နေအဖွဲ့အစည်းပြင်ပက လျှို့ဝှက်ဆန်းကြယ် “Planet 9” အကြောင်း
ဆိုလာစနစ်ရဲ့ အပြင်ဘက်အစွန်းပိုင်းမှာ ပုန်းအောင်းနေနိုင်ဖွယ်ရှိတဲ့ နဝမြောက် ဂြိုဟ်တစ်ခုကို “Planet 9” လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။
ဒီဂြိုဟ်ဟာ လအစုအဝေးငယ်များဖြင့် ဝန်းရံထားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြလာခဲ့ပြီး အဆိုပါ လတွေဟာလည်း ပျောက်ဆုံးနေတဲ့ ဂြိုဟ်ကို ရှာဖွေတွေ့ရှိနိုင်ဖို့ သော့ချက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလျှို့ဝှက်ဆန်းကြယ် Planet 9 မှာ လ အရေအတွက် ၂၀ လောက်အထိ ရှိနေနိုင်တယ်လို့ ယူဆရပြီး ဂြိုလ်ရဲ့ဆွဲငင်အားကြောင့် သာမန်လထက် ပိုပူတဲ့ အပူချိန်ရှိနိုင်တဲ့အတွက် ရှာဖွေ့ရတာကလည်း လွယ်ကူလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။
Planet 9 သာ အမှန်တကယ် တည်ရှိခဲ့မယ်ဆိုရင်တော့ Kuiper Belt လို့သိထားကြတဲ့ ရေခဲနေတဲ့ ဒေသတစ်ခုမှ Neptune ဂြိုဟ်ရဲ့ ပတ်လမ်း အကျော်မှာ ဖြစ်တည်နေလိမ့်မယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေဟာ The Astronomical Journal ရဲ့ ၂၀၁၆ ခုနှစ် လေ့လာမှုတစ်ခုမှာ Planet 9 တည်ရှိမှုကို ပထမဆုံး အဆိုပြုခဲ့ကြတာပါ။
ဂြိုဟ်တည်ရှိကြောင်း သူတို့ သက်သေပြဖို့လိုတဲ့ Planet 9 ဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ကြယ်တံခွန်များ၊ လများ သို့မဟုတ် နေမှ နက္ခတ္တဗေဒယူနစ် ၃၀ ထက်ကျော်လွန်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၊ ကြယ်တံခွန်များ၊ လများ သို့မဟုတ် ဂြိုလ်သေးအများအပြားရဲ့ ပုံမှန်မဟုတ်တဲ့ ပတ်လမ်းကြောင်းတွေအတွက် ဖြစ်နိုင်ချေရှိသော ရှင်းလင်းချက်တစ်ခုအဖြစ် သူတို့က အသုံးပြုခဲ့ပါတယ်။
သုတေသီများက အထက်ဖော်ပြပါအရာတို့ရဲ့ လမ်းကြောင်းတွေကို မဖော်ထုတ်နိုင်သေးတဲ့ ဂြိုဟ်ဒြပ်ထုရဲ့ ဆွဲငင်အားဖြင့် အကောင်းဆုံး ရှင်းပြနိုင်တယ်လို့လည်း ယူဆနေကြတာပါ။
ဒီပတ်လမ်းကို အခြေခံခဲ့ရင်တော့ Planet 9 ဟာ ကမ္ဘာထက် ၅ ဆ မှ ၁၀ ဆ အထိ ကျယ်ဝန်းကြီးမားနိုင်ပြီး ကျွန်ုပ်တို့ဂြိုဟ်ထက် အဆ ၂၅၀ ဝေးကွာတဲ့ အကွာအဝေးမှ နေကို လှည့်ပတ်နေနိုင်ဖွယ်ရှိပါတယ်။
ဒါ့အပြင် Planet 9 ဟာ တွင်းနက်အသေးစား (mini black hole) ဖြစ်နိုင်ကြောင်း အကြံပြုချက်တွေတောင် ရှိခဲ့ပါတယ်။
ဒါကလည်း ယခုအချိန်အထိ အဆိုပါ ဧရိယာအတွင်း ရှာဖွေစူးစမ်းနေသူ သိပ္ပံပညာရှင်များဟာ Planet 9 မှ အလင်းရောင်တစ်စုံတရာကိုတောင် မတွေ့ရှိခဲ့ကြသေးတာကြောင့်ပါ။
ဒါပေမယ့် ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဂြိုဟ်ဟာ နေအလင်းရောင်ကို ကောင်းစွာ လက်ခံနိုင်တဲ့ အကွာအဝေးမှ ဝေးကွာလွန်းနေတဲ့အတွက် သူ့ကို မြင်တွေ့ရဖို့ တစ်ခုတည်းသော နည်းလမ်းမှာ နဂါးငွေ့တန်း သို့မဟုတ် နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှ ကြယ်များကဲ့သို့ ဝေးကွာသော အလင်းရင်းမြစ်မှတစ်ဆင့် (သို့) နေကြတ်ခြင်းမှ ဖြစ်ပါတယ်။
စာတမ်းအသစ်မှာတော့ Planet 9 ကို ရှာဖွေရန်အတွက် အဓိကသော့ချက်မှာ သူ့ရဲ့ဂြိုလ်တုကိုယ်ထည်များ ဖြစ်နိုင်ကြောင်း သုတေသီတစ်ဦးက အဆိုပြုခဲ့ပါတယ်။
အဆိုပါသုတေသီက Planet 9 ရဲ့ အရွယ်အစားနဲ့ ဆွဲငင်အားတို့ကို ခန့်မှန်းတွက်ချက်ကာ နက်မှောင်တဲ့ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အမြဲတမ်းပတ်လမ်းထဲသို့ ဆွဲငင်နိုင်ချေ အလားအလာရှိတဲ့ ETNO အရေအတွက်တို့ဖြင့် ပေါင်းစပ်ကာ Planet 9 ရှိ လ အရေအတွက်ကို ခန့်မှန်းရန်အတွက် အသုံးပြုခဲ့ပါတယ်။
Planet 9 ဟာ လ အလုံး ၂၀ မှ အဆိုပြုထားတဲ့ ဂြိုလ်ကို ပတ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ခုစီဟာ တစ်ဖက်လျှင် ၆၂ မိုင် (၁၀၀ ကီလိုမီတာ) ခန့်အထိ တိုင်းတာထားပါတယ်။
တစ်ဖက်မှာလည်း Planet 9 ကို ရှာဖွေတွေ့ရှိရာမှာ အရေးပါနိုင်တဲ့ ကမ္ဘာမြေက ဂြိုလ်တုပန်းကန်ပြားတို့ကလည်း Planet 9 ရဲ့ လတွေက ထွက်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ရေဒီယိုအချက်ပြမှုတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကတော့ ဒီရေအပူပေးခြင်းလို့ လူသိများတဲ့ ထူးဆန်းသော ဆွဲငင်အားသက်ရောက်မှုတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုမှ ထုတ်ပေးတဲ့ ဆွဲငင်အားစွမ်းအင်ဟာ သမုဒ္ဒရာမျက်နှာပြင် သို့မဟုတ် ဂြိုဟ် သို့မဟုတ် ဂြိုလ်တစ်ခုရဲ့ အတွင်းပိုင်း သို့မဟုတ် နှစ်ခုလုံးမှာ အပူအဖြစ် ကွယ်ပျောက်သွားတဲ့ အခိုက်အတန့်ပါ။
ဒီလိုဖြစ်စဉ်တွေဟာ နေအဖွဲ့အစည်းအတွင်း မီးတောင်အတက်ကြွဆုံး အရာဝတ္ထုဖြစ်တဲ့ ဂျူပီတာရဲ့ လ Io မှာ ဖြစ်ပေါ်ပါတယ်။
NASA ရဲ့ အဆိုအရ ဂျူပီတာနဲ့ အခြား Jovian လများကြား ဆွဲငင်အား လွန်ဆွဲမှုကြောင့် ပြင်းထန်တဲ့ ဒီရေအပူပေးမှုတွေ ဖြစ်လာပြီး Io ရဲ့ အရည်ကျိုလို့ရအောင် ပူပြင်းတဲ့ကိုယ်ထည် ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါတယ်။
ဒီလို Tidal အပူပေးခြင်းဖြင့် Planet 9 ဂြိုလ်တုရဲ့ အပူချိန်ကို အနှုတ် ၂၈၀ ဒီဂရီဖာရင်ဟိုက် (အနှုတ် ၁၇၃ ဒီဂရီစင်တီဂရိတ်) ဝန်းကျင်အထိ မြှင့်တင်ပေးနိုင်ပါတယ်။
ဒီအပူချိန်ဟာ အလွန်ပြင်းထန်တယ်လို့ ထင်ရနိုင်သော်လည်း တခြား လွတ်နေတဲ့နေရာများရဲ့ ပျမ်းမျှအပူချိန်မှာ အနှုတ် ၄၅၅ ဒီဂရီဖာရင်ဟိုက် (အနှုတ် ၂၇၂ ဒီဂရီစင်တီဂရိတ်) ဖြစ်ပါတယ်။
အကယ်၍ Planet 9 ရဲ့ ဂြိုလ်တုတစ်ခုခုမှ အပူချိန်လွန်ကဲလာပါက သူတို့ကို ရှာဖွေရန်အတွက် ချိန်ညှိထားတဲ့ မှန်ပြောင်းတို့ဖြင့် သိရှိနိုင်တဲ့ ရေဒီယိုအချက်ပြမှုကို ထုတ်ပေးနိုင်ဖွယ်ရှိကြောင်းလည်း သုတေသီတို့က အဆိုပြုထားကြပါတယ်။
ဒါက Planet 9 အယူအဆကို ဆန်းစစ်ပြီး Planet 9 ရဲ့ အခြေခံဂုဏ်သတ္တိတွေကို ဖော်ထုတ်ဖို့အတွက် သွယ်ဝိုက်တဲ့နည်းသစ်ကို ပေးစွမ်းနိုင်ပါတယ်။
Knight News Team
Knight News © 2022
Crd