ပိုင်ဆိုင်ထားသမျှအရာအားလုံးစွန့်လွှတ်ပြီး တောထဲမှာအဆင်ပြေသလို လှည့်ပတ်နေထိုင်ခဲ့တဲ့ အမျိုးသား

News

Mick Dodge အမည်ရှိ အမျိုးသားတစ်ဦးဟာ တစ်ချိန်က အခြားလူတွေလိုဘဲ ဘဝကို ရှင်သန်ခဲ့ပါတယ် ။ သူ့မှာ စက်ကိရိယာ စက်ပြင်သူအဖြစ် ကြီးမားတဲ့အလုပ်ရှိပြီး အိမ်နှစ်လုံးနဲ့ ကားများစွာ ပိုင်ဆိုင်ထားသူပါ ။ သူ့ရဲ့ ဘဝဟာ လူနေမှုအဆင့်အတန်းနဲ့ အဆင်ပြေသော်လည်း သူ့ဘဝမှာ အရာတစ်ခုခုပျောက်ဆုံးနေတယ်လို့ သူခံစားနေရဆဲဖြစ်ပါတယ် ။ တစ်နေ့မှာ Dodge ဟာ အရာရာတိုင်းကိုစွန့်လွှတ်ပြီး အိုလံပစ်အမျိုးသားဥယျာဉ်က Hoh Rainforest ကို သွားဖို့ဆုံးဖြတ်ခဲ့ပါတယ် ။

သူဟာ သန့်ရှင်းတဲ့ရေနဲ့ အစားအစာများကို အလွယ်တကူမရရှိနိုင်သော်လည်း Dodge က တွေ့သမျှအပင်တွေကို စားသုံးရန် လက်ခံနိုင်ခဲ့ပါတယ် ။ သူဟာ သစ်ငုတ်များနဲ့ ဂူများထဲမှာ အိပ်ခဲ့ပါတယ် ။ အကြီးအကျယ်လူနေမှုပုံစံစတဲ့ အပြောင်းအလဲအပြင် Dodge ဟာ Hoh Rainforest ထဲမှာ ဖိနပ်မပါဘဲ သွားခဲ့တာပါ ။ လူအများစုအတွက် ထူးဆန်းနေဟန်ရှိသော်လည်း Dodge မှာ သူရဲ့ကိုယ်ပိုင် အကြောင်းပြချက်ရှိနေပါတယ် ။ သူ့ရဲ့ အဆိုအရ ဖိနပ်မပါဘဲ သွားခြင်းဟာ သူရဲ့ hammertoes နဲ့ plantar fasciitis (ဖနောင့်နာကျင်မှု) သာမက နောက်ကျောနာကျင်မှု၊ လည်ပင်းနာကျင်မှုနဲ့ နှလုံးရောဂါတို့ကိုပါ ကုသပေးနိုင်တယ်လို့ ဆိုပါတယ် ။

Dodge က ခေတ်သစ်ကမ္ဘာမှစွန့်ခွာပြီး သစ်တောထဲနေထိုင်သူနဲ့ ခြေသလုံးအိမ်အဖြစ် Hoh Rainforest မှာ နေထိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်သွားပြီဖြစ်ပါတယ် ။ Hoh Rainforest အတွင်းရှိ နေထိုင်နေတဲ့ ဘဝဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပုံရှိသော်လည်း သူ့အတွက်တော့ မခက်ခဲခဲ့ပါဘူး ။

JRose (KB Chimmy One)

Reference : gtgoodtimes

Zawgyi

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply