■ပင်လယ်ဓားပြများရဲ့နားပေါ်မှာဝင်းနေတာထက်ပိုတဲ့ရည်ရွယ်ချက်ရှိသော နားဆွဲ၊နားကွင်းများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ပင်လယ်ဓားပြများရဲ့နားပေါ်မှာဝင်းနေတာထက်ပိုတဲ့ရည်ရွယ်ချက်ရှိသော နားဆွဲ၊နားကွင်းများ

ဦးထုပ်အကြီးကြီးတွေ၊ ခြေတုစွပ်ထားတဲ့ခြေထောက်၊ မျက်လုံးအကာတွေနှင့် ရမ်ပုလင်းတစ်ပုလင်းတွေဟာပင်လယ်ဓားပြတစ်ယောက်အတွက် တူညီတဲ့ လက်ဝတ်လက်စားတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ တန်ဖိုးအထားဆုံးအရာကတော့ နားပေါက်တွေပဲဖြစ်ပါတယ်။

သူတို့နားပေါက်မှာ တပ်ထားတဲ့ နားကွင်းတွေကတော့ ပင်လယ်ဓားပြရဲ့ နားတွေပေါ်မှာ ဝင်းနေတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေရှိပြီး ပထမဆုံးအနေဖြင့် သူတို့ဟာ ကာကွယ်ခြင်းကို လုပ်ဆောင်ပေးပါတယ်။ သင်္ဘောတွေပေါ်မှာပါတဲ့ အမြှောက်တွေဟာ အလွန်ကျယ်လောင်တာကြောင့်ပင်လယ်ဓားပြတွေရဲ့ နားစည်ကို ထိခိုက်နိုင်ကာ ဒါကိုကာကွယ်ဖို့ ပင်လယ်ဓားပြတွေဟာ သူတို့ရဲ့ နားဆွဲတွေမှာ ပျားဖယောင်းကို တပ်ဆင်ထားပြီးတော့ လက်နက်မပစ်မှီမှာ နားအကာလိုမျိုး နားအဝမှာ စွပ်ထားတတ်ကြပါတယ်။

နားဆွဲတွေက ပင်လယ်ဓားပြတွေ မမျှော်လင့်ပဲ ဆုံးပါးတတ်ကြလို့ အာမခံအနေနဲ့လည်း စွမ်းဆောင်ပေးတာပါ။ သူတို့ဟာ ပင်လယ်ကနေ မခွဲခွာချင်တာကြောင့် ဆုံးပါးသွားတဲ့ ပင်လယ်ဓားပြတွေရဲ့ ဇာပနအခမ်းအနားကို သူ့ရဲ့နားဆွဲကို ရောင်းချပြီးပြုလုပ်ပေးကြပါတယ်။

တစ်ချို့တွေဆိုရင် သူတို့နားဆွဲရှိရာ ဝေးလံခေါင်သီတဲ့ အရပ်ကိုတောင်သွားကြရတာပါ။ ဒါကတော့ သူတို့ဆုံးပါးရင်တောင်မှကိုယ့်အိမ်ကိုယ့်မြေမှာပဲခြေချကြမယ်လို့ အာမခံထားတာပဲဖြစ်ပါတယ်။ ဒီနားဆွဲတွေက ပင်လယ်ဓားပြတွေကို သူတ်ို့အသိုင်းအဝိုင်းမှာ အင်အားကြီးစေဖို့အတွက် ပြုလုပ်တဲ့နေရာမှာ အသုံးပြုကြပါသေးတယ်။

လူအများစုကတော့ နားကွင်းတွေဟာ အမြင်အာရုံကိုပိုကောင်းအောင်လုပ်ဆောင်ပေးတယ် တစ်ချို့တွေကတော့ ပင်လယ်ကြီးပဲတွေ့ရရင် ဖြစ်တတ်တဲ့ရောဂါကို သက်သာစေတယ်လို့ ယုံကြည်ပါတယ်။ တစ်ချို့ဆိုရင် ရွှေရောင်နားဆွဲတွေဟာ ရေမနစ်အောင်လည်း ကာကွယ်ပေးပါတယ်တဲ့။ ဒါပေမယ့်လည်း ဒီလိုယုံကြည်မှုတွေထဲက နောက်ဆုံးတစ်ခုဟာ အချိန်နှင်အမျှကြာလာတဲ့အခါမှာတော့ မှန်ကန်ကြောင်းသက်သေမပြနိုင်ခဲ့ပါဘူး။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ပင္လယ္ဓားျပမ်ားရဲ့နားေပၚမွာဝင္းေနတာထက္ပိုတဲ့ရည္ရြယ္ခ်က္ရွိေသာ နားဆြဲ၊နားကြင္းမ်ား

ဦးထုပ္အႀကီးႀကီးေတြ၊ ေျခတုစြပ္ထားတဲ့ေျခေထာက္၊ မ်က္လုံးအကာေတြႏွင့္ ရမ္ပုလင္းတစ္ပုလင္းေတြဟာပင္လယ္ဓားျပတစ္ေယာက္အတြက္ တူညီတဲ့ လက္ဝတ္လက္စားေတြပဲျဖစ္ပါတယ္။ သူတို႔ရဲ့ တန္ဖိုးအထားဆုံးအရာကေတာ့ နားေပါက္ေတြပဲျဖစ္ပါတယ္။

သူတို႔နားေပါက္မွာ တပ္ထားတဲ့ နားကြင္းေတြကေတာ့ ပင္လယ္ဓားျပရဲ့ နားေတြေပၚမွာ ဝင္းေနတာထက္ပိုတဲ့ ရည္ရြယ္ခ်က္ေတြရွိၿပီး ပထမဆုံးအေနျဖင့္ သူတို႔ဟာ ကာကြယ္ျခင္းကို လုပ္ေဆာင္ေပးပါတယ္။ သေဘၤာေတြေပၚမွာပါတဲ့ အေျမႇာက္ေတြဟာ အလြန္က်ယ္ေလာင္တာေၾကာင့္ပင္လယ္ဓားျပေတြရဲ့ နားစည္ကို ထိခိုက္နိုင္ကာ ဒါကိုကာကြယ္ဖို႔ ပင္လယ္ဓားျပေတြဟာ သူတို႔ရဲ့ နားဆြဲေတြမွာ ပ်ားဖေယာင္းကို တပ္ဆင္ထားၿပီးေတာ့ လက္နက္မပစ္မွီမွာ နားအကာလိုမ်ိဳး နားအဝမွာ စြပ္ထားတတ္ၾကပါတယ္။

နားဆြဲေတြက ပင္လယ္ဓားျပေတြ မေမၽွာ္လင့္ပဲ ဆုံးပါးတတ္ၾကလို႔ အာမခံအေနနဲ႔လည္း စြမ္းေဆာင္ေပးတာပါ။ သူတို႔ဟာ ပင္လယ္ကေန မခြဲခြာခ်င္တာေၾကာင့္ ဆုံးပါးသြားတဲ့ ပင္လယ္ဓားျပေတြရဲ့ ဇာပနအခမ္းအနားကို သူ႔ရဲ့နားဆြဲကို ေရာင္းခ်ၿပီးျပဳလုပ္ေပးၾကပါတယ္။

တစ္ခ်ိဳ႕ေတြဆိုရင္ သူတို႔နားဆြဲရွိရာ ေဝးလံေခါင္သီတဲ့ အရပ္ကိုေတာင္သြားၾကရတာပါ။ ဒါကေတာ့ သူတို႔ဆုံးပါးရင္ေတာင္မွကိုယ့္အိမ္ကိုယ့္ေျမမွာပဲေျခခ်ၾကမယ္လို႔ အာမခံထားတာပဲျဖစ္ပါတယ္။ ဒီနားဆြဲေတြက ပင္လယ္ဓားျပေတြကို သူတ္ို႔အသိုင္းအဝိုင္းမွာ အင္အားႀကီးေစဖို႔အတြက္ ျပဳလုပ္တဲ့ေနရာမွာ အသုံးျပဳၾကပါေသးတယ္။

လူအမ်ားစုကေတာ့ နားကြင္းေတြဟာ အျမင္အာ႐ုံကိုပိုေကာင္းေအာင္လုပ္ေဆာင္ေပးတယ္ တစ္ခ်ိဳ႕ေတြကေတာ့ ပင္လယ္ႀကီးပဲေတြ႕ရရင္ ျဖစ္တတ္တဲ့ေရာဂါကို သက္သာေစတယ္လို႔ ယုံၾကည္ပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ ေရႊေရာင္နားဆြဲေတြဟာ ေရမနစ္ေအာင္လည္း ကာကြယ္ေပးပါတယ္တဲ့။ ဒါေပမယ့္လည္း ဒီလိုယုံၾကည္မႈေတြထဲက ေနာက္ဆုံးတစ္ခုဟာ အခ်ိန္ႏွင္အမၽွၾကာလာတဲ့အခါမွာေတာ့ မွန္ကန္ေၾကာင္းသက္ေသမျပနိုင္ခဲ့ပါဘူး။
Ref:youtube
Trans:thegeektext