နွားဦးတိုက်ဆရာတော်ဆိုပြီး နယ်လှည့်တရားဟော နေတာမြင်တော့ အဲ့ဒီနွားကို သနားမိတာပဲ ဒူးလေးထောက်ပြီး ဘယ်လောက်ညောင်းနေလောက်မလဲလို့။ နွားတစ်ကောင် ဒူးထောက်ဖို့ လပိုင်းပဲ သင်ရပါတယ် ဘယ်လိုသင်ရသလဲ?
တရားပွဲမှာ နွားဦးတိုက်ပြဖို့ နွားခြေကြွခက သုံးသိန်းပေးရသေးတယ်။ ရိုးမထဲမှာ သစ်ဆွဲတဲ့အခါ သစ်လုံးရဲ့နဖားကို သံကြိုးချိတ်ဖို့ နွားတွေကို ဒူးထောက်ခိုင်းရပါတယ်။ အဲ့လိုထောက်တတ်ဖို့ ခိုင်းစအရွယ်ထဲက နွားလက်ရဲ့အဆစ်တွေကို တူနဲ့ ခေါက်ပေးရပါတယ်။ နွားဖျင်းရင် အဆစ်မှာပြည်တည်တဲ့အထိ ခေါက်ပေးရပါတယ်။ နာလွန်းလို့ နွားဟာ “ထောက်စမ်း” လို့ အော်လိုက်တာနဲ့ သခင်က မထမခိုင်းမခြင်း မထရဲတော့ဘူး။
သူများနိုင်ငံတွေမှာ ကျားတွေ ဆင်တွေ ခြင်္သေ့တွေကိုတောင် ဒူးထောက်ခိုင်း ရှိခိုးခိုင်းပြီးပြနေတာတွေ နည်းတာမှမဟုတ်တာ။ ခေါင်းဆိုတာ ဘယ်သူဘာပြောပြောယုံပြီးညိမ့်နေရင် ပုတ်သင်ညိုခေါင်း တိရိစ္ဆာန်ခေါင်းပဲဖြစ်မှာပေါ့။ ဂျင်းတွေကို သိဖို့ပါ။
Crd