■‌ပိုလာဝက်ဝံအကောင်၂၀ဒါမှမဟုတ်ကား၆စီးရဲ့အလေးချိန်နဲ့ညီမျှတဲ့ လေယာဥ်အဖွင့်မှလေထုဖိအား

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■‌ပိုလာဝက်ဝံအကောင်၂၀ဒါမှမဟုတ်ကား၆စီးရဲ့အလေးချိန်နဲ့ညီမျှတဲ့ လေယာဥ်အဖွင့်မှလေထုဖိအား

လေယာဉ်ပျံသန်းနေတုန်းမှာတံခါးဖွင့်လိုက်ရင်ဘာဖြစ်မလဲ?
အဲ့ဒါကတော့လုံးဝမဖြစ်နိုင်ပါဘူး။တကယ်လို့တစ်ယောက်ယောက်ကဖွင့်လိုက်မယ်ဆိုရင်တော့လေထုဖိအား၂၄၀၀၀ပေါင်လောက်ကိုခံစားလိုက်ရမှာပါ။

ဒါဟာပိုလာဝက်ဝံအကောင်၂၀ဒါမှမဟုတ်ကား၆စီးရဲ့အလေးချိန်နဲ့ညီမျှပါတယ်။ဒါ့အပြင်လေယာဉ်တည်ဆောက်ပုံမှာတံခါးအားလုံးကိုထိန်းထားတဲ့တံခါးမင်းတုန်းတွေပါနေလို့ပါပဲ။

လျှပ်စီးတွေကြားမှာလေယာဉ်ပျံသန်းရတာအန္တရာယ်ကင်းရဲ့လား?
ယေဘူယျအားဖြင့်တော့အန္တရာယ်ကင်းပါတယ်။စံချိန်မီလေယာဉ်တွေဟာလျှပ်စီးပစ်တဲ့ဒဏ်ကိုခံနိုင်လို့ပါ။

စာရင်းဇယားတွေအရတော့တစ်နှစ်ကိုလေယာဉ်တစ်စီးတော့လျှပ်စီးပစ်တဲ့ဒဏ်ကိုခံနေရတုန်းပါပဲ။ဒါပေမယ့်များသောအားဖြင့်တော့အသေးအဖွဲ့ထိခိုက်မှုလေးတွေလောက်သာရှိနေတာပါ။

တစ်ချို့လေယာဉ်တွေမှာပြတင်းပေါက်နဲ့ခုံတွေကိုဘာကြောင့်တစ်တန်းတည်းမထားတာလဲ?
တကယ်တော့စီပွါးဖြစ်လေယာဉ်တွေမှာခုံတွေကိုစနစ်တကျစီထားပါတယ်။

ဒါကတော့လေကြောင်းလိုင်းပေါ်မှာပဲမူတည်တာပါ။ပိုက်ဆံများများရဖို့ခုံတွေထပ်တိုးပြီးစီးမယ်ဆိုရင်ကောင်းကင်ရဲ့အလှကိုမခံစားနိုင်ပဲငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေမှာတော့မလွဲပါဘူး။
Ref:youtube
Trans:thegeektext

zawgyi








Ref:youtube
Trans:thegeektext