■ပင်လယ်ပြင်မှပင်လယ်ဓားပြများအတွက် သီးသန့်ပြုလုပ်ထားသော ပုံမှန်မဟုတ်သောရမ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပင်လယ်ပြင်မှပင်လယ်ဓားပြများအတွက် သီးသန့်ပြုလုပ်ထားသော ပုံမှန်မဟုတ်သောရမ်

Captain Morgan, Sailor Jerry, နဲ့ Kraken လိုမျိုး အရက်တွေက ပင်လယ်ဓားပြတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး ပုံမှန် ရမ်တွေနှင့် မှားတတ်ပါတယ်။ ပင်လယ်သမုဒ္ဒရာ ခုနစ်ခုကိုအလီလီ အခေါက်ခေါက်သွားနေရတဲ့ပင်လယ်ဓားပြတွေဟာ ဂရော့ဂ်လို့ခေါ်တဲ့ အရက်ကို သောက်ရတာကြိုက်ကြပါတယ်။

ဒီအရက်ဟာ ဗြိတိန်သင်္ဘောသားတွေစတင်တီထွင်ခဲ့တာဖြစ်ပြီး သူတို့ဟာ ရမ်နှင့်ရေကို အချိုးကျရောကာ ရေဓာတ်မကုန်စေဖို့အတွက်တီထွင်ထားကြတာဖြစ်ပါတယ်။

ပင်လယ်ဓားပြတွေက အဖျော်ယမကာနှင့်ပတ်သက်လို့ သူတို့ကိုယ်တိုင် ထွင်ထားတာတွေလည်းရှိကာ သူတို့ဟာ ရောစပ်ထားတဲ့ အရည်ထဲကို သကြားတွေ သံပုရာသီးတွေထည့်ပြီး သောက်ကြတာပါ။

ဒီလိုမျိုး သံပရာစိတ်ထည့်သောက်ခြင်းဟာ ဗိုက်တာမင်စီလျော့နည်းမှုကို ကာကွယ်ပေးပါတယ်။ ဒီရောဂါကတော့ ပင်လယ်ဓားပြတွေမှာ အဖြစ်များပါတယ်။

ပင်လယ်ဓားပြတွေဟာ ကာရေဘီယန်ပင်လယ်ထဲမှာ သူ့နည်းသူ့ဟန်နှင့် အတူ ရွက်လွှင့်နေတတ်ကြတာမို့ ရမ်အရက်ဟာ သူတို့မှာ လုံလုံလောက်လောက်ရှိပြီး။ ရမ်ဟာလည်း သူတို့ဖျော်သောက်တဲ့ အရက်ရဲ့ အခြေခံဖြစ်ကာ တကယ်လို့ သကြား၊ ရေနှင့် သံပုရာသီးတွေ မရှိတော့ရင်တော့ ပင်လယ်ဓားပြတွေဟာ ရမ်ထဲကို တွေ့သမျှ အရည်ရောပြီး ခံနိုင်ရည်ရှိအောင် သောက်ကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi


■ပင်လယ်ပြင်မှပင်လယ်ဓားပြများအတွက် သီးသန့်ပြုလုပ်ထားသော ပုံမှန်ဟုတ်သောရမ်





Ref:youtube
Trans:thegeektext