ပါကစ္စတန်ကိုပို့လိုက်တဲ့ တရုပ်ရဲ့ဘဲစစ်တပ်ကြီး

ပါကစ္စတန်ကိုပို့လိုက်တဲ့ တရုပ်ရဲ့ဘဲစစ်တပ်ကြီး

လူတိုင်းသိထားကြတာက စစ်တပ်ဆိုတာ စစ်သားတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ဖြစ်ပါတယ်။ ဘဲစစ်တပ်ဆိုတာတော့ ကြားဖူးကြမယ်မထင်ပါဘူး။ သင်ရော ထူဆန်းတယ်လို့ မထင်ဘူးလား။

အမှန်ပါပဲ။ တရုပ်ဟာ တချိန်တည်း ဘဲအကောင်ရေ တစ်သိန်းကို တိုက်ခိုက်ရေးမစ်ရှင်တစ်ခုအတွက် ပါကစ္စတန်မှာ ဖြန့်ကျက်ချထားလိုက်ပါတယ်။

ဘဲစစ်တပ်ကြီး စုဆောင်းနေတဲ့အချိန်မှာ လမ်းတွေပေါ်မှာ ဘဲတွေရဲ့ တဂတ်ဂတ်အော်သံတွေ ဆူညံနေပါတယ်။ ဒီလောက်များတဲ့ဘဲတွေကို တစုတစစည်းတည်းတွေ့ရဖို့ ခက်ခဲပါတယ်။

ဘဲတွေကိုရော ဘာအတွက် လေ့ကျင့်ပေးရတာပါလိမ့်။ ဘဲတွေကို လျောစောက်လှေကားတွေနဲ့ ကားတွေပေါ်တက်အောင်၊ဆင်းအောင် လေ့ကျင့်ပေးထားပါတယ်။ သူတို့ကိုကြည့်ရတာ တိုက်ပွဲဝင်ဖို့ တက်ကြွနေပုံပါပဲ။

တရုပ်စစ်တပ်အတွက် ဘဲတွေဟာ သိပ်အရေးပါလှတာ မဟုတ်ပေမဲ့ တနေ့တခြားတိုးပွားလာတဲ့ လူဦးရေနဲ့ ပြည်မကြီးအတွက်ကတော့ ကယ်တင်ရှင်တွေ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဖြစ်ပေါ်လာပုံကတော့ ဒီလိုပါ။ တချို့တိရစ္ဆာန်တွေဟာ ပါးစပ်သေးပေမဲ့ မရပ်မနား စားသောက်တတ်တဲ့အတွက် အန္တရာယ်ရှိလာပါတယ်။ ခြောက်သွေ့ရာသီရောက်လာပြီဆိုရင် ကောက်ပဲသီးနှံတွေ ဝင်းမှည့်လာကြပါတယ်။ မိုးရာသီဆိုရင်တော့ အပင်တွေစိုက်ပျိုးပြီး စိမ်းစိုကြီးထွားလာတတ်တဲ့ အချိန်ပါ။

ဒီလိုပါပဲ အစာကို မရပ်မနားစားတတ်တဲ့ ကျိုင်းကောင်လို အင်းဆက်တွေဟာ မိုးတွင်းမှာ အကောင်ရေသန်းနဲ့ချီ ပေါက်ဖွားပြီး နွေရာသီမှာတော့ အစာစားဖို့ ထွက်လာကြပါတယ်။

၂၀၂၀ ခုနှစ် ဒီ ကျိုင်းကောင်တွေဟာ ဘီလီယံ ၄၀၀ လောက်ရှိတဲ့ အုပ်စုကြီးနဲ့ အာဖရိကတိုက်တဝှမ်း ကောက်ပဲသီးနှံတွေကို ဖျက်စီးခဲ့ကြပါတယ်။ အာရေးဗျပင်လယ်ကိုကျော်လာရင် ပါကစ္စတန်ကို ရောက်လာပါတော့တယ်။

ပါကစ္စတန်ကိုဟာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာလိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီမတိုင်ခင် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာလည်း ပါကစ္စတန်ဟာ ဆိုင်ကလုန်းမုန်တိုင်းတွေဒါဏ်ကို ခံစားခဲ့ရပါသေးတယ်။ မိုးကြီးရေလျှံမှုကလည်း ဖြစ်ပွားခဲ့ပါတယ်။

Lush မြက်ခင်းပြင်နဲ့ စိုက်ခင်းတွေဟာ ပြန်လည်နလံထူစမှာပဲ ကျိုင်းကောင်တွေအန္တရာယ်ကြောင့် သဲကန္တာရလို ပြန်ဖြစ်သွားရပါတယ်။

ကျိုင်းကောင်တွေရဲ့ ကြောက်စရာကောင်းတဲ့ ဖျက်စီးမှုဟာ မှန်းဆလို့မရလောက်အောင် ပြင်းထန်လှပါတယ်။ ကျိုင်းကောင်အုပ်တစ်အုပ်ကို ကောင်ရေ သန်း ၁၅၀ လောက် ပါရှိပြီး အဲဒီတစ်အုပ်ဟာ ဘောလုံးကွင်း ၂၅၀ စာလောက်က အပင်တွေကို စားသောက်ဖျက်စီးပစ်လိုက်ကြပါတယ်။ စုစုပေါင်းဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ စိုက်ခင်းဧက စတုရန်းမိုင် ၁၉,၀၀၀ လောက်ကို ဖျက်စီးခဲ့ကြပါတယ်။

ပါကစ္စတန်ဟာ ဒီလိုကြောက်စရာအခြေအနေကြောင့် လူဦးရေသန်းနဲ့ချီပြီး အငတ်ပြဿနာကြုံရမယ့်အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ပါကစ္စတန်ဟာ တရုပ်နဲ့ မိုင် ၃၇၀ လောက် နယ်နမိတ်ခြင်း ထိစပ်နေပါတယ်။

တရုပ်ဟာ ပြည်မကြီးဖက်ကိုပါ ပါကစ္စတန်က ကျိုင်းကောင်တွေ ကူးစက်လာမယ့်အရေးကို တွေးပူလာကြပါတယ်။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ အာဏာပိုင်တွေဟာ အစီအစဉ်ဆွဲကြပ့တယ်။ ဒီအစီအစဉ်ဟာ ကုန်ကျစရိတ်လည်း သက်သာတဲ့အရာဖြစ်ပါတယ်။

ဒီလိုနဲ့ အင်အားတစ်သိန်းပါဝင်တဲ့ ဘဲစစ်တပ်ကြီး ချီတက်တိုက်ခိုက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘဲတွေဟာ ကျိုင်းကောင်တွေကို ဖမ်းဆီးစားသောက်ပစ်ကြပါတယ်။ ဒီ စိတ်ကူးကို တရုပ်ရသွားတာ အံ့ဩစရာကောင်းပါတယ်။ ဘယ်သူမှ မတွေးမိနိုင်လောက်တဲ့ စိတ်ကူးပါပဲ။

ဘဲတွေကို ဇီဝလက်နက်အဖြစ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ကြက်တွေကို မသုံးတာကတော့ ကြက်တွေဟယ တစ်နေ့ကို ကျိုင်းကောင် (၇၀)လောက်ပဲစားနိုင်လို့ ဖြစ်ပါတယ်။ ဘဲကတော့ ကြက်ထက် (၃)ဆ ပိုစားနိုင်လို့ပါတဲ့။

တရုပ်ဟာ ဘဲစစ်တပ်ကိုသုံးတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်မှာလည်း ဒီ ဘဲစစ်တပ်ဟာ ပြည်မကြီးမှာ ကျိုင်းကောင် စစ်ဆင်ရေးကို အောင်မြင်စွာ ဆင်နွှဲခဲ့ဖူးပါတယ်တဲ့။ ပါကစ္စတန်က ကျိုင်းကောင်စစ်ဆင်ရေးမှာလည်း အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဘဲတစ်သိန်းတပ်မကြီးဟာ ကျိာင်းကောင် ကောင်ရေဘီလီယံနဲ့ချီပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘဲတစ်သိန်းနဲ့တော့ အမှန်တကယ် မလုံလောက်ပါဘူး။ ကျိုင်းကောင်တွေကို သုတ်သင်ဖို့ ဘဲတစ်သိန်းဟာ အချိန်တစ်ပါတ်လောက်ယူခဲ့ရပါတယ်။

နောက်တစ်ချက်က ကျိုင်းကောင်ဟာ ပျံသန်းနိုင်လို့ တစ်နေ့ကို မိုင် ၉၀ လောက်သွားပါတယ်။ ဒါကြောင့် ဘဲတပ်မကြီးတွေ နေရာအနှံ့မှာ အကောင်ရေများများချထားဖို့လိုပါတယ်။

ပါကစ္စတန်ရဲ့ တိုက်ပွဲမှာတော့ ကျိုင်းကောင် သန်း ၁၅၀ လောက် နေ့စဉ်ကျဆုံးခဲ့ပြီး ဘဲစစ်တပ်ဖက်က အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်းတင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Crd