ပန်းကန်ထိုင်ဆေးနေတဲ့ဓာတ်ပုံကြောင့် နာမည်ကျော်ကြားခဲ့ပြီး ကောင်လေးဆီမှ တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ရရှိခဲ့တဲ့ ကောင်မလေး

News Social News





Zawgyi

ပန်းကန်ထိုင်ဆေးနေတဲ့ဓာတ်ပုံကြောင့် နာမည်ကျော်ကြားခဲ့ပြီး ကောင်လေးဆီမှ တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ရရှိခဲ့တဲ့ ကောင်မလေး

Vu Thi Thuy Duong အမည်ရှိ မိန်းကလေးငယ်ဟာ ဗီယက်နမ်နိုင်ငံ Hai Duong ဇာတိမြို့မှာ မွေးဖွားခဲ့ပြီး သူမရဲ့ ရုတ်တရက်ကျော်ကြားမှုနဲ့ ပတ်သက်ပြီး အလွန်အံ့သြသွားခဲ့ရပါတယ် ။ သူမဟာ သူမရည်းစားရဲ့ ဇာတိမြို့ကို သွားလည်တဲ့နေ့မှာ တစ်မိသားစုလုံးကအလုပ်များနေတာကြောင့် စားပြီးတဲ့ ပန်းကန်တွေ ပုံထားခဲ့ကြပါတယ် ။ ထိုပန်းကန်းများကိုမြင်ပြီး သူမက ထိုင်ပြီးပန်းကန်ဆေးရန်ကူညီခဲ့ရာကနေ သူမရဲ့ ပန်းကန်ထိုင်ဆေးနေတဲ့ပုံကြောင့် ကျော်ကြားသွားခဲ့ပါတယ် ။ ထိုအချိန်က အွန်လိုင်းအသိုင်းအဝိုင်းမှာ Thuy Duong ရဲ့ ချစ်စဖွယ်အသွင်အပြင်နဲ့ပတ်သက်ပြီး ချီးကျူးစကားများစွာ ပြောကြားခဲ့ပါတယ် ။ အဲ့ဒီကနေစပြီး သူမဟာ အဝတ်စတိုးဆိုင်တွေအတွက် မော်ဒယ်လုပ်ပြီး အလှကုန်အမှတ်တံဆိပ်များစွာအတွက်ကြော်ငြာလုပ်ခဲ့ပါတယ် ။

မကြာသေးမီကဘဲ “ ပန်းကန်ဆေးတဲ့မိန်းကလေး” ဟာ သူမရဲ့ ချစ်သူဆီမှ ဒေါင် ရ ဘီလီယံကျော် တန်ဖိုးရှိသော ဇိမ်ခံကားတစ်စီးကို လက်ဆောင်ရရှိတဲ့အခါ သူမအရမ်းပျော်သွားခဲ့ပါတယ် ။ ဒါဟာလက်ထပ်မယ့်အခါသမယမှာ Thuy Duong ချစ်သူရဲ့မိသားစုက မင်္ဂလာလက်ဆောင်တစ်ခု ဖြစ်ပါတယ် ။ Thuy Duong ရဲ့ကောင်လေးက သူမထက်အများကြီး အသက်ကြီးတဲ့အတွက် အလွန်ရင့်ကျက်ပြီး သူမအပေါ် အပြည့်အဝနားလည်းပေးနိုင်တယ်လို့ ပြောပါတယ် ။ သူတို့နှစ်ယောက်ရဲ့အချစ်ကို မိသားစုတွေ သဘောတူကြပါတယ် ။ သူတို့လက်ထပ်ဖို့စီစဉ်ခဲ့ပေမဲ့ ရောဂါကြောင့် မင်္ဂလာပွဲရွှေ့ဆိုင်းခဲ့က့ါတယ် ။

လက်ရှိမှာ Thuy Duong ရဲ့အချစ်ဇာတ်လမ်းများနဲ့ အံ့သြဖွယ်ကောင်းတဲ့ မင်္ဂလာလက်ဆောင်များကို ဝေမျှခြင်းကြောင့် netizen များထံမှ များစွာအာရုံစိုက်ခြင်းကို ခံနေရဆဲဖြစ်ပါတယ် ။ အမှန်တော့ သူမဟာ သူမချစ်သူရဲ့မိသားစုတစ်စုလုံးဆီမှ အချစ်ခံရပြီး သူမအရမ်းကံကောင်းခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ Thuy Duong လိုလှပတဲ့ကောင်မလေးဟာ ဒီလိုပန်းကန်တွေကိုထိုင်နိုင်တဲ့ သူမရဲ့စိတ်အဆင့်က သူမဟာ အတော်လေးအလုပ်ကြိုးစားတဲ့ ကောင်မလေးဆိုတာ နားလည်နိုင်ပါတယ် ။

Crd