ပိုက်ဆံအပြည့်ထည့်ထားသည့် အိတ်တစ်လုံးကို ကောက်တွေ့ခဲ့သော်လည်း လုံးဝမယူဘဲ ပိုင်ရှင်ထံပြန်ပေးနိုင်အောင် ကြိုးစားခဲ့သည့် ကောင်မလေး

ငွေကြေးသည် နေ့စဥ်နှင့်အမျှ တန်ဖိုးကြီးသောအရာဖြစ်ပြီး ကမ္ဘာပေါ်ရှိလူသားတိုင်းအတွက် လိုအပ်နေသော အရာဝတ္ထုတစ်ခုဖြစ်ပါတယ်။ထိုင်းနိုင်ငံ ဖူးခက်ခရိုင်တွင် ကောင်မလေးဟာ လမ်းလျှောက်ထွက်ရင်းက ဘတ်ငွေ၁၀၃၅၈၀အထိပါရှိပြီး မြန်မာငွေအားဖြင့် သိန်းတစ်ရာကျော်အထိရှိသော အိတ်တစ်လုံးကို ကောက်တွေ့ခဲ့ပါတယ်။

ပိုက်ဆံတွေအကုန်လုံးကို သူမကိုယ်တိုင်ယူထားပြီး သုံးစွဲရနိုင်သော်လည်း တစ်ပြားတစ်ချပ်မှ ယူဆောင်ခြင်းမရှိဘဲ တာဝန်ရှိရဲတပ်ဖွဲ့မှတစ်ဆင့် ပိုင်ဆိုင်၏လက်ထဲသို့ အရောက်ပြန်ပေးနိုင်ခဲ့ပါတယ်။

များပြားလှသော ငွေကြေးပမာဏကို တပ်မက်ပြီး စိတ်ယိုင်ခြင်းမရှိဘဲ သူတစ်ပါ၏ပိုက်ဆံတွေကို ပြန်ပေးခဲ့သော ကောင်မလေး၏စိတ်ဓာတ်ဟာ ကမ္ဘာပေါ်ရှိလူသားတိုင်းက လေးစားအတုယူသင့်တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd