■နှစ်ပေါင်း ၂၀၀၀ ကျော်လောက် သူ့ရဲ့ပိုင်ရှင်နဲ့အတူ မြှုပ်နှံခံထားရသော်လည်း သံချေးတတ်ခြင်းမရှိသော‌ဂေါ်ဂျန်ဓား

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နှစ်ပေါင်း ၂၀၀၀ ကျော်လောက် သူ့ရဲ့ပိုင်ရှင်နဲ့အတူ မြှုပ်နှံခံထားရသော်လည်း သံချေးတတ်ခြင်းမရှိသော‌ဂေါ်ဂျန်ဓား

ဂေါ်ဂျန်ဓါးကတော့ ရှာဖွေတွေ့ရှိမှုတွေထဲကမှ အကောင်းဆုံးမူလအခြေအနေကို ထိန်းသိမ်းထားနိုင်တဲ့ ဓါးပါ။

ဓါးဟာ သင်္ချိုင်းဂူထဲမှာ နှစ်ပေါင်း ၂၀၀၀ ကျော်လောက် သူ့ရဲ့ပိုင်ရှင်နဲ့အတူ မြှုပ်နှံထားခံရပြီး ပိုင်ရှင်ကတော့ တရုတ်ပြည်ဘုရင် ဂေါ်ဂျန်ဘုရင်ပါ။

ဓါးက ထောင်စု နှစ်ခုလောက် မြေအောက်ဂူသင်္ချိုင်းမှာ လှဲလျောင်းနေခဲ့ပြီ ဖြစ်ပေမဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကို အံ့ဩစေခဲ့တာကတော့ ဓါးသွားတွေက ထက်မြနေဆဲဖြစ်ပြီး ဓါးဟာသတ္တုစပ်များစွာပါဝင်နေပေမဲ့ ကြေးဝါးကအများစုပါဝင်နေတာပါ။

ကွဲအက်သွားတဲ့နေရာတွေကနေ တားဆီးမှုဖြစ်ပြီး ဓါးသွားစွန်းတွေကိုတော့ သံဖြူဒြပ်စင် နဲ့ပြုလုပ်ပြီး ထက်မြမှုတွေကို ထိန်းသိမ်းထားခဲ့ပါတယ်။သံဖြူနဲ့ ကြေးဟာ ဓါးသွားကို သံချေးတက်ခြင်းမှ ကာကွယ်နိုင်ခဲ့ပါတယ်။

နောက်ထပ်ထူးခြားတာတစ်ခုကတော့ သင်္ချိုင်းဂူဟာ အမြဲမပြတ်စီးဆင်းနေတဲ့ ဂျင်းမြစ်နားမှာ ဖြစ်ပြီး ဓါးဟာ ရေနဲ့အတူနီးကပ်စွာ နှစ်ပေါင်းနှစ်ထောင်လောက် အတူရှိနေခဲ့တာဖြစ်ပေမဲ့ မပျက်စီးတာကတော့ လေလုံတဲ့ ဓါးအိမ်ထဲမှာ ထည့်ထားတာကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ေလာက္ သူ႔ရဲ့ပိုင္ရွင္နဲ႔အတူ ျမႇုပ္ႏွံခံထားရေသာ္လည္း သံေခ်းတတ္ျခင္းမရွိေသာ‌ေဂၚဂ်န္ဓား

ေဂၚဂ်န္ဓါးကေတာ့ ရွာေဖြေတြ႕ရွိမႈေတြထဲကမွ အေကာင္းဆုံးမူလအေျခအေနကို ထိန္းသိမ္းထားနိုင္တဲ့ ဓါးပါ။

ဓါးဟာ သခၤ်ိဳင္းဂူထဲမွာ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ေလာက္ သူ႔ရဲ့ပိုင္ရွင္နဲ႔အတူ ျမႇုပ္ႏွံထားခံရၿပီး ပိုင္ရွင္ကေတာ့ တ႐ုတ္ျပည္ဘုရင္ ေဂၚဂ်န္ဘုရင္ပါ။

ဓါးက ေထာင္စု ႏွစ္ခုေလာက္ ေျမေအာက္ဂူသခၤ်ိဳင္းမွာ လွဲေလ်ာင္းေနခဲ့ၿပီ ျဖစ္ေပမဲ့ ေရွးေဟာင္းသုေတသနပညာရွင္ေတြကို အံ့ဩေစခဲ့တာကေတာ့ ဓါးသြားေတြက ထက္ျမေနဆဲျဖစ္ၿပီး ဓါးဟာသတၱဳစပ္မ်ားစြာပါဝင္ေနေပမဲ့ ေၾကးဝါးကအမ်ားစုပါဝင္ေနတာပါ။

ကြဲအက္သြားတဲ့ေနရာေတြကေန တားဆီးမႈျဖစ္ၿပီး ဓါးသြားစြန္းေတြကိုေတာ့ သံျဖဴျဒပ္စင္ နဲ႔ျပဳလုပ္ၿပီး ထက္ျမမႈေတြကို ထိန္းသိမ္းထားခဲ့ပါတယ္။သံျဖဴနဲ႔ ေၾကးဟာ ဓါးသြားကို သံေခ်းတက္ျခင္းမွ ကာကြယ္နိုင္ခဲ့ပါတယ္။

ေနာက္ထပ္ထူးျခားတာတစ္ခုကေတာ့ သခၤ်ိဳင္းဂူဟာ အျမဲမျပတ္စီးဆင္းေနတဲ့ ဂ်င္းျမစ္နားမွာ ျဖစ္ၿပီး ဓါးဟာ ေရနဲ႔အတူနီးကပ္စြာ ႏွစ္ေပါင္းႏွစ္ေထာင္ေလာက္ အတူရွိေနခဲ့တာျဖစ္ေပမဲ့ မပ်က္စီးတာကေတာ့ ေလလုံတဲ့ ဓါးအိမ္ထဲမွာ ထည့္ထားတာေၾကာင့္ ျဖစ္တယ္လို႔ ပညာရွင္ေတြက ခန႔္မွန္းထားပါတယ္။
Ref:youtube
Trans:thegeektext