■ပင်လယ်ဓားပြများရဲ့ သင်္ကေတများဖြစ်သော အလံများရဲ့အဓိပ္ပာယ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပင်လယ်ဓားပြများရဲ့ သင်္ကေတများဖြစ်သော အလံများရဲ့အဓိပ္ပာယ်

အရိုးခေါင်းနှင့်အတူ ဓားနှစ်ချောင်းကြက်ခြေခတ်ထားတဲ့ ပုံမှာ ပင်လယ်ဓားပြတွေရဲ့ သင်္ကေတလိုဖြစ်နေပါပြီ။ လူသိများတဲ့ ဂျိုလီရော်ဂျာအလံကစလို့ ဒီသင်္ကေတတွေဟာ သင်္ဘောတစ်ခုနှင့်တစ်ခု ကွဲပြားကြပါတယ်။ ဥပမာBlackbeardမုတ်ဆိတ်နက် ရဲ့သင်္ဘောမှာတော့ အရိုးစုဟာ နတ်ဆိုးကို အားပေးတဲ့ အနေဖြင့် တစ်ဖက်မှာ ခွက်ကိုမြှောက်ပင့်ထားပြီး နောက်တစ်ဖက်မှာ သွေးတွေကျနေတဲ့ နှလုံးကိုလုံဖြင့်ထိုးထားတဲ့ အလံကို အသုံးပြုထားတာပါ။

တစ်ခြား သင်္ဘောတွေကတော့ သဲနာရီတွေ အရိုးခေါင်းတွေ သို့မဟုတ် အရိုးစုခေါင်းပေါ်မတ်တပ်ရပ်နေတဲ့ လူတွေလို သင်္ကေတတွေအသုံးပြုကြပါတယ်။ ဒါပေမယ့် လည်း ဂျိုလီရော်ဂျာအလံလိုမျိုး ပင်လယ်ဓားပြရဲ့ သင်္ဘောကတော့ သင်္ဘောသားတစ်ယောက်ဟာ ပင်လယ်ဓားပြလှေမှန်းမသိရလောက်အောင် အမျိုးအစားမကွဲသလို မထင်ရှားဘူးဆိုတာ မဖြစ်နိုင်ပါဘူး။

သူ့ရဲ့အလံကတော့ အခြားသော အရိုးခေါင်းတွေမပါပဲ ကတ္တီပါအနီရောင်ရှိတဲ့အလံပဲဖြစ်ပါတယ်။ သွေးနီရောင်အလံကတော့ သူတို့ နယ်ပယ်ထဲမှာရှိတဲ့ သင်္ဘောတွေကို သတိပေးတဲ့ အလံဖြစ်ပြီး တိုက်ခိုက်တဲ့သင်္ဘောဟာလုံးဝငဲ့ညှာပေးမှာ မဟုတ်ဘူးဆိုတဲ့ သဘောတရားပဲဖြစ်ပါတယ်။ ထို့အတူ ပင်လယ်ဓားပြတွေဟာ သင်္ဘောပေါ်ကလူတွေအားလုံးကိုသတ်ပစ်မှာဖြစ်ပြီး ဘယ်သူ့ကိုမှ အကျဥ်းသားအဖြစ်ခေါ်သွားမှာ မဟုတ်ဘူးလို့လည်း အဓိပ္ပာယ်ရပါတယ်။

တကယ်တမ်းမှာတော့ ဒီလို အနီရောင်အလံကို ဂျိုလီရော်ဂျာလို့ နာမည်ပေးရတဲ့ သီအိုရီတစ်ခုရှိပါတယ်။ ပြင်သစ်ပင်လယ်ဓားပြတွေဟာ အရမ်းနီတယ် လို့ အဓိပ္ပာယ်ရတဲ့ ဂျိုလီရုတ်ဒ်ဆိုတဲ့ အနီရောင် အလံနှင့်အတူ ရွက်လွှင့်ခဲ့ကြကာ။ ထို့အတူ ၄င်းဟာလည်း ဂျိုလီရော့်ဂျာနှင့် အသံ သွားတူနေခဲ့ပါတယ်။

ဒါပေမယ့်လည်း သမိုင်းမှာတော့ ဒီအထောက်အထားနှစ်ခုဟာ ဆက်စပ်နေတယ်လို့ မပြောနိုင်ပါဘူး။ ဒီလို ကြောက်ဖို့ကောင်းတဲ့ အနီရောင်အလံရဲ့နာမည်ဆိုးတွေကြောင့်ပဲ သင်္ဘောသားတွေဟာ အရိုးခေါင်းနှင့် အရိုးတွေပါတဲ့ အလံကို တွေ့တာနဲ့ပဲ ရေထဲကို ခုန်ချကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext