■နှစ်အလိုက်အဆင့်ဆင့်ပြုလုပ်ခဲ့သော နိုင်ငံ့ယာဥ်ပျံများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နှစ်အလိုက်အဆင့်ဆင့်ပြုလုပ်ခဲ့သော နိုင်ငံ့ယာဥ်ပျံများ

ဧရိယာ ၅၁ ရဲ့ သမိုင်းပညာရှင် အန်နီဂျေကော့ဘ်စင်ရဲ့စကားအရ ကမ္ဘာ့အဆင့်မြင့် သူလျှိုဆိုင်ရာ ပရိုဂရမ်များကို လျှို့ဝှက်နေရာတွေမှာ လုပ်ဆောင်ကြတယ်လို့ဆိုပါတယ်။ တရားဝင်သတင်းအချက်အလက်တွေကတော့ ရဖို့ ခက်ခဲပါသေးတယ်။ ဒီသတင်းတွေကို သိတဲ့သူတွေကလည်း ဘယ်သူကိုမျှ မပြောပြပါဘူး။ သေချာတာကတော့ အမေရိကန်ပြည်ထောင်စုအစိုးရက Area 51 ကို အဆင့်မြင့် ယာဉ်ပျံများကို စမ်းသပ်ပျံသန်းတဲ့နေရာမှာ အသုံးပြုခဲ့ပြီး ယနေ့ထိတိုင် ပြုလုပ်နေဆဲပါ။


လေ့လာစမ်းသပ်ချက်တွေရဲ့အစကတော့ ၁၉၅၀ ဝန်းကျင်ကU2 dragon lady spy plane ဖြစ်ပြီး စစ်အေးကာလရဲ့ အထွတ်အထိပ်အချိန်မှာပဲဖြစ်ပါတယ်။ ၁၉၅၇ ခုနစ်မှာတော့ အခြေစိုက်စခန်းက အော့က်စကတ်လို့ခေါ်တဲ့ ပရောဂျက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လေယာဉ်ပျံတွေကို စမ်းသပ်ခဲ့ပါတယ်။ ၎င်းတို့ဟာ နာဗာဒါကန္တာရမှာ ပျံသန်းခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံးလေယာဉ်နှစ်စီးဖြစ်ပြီး တစ်ယောက်စီး အာခ်အိန်ဂျယ် ၁၂ နှင့် ၂ ယောက်စီး sr 71 ဘလက်ဘတ်ခ် ပဲဖြစ်ပါတယ်။


A12 ရဲ့ အမြန်နှုန်းကတော့ Mach 3.2 ဖြစ်ပြီး အယ်လ်တီကျု့ဒ်ဟာ ပေပေါင်း ၉၀,၀၀၀ ခန့်ရှိကာ။၎င်းဟာ တစ်နာရီကို မိုင် ပေါင်း ၂၂၀၀ ကျော်အထိ သွားနိုင်တယ်လို့ဆိုလိုတာပါ။ သူဟာ ပုံမှန် လေယာဉ် A 380 ထက် ၃ ဆလောက်မြန်ပါတယ်။ ဒီလို လေယာဉ်မျိုးကို စမ်းသပ်ပျံသန်းထားတာဟာ နိုင်ငံအတွင်းမှာရှိတဲ့ တစ်ခြားအရာတွေနှင့် မတူပါဘူး။ Area 51 ကို အခြားသော စစ်ရေးသုံး လေယာဉ်တွေကို စစ်ဆေးတဲ့နေရာမှာလည်းအသုံးပြုပါတယ်။

ဆိုဗီယက်နိုင်ငံက MIG 21 ဂျက်ဖိုက်တာလို လေယာဉ်မျိုးပါ။ အမေရိကန်စစ်ရေးစစ်ရာဌာနကသူတို့ရန်သူရဲ့ လေယာဉ်တွေကို ဘယ်လို အလုပ်လုပ်လဲဆိုတာ သိဖို့အတွက် ပြောင်းပြန်လေ့လာတဲ့ အင်ဂျင်နီယာနည်းလမ်းကို အသုံးပြုခဲ့ပြီး ၎င်းတို့ကို အမေရိကန်စစ်တပ်သုံးလေယာဉ်တွေနှင့် နှိုင်းယှဉ်ခဲ့ပါတယ်။


၁၉၇၀ ခုနှစ်တွေမှာတော့ Area 51 က နိုင်ငံရဲ့ လေယာဉ်တွေဖြစ်တဲ့ F117 နိုက်ဟော့ခ်လေယာဉ်တွေကိုပဲ စမ်းသပ်ပြီး တီထွင်နေတာပါ။


ဒီလို ယာဉ်ပျံတွေရဲ့ တည်ဆောက်ပုံတွေကိုကြည့်ရရင် သူတို့ရဲ့ ဘူမရန်းပုံစံတွေက ပြည်သူတွေကိုအာကာသယာဉ်ပျံလို့အထင်မှားစေပြီး ၎င်းဟာ ၂၀ ရာစုအလယ်ပိုင်းကတည်းကဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi


■Area 51မှာစမ်းသပ်မှုတွေပြုလုပ်ခဲ့ရသော နိုင်ငံ့ယာဉ်ပျံများ






Ref:youtube
Trans:thegeektext