TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ပတ်တီးစီးထားတဲ့နားရွက်ပါတဲ့ ပုံတူပန်းချီကိုဆွဲခဲ့ပြီး အပြင်မှာလည်းနားရွက်ကိုဖျက်စီးခဲ့သည့်သူ

ဗင်းဆင့် ဗန်ဂိုး အမည်ရှိ နာမည်ကျော် ဒက်ခ်ျလူမျိုး ပန်းချီဆရာဟာ “Starry Night” အမည်ရှိ ပန်းချီကားဖြင့်ကျော်ကြားခဲ့သူဖြစ်ပြီး သူဟာ ၂၀ ရာစု ပန်းချီလောကကို အများဆုံး လွှမ်းမိုးထားတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ ပတ်တီးစီးထားတဲ့ နားရွက်ပါတဲ့ ပုံတူပန်းချီဟာဆိုရင် ပန်းချီဆရာဟာ ပုံရဲ့ လေးပုံမှာ သုံးပုံ ခန့် အဝါရောင်အိမ်ထဲမှာ ဒဏ်ရာရတဲ့နားရွက်တစ်ဖက်နှင့်အတူ မတ်တပ်ရပ်နေတာပါ။

တကယ်တမ်းတော့ သူဟာ သူ့ရဲ့နားရွက်ဘယ်ဘက်ကိုဖြတ်တောက်ခဲ့တာပါ။
ဒါပေမယ့် ဒီလိုကွာဟမှုကို ဗန်ဂိုးဟာ သူ့ရဲ့ပုံတူကိုဆွဲဖို့အတွက် မှန်ကိုအသုံးပြုခဲ့တယ်လို့ ဖြေရှင်းထားပါတယ်။

ဗန်ဂိုး အတွက်တော့ သူ့ရဲ့ နားကို ကိုယ်တိုင်ဖြတ်ဖို့ဆိုတာက ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း သမိုင်းအထောက်အထားအရ သူဟာ ပန်းချီဆွဲနေတဲ့အချိန်မှာ အင်မတန်ကို ဒုက္ခရောက်နေပြီး စိတ်မနှံ့ဖြစ်နေတယ်လို့ရှင်းပြထားပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext