နှစ်ပေါင်း (၅၀) ကျော်တိုင်‌အောင် နာမည်ကျော်နေဆဲ မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ

နှစ်ပေါင်း (၅၀) ကျော်တိုင်‌အောင် နာမည်ကျော်နေဆဲ ဟောင်ကောင်က မြွေစွပ်ပြုတ်ရောင်းတဲ့ မြွေဘုရင်မ..

အစားသောက်နဲ့ပတ်သက်လာရင် တရုတ်​လူမျိုးတွေက အစုံစားသူ​တွေလို့ ကမ္ဘာမှာ နာမည်​ကျော်ပါတယ်။ တရုတ်တွေဟာ မြွေသားကို ၁၆ ရာစုတည်းက စတင်စားသုံးခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တုန်းကဆိုရင် ဟော​င်​ကောင်မှာ မြွေသားစွပ်ပြုတ်ဆိုင်​ပေါင်း ရာနဲ့ချီပြီးရှိပါတယ်။ တရုတ်တွေဟာ မြွေသားစွပ်ပြုတ်ကို ဆောင်းရာသီမှာ အစားများကြပါတယ်။

ဟောင်​ကောင်က မြွေသားစွပ်ပြုတ်ဆိုင်ပိုင်ရှင် ချောင်ကာလင်ဆိုသူဟာ မြွေ​တွေကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ပိုင်နိုင်ကျွမ်းကျင်တာ​ကြောင့် မြွေဘုရင်မဆိုတဲ့ ဘွဲ့ကို ရရှိထားပါတယ်။

ချောင်ကာလင်ဟာ ငယ်စဉ်က ကျောင်းစာကို စိတ်ပါဝင်စားမှုနည်းခဲ့ပြီး သူ့အ​​ဖေရဲ့ဆိုင်မှာ အချိန်ကုန်တာများခဲ့ပါတယ်။ သူ့အ​ဖေရဲ့ မြွေကို ကိုင်တွယ်ချက်ပြုတ်ပုံ​တွေကို မျက်​​ရေးဝ​နေတဲ့ ချောင်ဟာ သူကိုယ်တိုင် ဆိုင်ကို ဦးစီးလုပ်ကိုင်ရချိန်မှာ​တော့ သူတို့ရဲ့ဆိုင်ဟာ ဟောင်ကောင်တခွင်မှာ နာမည်​ကျော်လာခဲ့ပါတယ်။

မြွေသားကို ခပ်ပါးပါးလွှာပြီး ကြက်ရိုး၊ ဝက်ရိုး​တွေနဲ့ ရောပြုတ်ထားတဲ့ စွပ်ပြုတ်ဟာ အနံ့အရသာမှာ ပြည့်စုံလွန်းလှတာကြောင့် နာမည်​ကျော် TV Show တွေမှာလည်း မကြာခဏဆိုသလို ဖော်ပြခြင်းခံခဲ့ရပါတယ်။

ချောင်ကာလင်ဟာ ဒီလုပ်ငန်းကို ၁၉၇၀ ခုနှစ်ဝန်းကျင်တည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်​ပေါင်း ၅၀ ကျော်တိုင်အောင် ရှိပါပြီ။ လူ​နေအိမ်​ခြေချဲ့ထွင်မှု​တွေ၊ အလွန်အကျွံအမဲလိုက်မှု​တွေနဲ့ တောမီးရှို့မှု​​တွေ​ကြောင့် တောရိုင်း​မြွေ​တွေ ရှားပါးလာပြီး ဟော​င်ကောင်မှာလည်း မြွေသားစွပ်ပြုတ်ဆိုင် ၂၀ ဝန်းကျင်လောက်သာ ကျန်ရှိပါ​တော့တယ်။

ချောင်ကာလင်က​တော့ မြို့ပြထဲကို နယ်ကျွံလာတဲ့​ တော​​မြွေ​တွေကို ဖမ်းဆီးရင်း သူ့ရဲ့ စွပ်ပြုတ်ဆိုင်​လေးကို ယနေ့တိုင် ဆက်လက်ဦးစီးလုပ်ကိုင်လျက် ရှိပါတယ်။ (Nine Thuwun)

4

Crd