နယ်စပ်ရင်ဆိုင်မှုအဆုံးသတ်ရန်တရုတ်နှင့်ဆွေးနွေးမှုတိုးတက်မှုမရသေးကြောင်းအိန္ဒိယပြောကြား

Militarily News

နယ်စပ်ရင်ဆိုင်မှု အဆုံးသတ်ရန် တရုတ်နှင့် ဆွေးနွေးမှု တိုးတက်မှုမရသေး ကြောင်း အိန္ဒိယပြောကြား

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံကြား ဟိမဝန္တာနယ်စပ်မှ အငြင်းပွားနေသော အပိုင်း ၌ ရင် ဆိုင်မှုကို အဆုံးသတ်ရန် နှစ်ဖက် ကြား ဆွေးနွေးမှုများတွင် တိုး တက်မှုမရသေးကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက ပြော ကြားသည်။

နျူကလီးယားလက်နက်များ ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံ ကြား ဆယ်စုနှစ် များစွာအတွင်း ဖြစ်ပေါ်လာခဲ့သည့် အဆိုးဆုံးနယ် စပ် ထိပ်တိုက်တွေ့မှု လျော့ပါး ရေး ရည်ရွယ်ပြုလုပ်သော သံတ မန်ရေးနှင့် စစ်ဘက်ဆွေးနွေးမှု အကျော့များစွာတွင် အဓိပ္ပာယ် ပြည့်ဝသော ရလဒ်မထွက်ခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ်ဆင်းက ပြောကြား သည်။

‘‘ပိုနေမြဲ ကျားနေမြဲဆိုရင် တော့ တပ်ဖွဲ့ချထားမှု လျော့ကျ မလာဘူးဆိုတာ ရှင်းနေပါတယ်’’ ဟု ရိုက်တာနှင့် မိတ်ဖွဲ့ထားသော AM သတင်းဌာနနှင့် တွေ့ဆုံမေး မြန်းမှုတွင် ဆင်းက ပြောကြား သည်။

သို့ရာတွင် နယ်စပ်အခြေအ နေနှင့်ပတ်သက်၍ နှစ်ဖက်ကြား မက်ဆေ့ချ်ပေး ပို့မှုများ ရှိနေဆဲ ဖြစ်ကြောင်းနှင့် မကြာမီ စစ် ဘက်အရာရှိကြီးများ တွေ့ဆုံရန်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ဇွန်လက နှစ်နိုင်ငံနယ်စပ် လာဒက်ဒေသမှ ဂယ်လ်ဝမ်ဒေသ ၌ နှစ်ဖက်တပ်ဖွဲ့ များကြား လက် ရောက်တိုက်ခိုက်မှုဖြစ်ခဲ့ကာ တင်းမာမှုများ မြင့်တက်ခဲ့သည်။
ယင်းတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးခဲ့ပြီး တရုတ်ဘက် တွင်လည်း အရေ အတွက်မသိရ သော ထိခိုက်မှုများရှိခဲ့သည်။
ယင်းနောက်ပိုင်း နှစ်ဖက် စလုံးက ယင်းကုန်းမြင့်ကန္တာရ ဒေသတွင် လူသူ၊ လက်နက်အ ထောက်အပံ့များ တိုးမြှင့်ထားခဲ့ သည်။

Ref: Reuters
7DayNews

Leave a Reply