■ပီရူးမြို့မှ သွား‌ရောက်လည်ပတ်သင့်သောလွင့်မျောနေသောကျွန်းများ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပီရူးမြို့မှ သွား‌ရောက်လည်ပတ်သင့်သောလွင့်မျောနေသောကျွန်းများ

လွင့်မျောနေတဲ့ ကျွန်းတွေပေါကို သင်ရောက်ဖူးပါသလား။
ဒါဆိုရင်တော့ သင်ဟာ ပီရူးမြို့ကို သွားရောက်လည်ပတ်သင့်နေပါပြီ။

အခုလို သူမတူ လွင့်မျောနေတဲ့ အီလာယူရိုစ့်ကျွန်းတွေဟာ တီတီကာကာရေကန်ပေါ်မှာရှိပါတယ်။
ပျူနိုမြို့ရဲ့ ၇ ကီလိုမီတာသာ ကွာဝေးပြီးတော့ ဒိလိုလှပထည်ဝါတဲ့ ကျွန်းမျောတွေဟာ တီတီကာကာရဲ့ ထိပ်တန်း ဆွဲဆောင်မှုပဲဖြစ်ပါတယ်။

ဒီမှာရှိတဲ့ ကျွန်းပေါင်း ၈၀ ကျော်က တီတီကာကာရေကန်ပေါ်မှာပေါက်တဲ့ အပင်တွေနှင့် အလွှာလုပ်တည်ဆောက်ထားတာပါ။
ဒီကျွန်းတွေပေါ်မှာ ယူရိုစ့်လူမျိုးတွေက ရာစုနှစ်တစ်ခုအထိ ကျင်လည်ကျက်စားခဲ့ပါတယ်။
သူတို့တွေဟာ ကျွန်းစုပေါ်မှာ အင်ကာနှစ်အကြိုပိုင်းကတည်းက နေထိုင်ကြတဲ့ သက်တမ်းအရင့်ဆုံး လူမျိုးတွေဖြစ်တယ်လို့ ဆိုကြကာ
ဒီလူမျိုးတွေဟာ ငါးဖမ်းခြင်းဖြင့် အသက်မွေးကြပြီး လျှော်ကနေ ပြုလုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို လာလည်သူတွေကို ရောင်းကြပါတယ်။

ရှေးဟောင်းယူရိုစ့်လူမျိုးတွေမှာ အမည်းရောင်သွေးတွေ ရှိတယ်လို့ ပြောကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တော်ရုံတန်ရုံ မအေးကြလို့ပါ။

တစ်ခါတစ်လေ သူတို့ကိုယ်သူတို့ လူပီဟာကာ နေရဲ့သားတော် လို့ ခေါ်ကြပြီး။ ယူရိုစ့်လူမျိုးတွေဟာ ပူကွီးနား ဘာသာစကားကို ပြောကြတဲ့လူမျိုးတွေကနေ တိုက်ရိုက်ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ဒီဘာသာစကားဟာ သမိုင်းမှာ ပျောက်ကွယ်နေပေမယ့်လည်း သူတို့ဟာ ကိုယ့်ယဥ်ကျေးမှု ကိုယ့်လူမျိုးကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext