
News Social News World

ပိုမိုပြင်းထန်လာတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကြောင့် ရုရှားက ကုလလုံခြုံရေးကောင်စီကို အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆို

အမေရိကန်ဝန်ကြီးတွေက ယူကရိန်းနဲ့ ဂျာမဏီကိုရောက်နေပြီး ရုရှားက အရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိပဲ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ဒီကနေ့ ရောက်ရှိလာပါတယ်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွေက ရုရှားသိမ်းပိုက် နယ်တွေကို ယူကရိန်းက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နေချိန်နဲ့ တိုက်ဆိုင်နေသလို ဂျာမဏီနိုင်ငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ ယူကရိန်းကာကွယ်ရေးအဆက်အသွယ်အဖွဲ့ အစည်းအဝေးနဲ့လည်း တိုက်ဆိုင်နေတာတွေ့ရပါတယ်။

ယူကရိန်းအပါအဝင် ရုရှားရဲ့ ကျုးကျော်ရန်စမှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံတွေအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၂ ဘီလျံ ပေးအပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောထားသလို ဂျာမဏီကအစည်းအဝေးမှာလည်း ယူကရိန်းတန်ပြန်ထိုးစစ်အတွက် အရေးပေါ် စစ်လက်နက် ဒေါ်လာ သန်း ရ၀၀ နီးပါး ပေးပို့မယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုထားတာတွေ့ရပါတယ်။

ရုရှားအစိုးရကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကနေ ယူကရိန်းကို လက်နက်တွေဆက်လက်ပေးပို့နေတဲ့အပေါ် လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ပြီး တားမြစ်ပေးဖို့ တောင်းဆိုထားပါတယ်။
crd
Burma News Network

Unicode





crd
Burma News Network

Crd