ပူတင်ကြီး ဘာအကွက်တွေထပ်ထုပ်အုံးမလဲ “စစ္သည္အင္အား ၁ သိန်းကျော် တိုးမြှင့်ဖွဲ့စည်းဖို့ ရုရှားသမ္မတပူတင် အမိန့်ထုတ်ပြန်”

News Social News World

လာမဲ့နှစ်၂၀၂၃ ခုနှစ်မှာ စစ်သည်အင်အား တစ်သိန်းကျော်(၁၃၇,၀၀၀) တိုးမြှင့်ခန့်ထားဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့ သြဂုတ်လ၂၅ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ပူတင်ရဲ့အမိန့်အရ လာမည့်နှစ်မှာ ရုရှားစစ်တပ်ရဲ့စံနှုန်းအင်အား၂ သန်းကျော်(၂,၀၃၉,၇၅၈)ပြည့်မှီဖို့ လုပ်ဆောင်ရမယ်လို့ ဖေါ်ပြထားပါတယ်။စစ်မှု မထမ်းမနေရ ဥပဒေကိုဆက်လက်ပြဌာန်းဖို့နဲ့ နှစ်ချုပ်စာချုပ်နဲ့ ခန့်အပ်တာတွေကို ဆက်လက်တိုးမြှင့်ဖို့လည်း ပူတင်ရဲ့အမိန့်မှာ ဖေါ်ပြထားပါတယ်။

ရုရှားရဲ့နေရာတော်တော်များများမှာ“တပ်မတော်က သင့်ကိုအလိုရှိသည်” ဆိုတဲ့တပ်သားသစ်စုဆောင်းရေးဆိုင်းဘုတ်တွေ ဒေသခံအာဏာပိုင်တွေက စိုက်ထူထားသလို အလုပ်လက်မဲ့တွေနဲ့ အကျဉ်းသားတွေကို စာချုပ်နဲ့စစ်မှုထမ်းဖို့ လူသိထင်ရှား လိုက်လံစည်းရုံးနေရပြီလို့ လွတ်လပ်တဲ့ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။
Crd..BurmaNewsNetwork

Unicode





Crd