ပါကစ္စတန်မှာ တရုတ်ရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်း

News

တရုတ်ဝန်ထမ်း(၉) ဦး ဗုံးခွဲသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ပါကစ္စတန်မှာ ရင်းနှီးမြုပ်နှံနေတဲ့ Dasu ရေအားလျှပ်စစ်စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စီမံကိန်းမှာလုပ်နေကြတဲ့ ဌာနေပါကစ္စတန်နိုင်ငံသားဝန်ထမ်းတွေကိုတော့ဆက်လက်လစာပေးထားမယ်ဆိုပါတယ်။ အခြေအနေတွေတည်ငြိမ်သွားမှ ပြန်လည်လုပ်ကိုင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။

ပါကစ္စတန်အာဏာပိုင်တွေနဲ့ပေါင်းပြီး ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအပြစ်ပေးဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဆိုပါတယ်။ လောလောဆယ်တော့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေဟာ ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်တယ်လို့ စွတ်စွဲထားပါတယ်။

အိန္ဒိယသတင်းတွေမှာတော့ တရုတ်အစိုးရပိုင်ကုမ္ပဏီဟာ Dasu စီမံကိန်းက ပါကစ္စတန်နိုင်ငံသားဝန်ထမ်းအားလုံးနီးပါးကို အလုပ်တာဝန်တွေက ရပ်ဆိုင်းလိုက်ပြီလို့ဖေါ်ပြထားပါတယ်။

Burma News

Leave a Reply