မိဘတွေအိမ်ထောင်ပြိုကွဲပြီး နောက်အိမ်ထောင်ထပ်ပြုချိန် အတူမနေရပဲ ခွဲခွာရတာမျိုးဖြစ်လာသည့်အခါ သားသမီးတွေမှာ နာကျင်ခံစားကြရသည်။ယခုတွင်လည်း တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ ကောင်လေးတစ်ဦးသည် ကံမကောင်းစွာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနှစ်ပါးစုံလင်စွာမနေခဲ့ရပဲ သူ့အားဘယ်သူကမှတာဝန်မယူချင်ဖြစ်နေခဲ့သည်။
ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့ ဖခင်မှာကွာရှင်းထားပြီး နှစ်အနည်းငယ်အကြာတွင် မိခင်ဖြစ်သူက ထပ်မံပြီးတော့ နောက်အိမ်ထောင်ပြုသွားခဲ့ရာ သူ့အားထားသွားတော့မည်ကိုသိနေ၍ ပထွေးဖြစ်သူသတို့သားအား သူတို့နဲ့အတူလိုက်ပါနေဖို့အတွက် ငိုပြီးတောင်းဆိုခဲ့သည်။ပထွေးဖြစ်သူကလည်း ကောင်လေးကသူ့သားအရင်းမဟုတ်သည့်အတွက် တာဝန်မယူချင်ပဲ အဖွားဖြစ်သူနဲ့သာအတူနေထိုင်စေချင်ပြီး လိုအပ်သည့်ထောက်ပံ့ကြေးငွေကိုသာ ပို့ပေးမည်ဖြစ်ကြောင်းဆိုခဲ့သည်။
ကံမကောင်းလွန်းသည့် ကောင်လေးမှာ ဘယ်လိုပဲတောင်းဆိုနေပါစေ ပထွေးကငြင်းဆန်နေဆဲဖြစ်ပြီး မိခင်ကလည်း လက်မထပ်ခင်ကတည်းက သူ့သားကိုအဖွားဆီမှာပဲနေဖို့သဘောတူထား၍ ဘားမှမတတ်နိုင်သည့်ဟန် ဝမ်းနည်းစွာငိုနေခဲ့သည်။
Nge (Cele Daily)
Zawgyi
နောက်အိမ်ထောင်ပြုသွားသည့် မိခင်ဖြစ်သူနဲ့ မခွဲချင်၍ သူတို့နဲ့အတူလိုက်နေရဖို့ ပထွေးဖြစ်သူ သတို့သားအား ငိုယိုပြီးတောင်းဆိုခဲ့ပေမယ့် အဖက်လုပ်ခြင်းမခံခဲ့ရသည့် ကလေးငယ်တစ်ဦးရဲ့သနားစရာအဖြစ်
Nge (Cele Daily)
Crd