ပူတင်ရဲ့ အပြင်းထန်ဆုံး နျူလက်နက်ဟာ အဖျက်စွမ်းအား ဘယ်လောက်ကြီးလဲ

News World

ပူတင်ရဲ့ အပြင်းထန်ဆုံး နျူလက်နက်ဟာ အဖျက်စွမ်းအား ဘယ်လောက်ကြီးလဲ

ဒီနှစ်အစောပိုင်းမှာပဲ ရုရှားဟာ ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းကို နျူကလီးယား ထိပ်ဖူးများ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီလိုမျိုး နျူလက်နက်တွေကို မြောက်များစွာ ပူတင်က ပိုင်ဆိုက်ထားပါတယ်။

ဒါကြောင့် ရုရှားတို့ရဲ့ နျူလက်နက် ပိုင်ဆိုင်မှုထဲက အဖျက်စွမ်းအား အပြင်းထန်ဆုံး တိုက်ချင်းပစ် ဒုံးကျည်အသစ် “RS-28 Sarmat” ဟာ ဘယ်လောက်ထိ ဖျက်စီးပစ်နိုင်လဲဆိုတာကို ဆွေးနွေးဖော်ပြသွားချင်ပါတယ်။

အမေရိကန်တွေကတောင် “သေမင်း စေတန် ၂” လို့ ခေါ်ဆိုရတဲ့ ရုရှားတို့ရဲ့ ဒီနျူလက်နက်ဟာ ကမ္ဘာပေါ်က ဘယ်နျူလက်နဲ့မှ မတုပနိုင်ကြောင်းနဲ့ သူတို့ရဲ့နောက်ဆုံးပေါ် နျူနည်းပညာကို ကြွားလုံးထုတ်နိုင်ခဲ့တဲ့ အဆင့်ပါပဲ။

ဒါဟာ ပူတင်အနေနဲ့ ရုရှားကို ခြိမ်းခြောက်မှုတွေ မလုပ်ခင် ရန်ဘက်တွေကို “နှစ်ခါစဉ်းစား” လုပ်ပါလို့ ရာဇသံပေးတာလည်းဖြစ်တယ်လို့ အမေရိကန်ဆောင်းပါးက ဖော်ပြထားခဲ့ဖူးပါတယ်။

ဒါဆိုရင်တော့ ဒီနျူဒုံးကျည်ဟာ ရုရှားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို ဘယ်လောက်ထိ မြှင့်တင်ပေးနိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

၂၀၁၈ ခုနှစ် နိုင်ငံပိုင် မိန့်ခွန်းမှာ ပူတင် ပထမဆုံး မိတ်ဆက်ခဲ့တဲ့ နျူကလီးယား ဒုံးပျံနည်းပညာရဲ့ နောက်မျိုးဆက် Sarmat ဒုံးကျည်ဟာ အရှည် ၁၁၆ ပေ (35.3 မီတာ) ရှိပြီး အလေးချိန် တန် ၂၂၀ (200 မက်ထရစ်တန်) ရှိပါတယ်။

ရုရှားဟာ ၂၀၀၀ ခုနှစ် အစောပိုင်းကတည်းက နျူဒုံးကျည်တွေကို စတင်တီထွင်ခဲ့ပြီး MIRV (Multiple Independently Targetable Re-Entry Vehicles) လို့ လူသိများသော အပေါ့စားနျူကလီးယားထိပ်ဖူး ၁၅ ခုအထိ သယ်ဆောင်ထားနိုင်တဲ့ ဒုံးကျည်တွေကို ဦးစွာ ဖန်တီးနိုင်ခဲ့ပါတယ်။

MIRV တွေဟာ ၁၉၆၀ ခုနှစ်များအစောပိုင်းကတည်းက ပထမဆုံးပြုလုပ်ခဲ့သော ဒုံးကျည်အမျိုးအစားဖြစ်ပြီး ဒုံးကျည်အများအပြားကို ပစ်မှတ်များသို့ ထိပ်ဖူးအများအပြား ပေးပို့နိုင်စေရန် ဒီဇိုင်းထုတ်ထားတဲ့ လက်နက်မျိုးပါ။

Sarmat ဒုံးကျည်ကို NATO မှ Satan လို့ အမည်ပေးထားတဲ့ သက်ကြီးရွယ်အို Sovet-ခေတ် R-36 သို့မဟုတ် Voevoda ရဲ့ လက်ရှိ တိုက်ချင်းပစ်ဒုံးကျည်ကို အစားထိုးရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး အပေါ့စား ထိပ်ဖူး ၁၀ ခု အထိရှိတဲ့ MIRV အဖြစ် ဖန်တီးနိုင်ပါတယ်။

ထို့အပြင် ဒုံးကျည်အသစ်ဟာ ခန့်မှန်းခြေအကွာအဝေး မိုင် ၆၂၀၀ နှင့် ၁၁၁၈၀ ကြား (10,000 မှ 18,000 ကီလိုမီတာ) ကို ရောက်ရှိနိုင်ပြီး Voevoda ထက်စာရင် အတော်လေးကို ထိရောက်တိုးတက်မှုရှိကြောင်း US and International Strateg for Strateg မှ လေ့လာချက်များအရ သိရပါတယ်။

အခုနှစ်အစောပိုင်းက စမ်းသပ်မှုမှာ ရုရှားက Sarmat ကို Plesetsk Cosmodrome မှ လွှတ်တင်ခဲ့ပြီး သူ့ရဲ့ “စမ်းသပ်ထိပ်ဖူးများ” ဟာ Kamchatka ကျွန်းဆွယ်ရှိ Kura Missile Test Range က သတ်မှတ်ထားတဲ့ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့ပါတယ်။

စမ်းသပ်မှုအပြီးမှာတော့ ဒီနျူဒုံးကျည်သည် ခေတ်မီ ဒုံးကျည်ကာကွယ်ရေး နည်းလမ်းအားလုံးကို ကျော်လွှားနိုင်တယ်လို့ ပူတင်က ဂုဏ်ယူစွာ ပြောကြားခဲ့ပါတော့တယ်။

Sarmat ရဲ့ အစိတ်အပိုင်းများကို ပြည်တွင်း၌သာ သီးသန့် ထုတ်လုပ်ထားကြောင်းလည်း ပူတင်က အလေးပေးပြောကြားခဲ့ပါတယ်။

ပူတင်ရဲ့အဆိုအရ ဒီလက်နက်မျိုးဟာ နျူထိပ်ဖူးတွေရဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို ပိုမိုလွယ်ကူစေပြီး ရုရှားရဲ့မဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့အတွက် ထောက်ပံ့ပေးခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးနိုင်မယ်လို့ သိရပါတယ်။

Silo-based ဒုံးပျံတစ်ခုတည်းကို နှိုင်းယှဉ်ကြည့်ရင်ကိုပဲ ရုရှားဒုံးပျံသစ်ဟာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ CSIS ရဲ့ အဆိုအရ အမြင့်ဆုံး payload 1.425 megatons ရှိတဲ့ US Minuteman III နဲ့ နှိုင်းယှဉ်ရင်တောင် အကြမ်းအားဖြင့် TNT 50 megatons ရှိတဲ့ အထွက်နှုန်းဖြင့် အမြင့်ဆုံး payload ကို စတင်နိုင်ပါတယ်။

အလားတူ စိုးရိမ်စရာမှာ ရုရှားက အခိုင်အမာ ဆိုထားတဲ့ အသံထက်မြန်တဲ့ စွမ်းရည်မှာ Mach 5 (တစ်နာရီလျှင် ၃၈၃၆ မိုင်) ထက် အချို့သော ဒုံးကျည်များကို အရှိန်မြှင့်နိုင်တယ်လို့ ဆိုလိုပါတယ်။

ယခုအချိန်မှာ ရုရှားနဲ့ တရုတ်နှစ်နိုင်ငံစလုံးက အသံထက်မြန်သော စွမ်းရည်ရှိတဲ့ ဒုံးကျည်များ အမြောက်အများ ပိုင်ဆိုင်ထားကြပါတယ်။

၂၀၁၀ ခုနှစ်မှ စတင်၍ US ကလည်း မတူညီတဲ့ အသံထက်မြန်သော ဒုံးပျံစမ်းသပ်မှုပေါင်း ၁၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၀ ကြိမ် အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် ပိုကြီးတဲ့ အမြင့်ဆုံး အထွက်နှုန်းနဲ့ ပိုမြန်တဲ့ ဒုံးကျည်တွေက ရုရှားကို ပထမဆုံး တိုက်ခိုက်မှုကို အသာစီး ရနိုင်တယ်လို့ မဆိုလိုပါဘူး။

အခြားသော US ICBMs များဖြစ်ကြတဲ့ UGM-133 Trident II D5 ဒုံးကျည် တွေကလည်း ၁၂၄၀ မိုင် မှ ၇၄၆၀ မိုင် (ကီလိုမီတာ 2,000 မှ 12,000 ကီလိုမီတာ) အတွင်း ထိပ်ဖူး ရှစ်ခုအထိ ပစ်လွှတ်နိုင်တဲ့ MIRVs တွေကို ရေငုပ်သင်္ဘောများမှာ တပ်ဆင်ထားကြပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။

ရုရှားမှာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်များ အများဆုံး ပိုင်ဆိုင်ထားပေမဲ့ တစ်ဖက်မှာလည်း အလွန်အမင်း ပျက်စီးနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနေနိုင်ပါတယ်။

အဖျက်စွမ်းအား တိုးလာပေမဲ့လည်း ရုရှားဒုံးပျံအသစ်ဟာ ရုရှား လက်ရှိနျူကလီးယား ဘေးထွက်ဆိုးကျ်ိုး အန္တရာယ်ကို အနည်းငယ် တိုးစေလာတာကတော့ အသေအချာပါ။

ဒီအန္တရာယ်ကိုတော့ အမေရိကန်ကလည်း ဒုံTrident နျူကလီးယား အဟန့်အတား ရေငုပ်သင်္ဘောများနဲ့ ဖြေရှင်းသွားဖို့ ပြင်ဆင်ထားပါတယ်။

အချုပ်ဆိုရရင်တော့ ကမ္ဘာ့နျူကလီးယား ထိပ်ဖူးပေါင်း ၁၃,၀၈၀ ခန့်ရှိသည့်အနက် ရုရှားက ၆,၂၅၇ စင်းရှိပြီး အမေရိကန်က ၅,၅၅၀ ရှိသည်ဟု ရုရှားနိုင်ငံ လက်နက်ထိန်းချုပ်ရေးအသင်းရဲ့ အဆိုအရ သိရပါတယ်။

တတိယမြောက် နျူကလီယား ထိပ်ဖူးအများဆုံးရှိတဲ့ နိုင်ငံမှာ ၃၅၀ အရေအတွက်နဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။

Knight News Team

Crd