■ပိုလန်နိုင်ငံ၊ဇက်ကရိုပိန်းမြို့မှ ကမ္ဘာ့အကြီးဆုံး ရေခဲဝင်္ကပါ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပိုလန်နိုင်ငံ၊ဇက်ကရိုပိန်းမြို့မှ ကမ္ဘာ့အကြီးဆုံး ရေခဲဝင်္ကပါ

ဒီလိုပုံမှန်မဟုတ်တဲ့ ခရီးသွားဆွဲဆောင်မှုတစ်ခုဟာ ဖေဖော်ဝါရီ ၂၀၂၀ မှာစတင်ပေါ်လာပြီး ဒီနေရာကိုရောက်ဖို့ဆိုရင် ပိုလန်နိုင်ငံကိုသွားရမှာဖြစ်ပါတယ်။

ပိုသေချာအောင်ပြောရမယ်ဆိုရင်တော့ ဇက်ကရိုပိန်းမြို့ပဲဖြစ်ပါတယ်။ ရေခဲပြင်အားကစားနည်းတွေကိုသဘောကျတဲ့ပရိသတ်တွေက ဒီနာမည်ကို ရင်းနှီးနေတာက မဆန်းပါဘူး။ ဇက်ကရိုပိန်းဆိုတာက ပိုလန်နိုင်ငံရဲ့ ဆောင်းမြို့တော်ပါ။

ဒါ့ကြောင့်ကမ္ဘာ့အကြီးဆုံး ရေခဲဝင်္ကပါဟာ ဒီနေရာမှာ ဆောက်ထားတာ သာမန်ဖြစ်ပြီး စတုရန်းမီတာ ၂,၅၀၀ ကျယ်ဝန်းတဲ့ ဝင်္ကပါကို တည်ဆောက်ဖို့အတွက် တစ်လလောက်ကြာမြင့်ခဲ့ပါတယ်။

တလျှောက်လုံးမှာတော့ ရေခဲတုံး ၆၀,၀၀၀ ကိုအသုံးပြုပြီးတော့ လုပ်သား အယောက် ၅၀ နှင့်တည်ဆောက်ခဲ့တာပါ။ ဒီ ရေခဲဝင်္ကပါကိုပိုပြီး ထူးခြားစေတာက ၁၆ မီတာအမြင့်ရှိတဲ့ ရဲတိုက်ပဲဖြစ်ပြီးတော့ ဝင်ရလောက်အောင်ကံကောင်းတဲ့သူတွေကတော့ နတ်သမီးပုံပြင်ထဲရောက်နေတယ်လို့တောင် ထင်ကောင်းထင်နိုင်ပါတယ်။

ဒါက ဘာလို့လဲဆိုတော့အတော်ဆုံးရေခဲပန်းပုပညာရှင်တွေက ရဲတိုက်ကြီးကို အလှဆင်တဲ့နေရာမှာ ပါဝင်ထားလို့ပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext