအတွက်ဆက်လုပ်နေပါတယ်။အခုအထိ ပြန်လည်ဆယ်ယူရရှိထားတဲ့ပစ္စည်းတွေကတော့ တိုပီဒိုစနစ်ကအစိတ်အပိုင်းတစ်ခု၊ ပယ်ရီစကုပ်သုံးချောဆီဘူးတစ်ဘူး၊ မူစလင်တွေဘုရားရှိခိုးရာမှာသုံးတဲ့ ကောဇောတစ်ခုတို့ဖြစ်ပါတယ်။

ရေတပ်ဦးစီးချုပ် Yudo Margono ရဲ့အပြောအရ ရေအောက် မီတာ ၈၀၀ အနက် (ပေ ၂၆၀၀) လောက်ကိုနစ်မြှုပ်သွားလို့ ရေငုပ်သင်္ဘောကွဲထွက်သွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီရေအနက်မှာသာဆိုရင် KRI 402 ရေငုပ်သင်္ဘောကို ရှာဖွေတွေ့ရှိဖို့ရော ရေပေါ်ပြန်ဆယ်တင်ဖို့ရော ခက်ခဲသွားမှာဖြစ်ပါတယ်။

credit – Richard Myo Thant

Leave a Reply