နေ့လည်စာစားချိန်မှာ အိုးမဲ့အိမ်မဲ့အမျိုးသမီးတစ်ဦးနှင့်အတူ ပီဇာဝေမျှစားရင်း သူမရဲ့ဘဝအကြောင်းကိုပါထိုင်နားထောင်ပေးနေခဲ့တဲ့ ရဲအရာရှိတစ်ဦး

News

ရဲများဟာ ကျွန်ုပ်တို့ရဲ့လူ့အဖွဲအစည်းမှာ ကွဲပြားခြားနားတဲ့အခန်းကဏ္ဍာတစ်ခုအဖြစ် ပါဝင်နေပါတယ်။၎င်းတို့ရဲ့အဓိကအခန်းကဏ္ဍာမှာ လူဆိုးတွေကိုဖမ်းဆီးပြီး ရာဇ၀တ်မှုကိုလျှော့ချခြင်းအားဖြင့် လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ဘဲ ဖြစ်ပါတယ်။သို့ပေမဲ့ အချို့သောရဲအရာရှိများဟာ ၎င်းတို့ရဲ့အလုပ်ထက် ကျော်လွန်ပြီး ကြင်နာတတ်သည့်နိုင်ငံသားများအဖြစ် ပြုမူခြင်းအားဖြင့် လူ့ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးတတ်တဲ့ရဲအရာရှိများလည်း ရှိနေပါတယ်။ Mike Rivers အမည်ရှိရဲအရာရှိကလည်း ၎င်းတို့ထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ Cassie Lea Barnes အမည်ရှိ အမျိုးသမီးဟာ သူမရဲ့နေ့လည်စာ break time ချိန်မှာ ရဲအရာရှိတစ်ဦးဟာ အိုးမဲ့အိမ်မဲ့အမျိုးသမီးတစ်ဦးနှင့် မြက်ခင်းစိမ်းပေါ်မှာ ထိုင်နေတာကို သတိပြုမိလိုက်ပြီးနောက် သူမဟာ အဆိုပါနှလုံးသားနွေးထွေးသွားစေမဲ့ပုံရိပ်ကို ဓာတ်ပုံရိုက်ကူးကာ သူမရဲ့ခင်ပွန်းထံသို့ ပို့ပေးခဲ့ပါတယ်။

ထို့နောက် သူမဟာ ၎င်းဓာတ်ပုံအား social media ပေါ်တင်ဖို့ မတွန့်ဆုတ်နေခဲ့ပါဘူး။ North Carolina ရှိ Goldsboro မြို့ကို လှည့်ပတ်စောင့်ကြည့်ရတဲ့ရဲအရာရှိတစ်ဦးအနေဖြင့် အရာရှိ Mike Rivers ဟာ ၎င်းမြို့ရှိလူတိုင်းနဲ့ မိသားစုလိုဖြစ်နေတာကြောင့် သူဟာ မြို့တွင်းရှိ အိုးမဲ့အိမ်မဲ့သူများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပါတယ်။သူဟာ အရင်က Goldsboro မြို့ ကို တခါမှမရောက်ဖူးပုံရတဲ့ အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်တဲ့အခါ သူဟာ အဆိုပါအမျိုးသမီးထံ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာကို ချက်ချင်းစဉ်းစားခဲ့ရပါတယ်။ထို့နောက် သူဟာ အနီးစပ်ဆုံး ပီဇာဆိုင်သို့သွားကာ ပီဇာဝယ်ပြီး အဆိုအမျိုးသမီးထံသို့ပြန်သွားကာ သူမနှင့်အတူ နေ့လည်စာအတူစားခဲ့ပါတယ်။

အရာရှိ Rivers ဟာ သူမရဲ့အကြောင်းကို ပိုမို လေ့လာသိရှိခဲ့ရပါတယ်။အဆိုပါအမျိုးသမီးရဲ့နာမည်က Michelle ပါ။ သူမယောက်ျားကလည်း အိုးမဲ့အိမ်မဲ့တစ်ဦးဘဲ ဖြစ်ပါတယ်။သူတို့ရဲ့ ၁၂ နှစ်အရွယ်သမီးဟာ မွေးစားစောင့်ရှောက်မှုအောက်တွင် ရှိနေပြီး အသည်းရောဂါကို တိုက်လှန်နေရပါတယ်။သူတို့မှာ ၂၃ နှစ်အရွယ်သားတစ်ယောက်လည်းရှိပါတယ်။သို့ပေမယ့် သူ့အကြောင်းကိုတော့ ထည့်မပြောပြခဲ့ပါဘူး။အရာရှိ Rivers က သူဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့်သူ၏အလုပ်အကိုင်အကြားဆက်နွယ်မှု ရှိနေတယ်ဟု ပြောကြားခဲ့ပါတယ်။ရဲအရာရှိများအနေဖြင့် လူအများစုဟာ ၎င်းတို့အပေါ်အပျက်သဘောဆောင်သောထင်မြင်ချက်များရှိနေတတ်ပါတယ်။

အရာရှိ Rivers က ၎င်းအရာဟာ အိုးမဲ့အိမ်မဲ့များနှင့်အတူတူ ဖြစ်တယ်လို့ ထင်မြင်ထားပါတယ်။ဒါကြောင့် လူအများစုက ရဲအရာရှိများနှင့် အိုးမဲ့အိမ်မဲ့များကို ပန်းသီးပုပ်တွေလို ထင်မြင်ဆက်ဆံခြင်းကို ခွင့်မပြုနိုင်ကြောင်းကို ပြောကြားခဲ့ပါတယ်။သူ့အတွက်ကတော့ အိုးမဲ့အိမ်မဲ့များက ကံဆိုးခြင်းများနှင့်ကြုံတွေ့ရတဲ့သူများအဖြစ်သာ မြင်ကြောင်း ဆိုခဲ့ပါတယ်။

သူတို့ဟာ အလုပ်ရှာဖို့ ပျင်းရိပေမဲ့လည်း သူတို့ဟာ ပြီးပြည့်စုံတဲ့အခွင့်အလမ်းများကို မရရှိကြရတာကြောင့် အခုလို ဖြစ်ရတာဖြစ်ပြီး ၎င်းကဲ့သို့သော အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းကိုလည်း ဘယ်သူကမှ မဖြစ်ချင်မှာမဟုတ်ကြောင်း အရာရှိ Rivers က ဆိုခဲ့ပါတယ်။

၎င်းဟာ သူ့အား အရာရှိကောင်းတစ်ဦးဖြစ်ခြင်းကို ပြသလိုက်တဲ့အရာလည်း ဖြစ်နေပါတယ်။အရာရှိဟာ အလုပ်သွားတဲ့အချိန်မှာ ပို၍ အကောင်းမြင်တတ်တဲ့ စိတ်လည်းရှိနေတတ်ပါတယ်။“ ဒီနေ့ ငါဘယ်သူ့ကို ပျော်ရွှင်အောင် စိတ်သက်သာအောင်လုပ်ပေးရမလဲ ဆိုတဲ့အတွေးမျိုးကို ငါ အမြဲတမ်းတွေးနေတတ်တယ် ” ဟု အရာရှိက CNN သို့ ဖြေကြားထားပါတယ်။

ထို့အပြင် အရာရှိ Rivers ဟာ အသက် ၇ နှစ်အရွယ်ကလေးနှင့်အတူ ထိုင်ပြီး စကားစမြည်ပြောနေခဲ့တဲ့ဓာတ်ပုံကြောင့်လည်း လူသိများသွားခဲ့ပါသေးတယ်။အရာရှိ Rivers ဟာ တစ်ခါတစ်ရံ သူ့ရဲ့အနီးအနားပတ်ဝန်းကျင်မှာ ကျောင်းများသို့သွားကာ ကလေးများနှင့်အတူ အားကစား ကစားတတ်ပါသေးတယ်။

Mia (kbdailynews)

Reference : spotlightstories

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply