■ပရိုတိုအလင်းတန်းက ဦးခေါင်းခွံ့ကိုဖြတ်သွားပေမဲ့ ထူးခြားစွာပဲအသက်ရှင်ခဲ့သူ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပရိုတိုအလင်းတန်းက ဦးခေါင်းခွံ့ကိုဖြတ်သွားပေမဲ့ ထူးခြားစွာပဲအသက်ရှင်ခဲ့သူ

ဒါကတော့လုပ်ကြံဖန်တီးမှူမဟုတ်ပါဘူး။ ဘူဂိုစကီကတော့ ပရက်ပီနိုမှာရှိတဲ့ စွမ်းအားအတွက် သုတေသနပြုရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။

ထို့အတူ သူဟာ အကြီးဆုံးဆိုဗီယက် ဒြပ်မှုန် ရှိန်နှုန်းမြှင့်စက်ဖြင့်အလုပ်လုပ်ဖူးပါတယ်။ Signal Tron U17 စက်ပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဆိုးဆုံးကိစ္စရပ်တစ်ခုဖြစ်နေတဲ့အချိန်မှာ စွယ်စုံသုံးစက်ရဲ့ အစိတ်အပိုင်းတစ်ခုကို စစ်ဆေးနေခဲ့တာပါ။

ပရိုတွန်အလင်းအားက အလုပ်လုပ်နေတဲ့အချိန်မှာ သူ့ရဲ့ခေါင်းဟာ စက်ထဲမှာ ညှပ်နေခဲ့ပါတယ်။ ဒီ့နောက် အလင်းတန်းဟာ သူ့ရဲ့ဦးခေါင်းခွံရိုးကိုဖြတ်သွားခဲ့တာပါ။ သူကတော့ နေထောင်ပေါင်းများစွာထက်လင်းတဲ့ အလင်းတန်းကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ဘာမှမခံစားခဲ့ရပါဘူး။ လူတစ်ယောက်ကို သတ်*ဖို့ဆိုရင် Rad 500 ကနေ 600 သာလိုတာပါ။ ဒီ အလင်းတန်းကတော့ Rad 2000 လောက်ရှိပါတယ်။ သမာရိုးကျဆိုရင်တော့ ဘူဂိုစကီက အသက်မရှင်နိုင်မှာ သေချာပေါက်ပါပဲ။ သူ့ရဲ့မျက်နှာဟာ အရေကွာကျလာမှာပါ။

ကျေးဇူးတင်စွာဖြင့်ပဲ သူအသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ရဲ့မျက်နှာတစ်ခြမ်းကတော့ အာရုံကြောပျက်စီးပြီး အကြောသေ*ခဲ့ပါတယ်။ သူမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေလည်းမရှိခဲ့ပါဘူး။ ပြီးတော့သူ့ရဲ့ PhD ဘွဲ့တောင်ရခဲ့ပါသေးတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext