ပူတင်ကိုနိုင်ငံတော်သစ္စာဖေါက်မှုနဲ့အရေးယူဖို့ လွှတ်တော်ကို တင်ပြခဲ့သူတွေကို ရုရှား ထောက်လှမ်းရေးက အမှုဖွင့်

News World

ပူတင်ကိုနိုင်ငံတော်သစ္စာဖေါက်မှုနဲ့အရေးယူဖို့ လွှတ်တော်ကို တင်ပြခဲ့သူတွေကို ရုရှား ထောက်လှမ်းရေးက အမှုဖွင့်
၁၁/၉/၂၀၂၂

သမ္မတပူတင်ကို ရာထူးကဖယ်ရှားပြီး နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ အရေးယူဖို့ လွှတ်တော်ကို တင်ပြဖို့စီစဥ်ခဲ့တဲ့ မြို့နယ်ပြည်သူ့ကိုယ်စားလှယ် ၅ ဦးကို ရုရှားထောက်လှမ်းရေးက အမှုဖွင့် အရေးယူထားတယ်လို့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။

အမှုဖွင့်ခံထားရသူတွေကတော့ ပူတင်ရဲ့ မွေးရပ်မြေ စိန့်ပီတာစဘတ်မြို့ စမောန်လင်ဒေသ က ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ်လို့် သတင်းတွေက ဖေါ်ပြပါတယ်။

အမှုဖွင့်ခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုယ်စားလှယ် ဒီမီထရီ ပလီယူဂါကတော့ အခု လွှတ်တော်ကို ပေးပို့မဲ့ အဆိုတင်သွင်းလွှာကို မတ်လကတည်းက ပြင်ဆင်ဆွေးနွေးခဲ့ပြီး မြို့နယ်ကိုယ်စားလှယ်တွေကြားဆွေးနွေးခဲ့တယ်ဆိုပါတယ်။ ကိုယ်စားလှယ် ၁၀ ဦးရှိတဲ့အနက် ၇ ဦးက သဘောတူတဲ့အတွက် စက်တင်ဘာ ၇ ရက်နေ့မှာ မော်စကိုက လွှတ်တော်ရုံးချုပ်ကို ပေးပို့ခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ကျုးကျော်စစ်ကြောင့် ရုရှားစစ်သားတွေသေဆုံးရမှု- စစ်ပွဲကြောင့် နိုင်ငံတကာပိတ်ဆို့တာခံရပြီး ရုရှားစီးပွားရေးကျဆင်းလာမှုနဲ့ စစ်ပွဲကြောင့် နေတိုးအဖွဲ့ အင်အားပိုမိုတိုးပွါးလာမှုတွေဟာ ရုရှားဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်တဲ့ လုပ်ရပ်တွေဖြစ်လို့ ရာထူးကဖယ်ရှားဖို့ နဲ့ အရေးယူဖို့ တင်ပြတာလို့ ဒီမီထရီ ပလီယူဂါက ရေးသားထားပါတယ်။

ရုရှားသမ္မတရဲ့ ပြောဆိုလုပ်ကိုင်မှုတိုင်းကို မထောက်ခံနိုင်ဘူးဆိုတာကို ပြသတာဖြစ်သလို ပူတင်လုပ်တာမဟုတ်ရင် ထုတ်ဖေါ်ပြောဆိုရဲတဲ့ ကိုယ်စားလှယ်တွေရှိနေတယ်ဆိုတာကို သတင်းအမှောင်ချခံထားရတဲ့ ပြည်သူ တွေကို အသိပေးတာလို့လည်း ဒီမီထရီ ပလီယူဂါက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မနေ့ကတော့ သူအပါအဝင် ၅ ဦးကို စိန့်ပီတာစဘတ်အာဏာပိုင်တွေက အစိုးရအပေါ် အသရေပျက်အောင်ကျိုးစားမှုနဲ့ အမှုစတင်ဖွင့်တာလို့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။

ရုရှားအစိုးရက ထုတ်ပြန်နေတဲ့ အစိုးရစစ်တမ်းတွေမှာ ပူတင်ကို ထောက်ခံသူ ၈၀ ရာခိုင်နူံး ကျော်ရှိပြီလို့ ပြောနေပေမဲ့ အဲဒီထောက်ခံသူတွေထဲက ၈၀ ရာခိုင်နူံးကျော်ဟာ အမေရိကန်သမ္မတ ကို ဒေါ်နယ်ထရမ့်လို့ပဲ သိတဲ့သူတွေဖြစ်နေတယ်လို့လည်း လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။

(ပူတင်ကို ဖယ်ရှားဖို့ စာပေးပို့ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များပုံဖြစ်သည်)

#BNN #Russia #Putin

BurmaNewsNetwork

ပီဒိုပူတင်ကိုဖြုတ်ချပြီး
နိူင်ငံတော်သစ္စာဖောက်မှုနဲ့တရားစွဲဖို့ကြိုးစားပြီ။

Crd – moe win oo