■‌ပေါက်ကြားနိုင်ခြေနည်းပါးသော အမေရိကန်များရဲ့အကြိုက် ကိုကာကိုလာရဲ့ဖော်မြူလာ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■‌ပေါက်ကြားနိုင်ခြေနည်းပါးသော အမေရိကန်များရဲ့အကြိုက် ကိုကာကိုလာရဲ့ဖော်မြူလာ
ကမ္ဘာ့အကြီးဆုံး ဖျော်ရည်ထုတ်လုပ်သူဟာ အမြဲတမ်းသူ့ရဲ့ ဖျော်စပ်ပုံတွေ ဖော်မြူလာတွေကို လျှို့ဝှက်တတ်ကြပါတယ်။
ဒါပေမယ့် လူတိုင်းကတော့ ကိုလာစေ့တွေနှင့် ကိုကာအရွက်တွေပါဝင်တယ်လို့ ဆိုကြပါတယ်။
မှန်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ ဂျွန်စတစ်ဖ်ပန်ဘာတန်စတင်တီထွင်တုန်းက ကိုကိန်းပါဝင်တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။
ဒါပေမယ့်လည်း တိုးနစ်ရဲ့ကျန်းမာရေးအယူအဆတွေက မှားယွင်းနေတော့ ပန်ဘာတန် ကုမ္ပဏီက မူးယစ်စေတဲ့အရာတွေကို ဖယ်ပြီး အသစ်ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။၂၀ ရာစုအစမှာကတည်းက ကိုကာကိုလာရဲ့ သဘာဝဆိုးဆေးအရသာကို လျှို့ဝှက်ချက်အနေနဲ့ ထားရှိခဲ့ပါတယ်။
ကိုကာကိုလာမှာ အလုပ်လုပ်နေတဲ့သူတွေတောင်မှာ ဘယ်လိုဖျော်စပ်လဲဆိုတာကို သိပုံရမယ်မထင်ပါဘူး။
ဒါပေမယ့်လည်း ကိုကာကိုလာရဲ့ အရသာနှင့် စျေးကွက်ချဲ့ထွင်မှုကိုတော့ သွားရှုပ်လို့မရပါဘူး။
၈၆ နှစ်တိုင်အောင် ကိုကာကိုလာဟာ အတ္တလန်တမှာရှိတဲ့ ဆန်းထရက်စ်ဘဏ်မှာ သူ့ရဲ့အရသာနှင့်ဖျော်စပ်ပုံကို အာမခံထားခဲ့ပါတယ်။
၂၀၁၁ အထိအာမခံထားခဲ့ပြီးတော့ ကိုကာကိုလာ လုံခြုံရေးအရ ပိုမိုတင်းကြပ်ကာ ဖျော်စပ်ပုံဖော်မြူလာတွေကို ထိန်းသိမ်းခဲ့ပါတယ်။
အခုဆိုရင်သူ့ရဲ့ဖျော်စပ်ပုံဟာဆိုရင် အတ္တလန်တမှာရှိတဲ့ ကိုကာကိုလာပြတိုက်ရဲ့ မြေအောက်ခန်းမှာရှိတဲ့ မီးခံသေတ္တာထဲမှာပါ။
ကြည့်ရရင်တော့ ကိုကာကိုလာက သူ့ရဲ့ လျှို့ဝှက်ချက်ကိုထုတ်ဖော်ပြောကြားဟန် မရှိပါဘူး။
ဒါပေမယ့် အဏုမြူဗုံးပေါက်ကွဲရင်တောင်မှ အမေရိကန်တွေရဲ့ အကြိုက်ဖြစ်တဲ့ ကိုကာကိုလာရဲ့ဖျော်စပ်ပုံကတော့ ပေါက်ကြားမယ်မထင်ပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
ဒါပေမယ့်လည်း ကိုကာကိုလာရဲ့ အရသာနှင့် ဈေးကွက်ချဲ့ထွင်မှုကိုတော့ သွားရှုပ်လို့မရပါဘူး။
Ref:youtube
Trans:thegeektext