နေထက် အဆ ၃၀ ကြီးမားတဲ့ အာကာသတွင်းနက်သစ်ကြီးအကြောင်း
နက္ခတ္တဗေဒပညာရှင်တွေကတော့ လတ်တလောမှာပဲ ဒြပ်ဆွဲအားမှန်ဘီလူးနဲ့ စူပါကွန်ပြူတာများကို အသုံးပြုပြီး တွေ့ရှိဖူးသမျှထဲတွင် အကြီးဆုံးဖြစ်တဲ့ ဧရာမတွင်းနက်ကြီးကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။
ပညာရှင်များဟာ စကြဝဠာအတွင်း တွေ့ရှိဖူးသမျှ တွင်းနက်များအနက်မှ အကြီးမားဆုံး တွင်းနက်ကြီးတစ်ခုကို ရှာဖွေရန်အတွက် Gravitational Lensing လို့ခေါ်တဲ့ ဖြစ်စဉ်ကို အသုံးပြုခဲ့ပါတယ်။
သူတို့ဟာ အဲလ်ဘတ်အိုင်းစတိုင်း ဟောကိန်းထုတ်ထားခဲ့တဲ့ အာကာသလှည့်ကွက်ကို အသုံးပြုခဲ့ပြီး နက္ခတ္တဗေဒပညာရှင်တို့ လေ့လာမှုသမိုင်းမှာ တွေ့ရှိဖူးသမျှ အကြီးမားဆုံးသော တွင်းနက်ကြီးတစ်ခုကို ရှာတွေ့ခဲ့ကြတာပါ။
Abell 1201 ရဲ့ အတောက်ပဆုံး နဂါးငွေ့တန်း ဂလက်ဆီထဲမှာ ကမ္ဘာမှ အလင်းနှစ် ၂.၇ ဘီလီယံအကွာမှာ တည်ရှိနေတဲ့ ဒီဧရာမ black hole တွင်းနက်ကြီးဟာ နေရဲ့ထုထည်ထက် အဆပေါင်း ၃၀ ခန့် ပိုကြီးမားတယ်လို့ သိရပါတယ်။
စကြ၀ဠာရဲ့ အကျယ်အဝန်းကြောင့် တွင်းနက်များ မည်မျှကြီးမားသည်ကို သီအိုရီအရ သိရှိဖို့အတွက်မူ လွယ်ကူပေမဲ့ ကန့်သတ်ချက်တချို့တော့ ရှိပါတယ်။
ဒါပေမဲ့ ဒီ black hole အသစ်ဟာ အခုလို နည်းပညာကို အသုံးပြုပြီး ညကောင်းကင်ယံကို ဖြတ်၍ ရှာဖွေနိုင်ခဲ့တဲ့ စကြာဝဠာအဆိပ်အတောက်များစွာထဲမှ ပထမဆုံးသော အရာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
အလွန်ကြီးမားတဲ့ black hole များကို ရှာဖွေခြင်းဟာ ဒီတွင်းနက်တွေ မည်ကဲ့သို့ ကြီးပြင်းလာသည်ကို ရှာဖွေနိုင်ဖို့အတွက် ပထမအဆင့်သာဖြစ်တယ်လို့ သုတေသီများက သုံးသပ်ထားခဲ့ကြပါတယ်။
အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီက အာကာသ-အချိန်ရဲ့ ထုထည်ကြီးကို ကြီးမားတဲ့ အရာဝတ္ထုများအနေနဲ့ မည်ကဲ့သို့ တုန်လှုပ်သွားစေသည်ကို ဖော်ပြပါတယ်။
ဒြပ်ဆွဲအားကို မမြင်ရတဲ့ တွန်းအားတစ်ခုက ထုတ်ပေးတာမျိုးမဟုတ်ဘဲ ဒြပ်ထုနဲ့ စွမ်းအင်များရှိနေချိန်အတွင်း အာကာသအတွင်း ကွေးကောက်ခြင်းနဲ့ ပုံပျက်ခြင်းတို့ရဲ့ ဖြစ်ရပ်တွေကို အိုင်းစတိုင်းက ရှင်းပြခဲ့ဖူးပါတယ်။
တစ်ဖန် ဒီလိုလေဟာနယ်မှာ ကွေးနေနိုင်တဲ့ဒေသတွေမှာ စွမ်းအင်နဲ့ အရာဝတ္ထုများ ရွေ့လျားမှုတွေအတွက် ပုံသေနည်းတချို့ရှိပါတယ်။
ယေဘုယျနှိုင်းရရဲ့ အကျော်ကြားဆုံး ခန့်မှန်းချက်တစ်ခုအရ အာကာသ-အချိန် သွားလာမှုရဲ့ အလွန်ကွေးညွှတ်တဲ့ ဒေသကို ဖြတ်သန်းသွားလာနေတဲ့ အလင်းတွေဟာ ဆန့်ထွက်လာတဲ့ အကွေးတစ်ခုအဖြစ် ထွက်ပေါ်လာတဲ့အထိ အံ့သြစရာကောင်းလောက်အောင် ကွေးညွှတ်သွားတတ်ကြပါတယ်။
ဒါကိုသိနိုင်ဖို့အတွက် နက္ခတ္တဗေဒပညာရှင်တွေဟာ အခြားမမြင်နိုင်တဲ့ မှုန်မှိုင်းနေသော ကောင်းကင်ရှိ အရာဝတ္ထုများကို ရှာဖွေရန်အတွက် ဆွဲငင်အားမှန်ဘီလူးဟု လူသိများသော အကျိုးသက်ရောက်မှုကို အသုံးပြုနိုင်ကြပါတယ်။
ကျွန်တော်တို့ သိထားကြတဲ့ black hole အများစုဟာ တွင်းနက်နဲ့ နီးကပ်စွာ ဆွဲယူလာတဲ့ အရာတွေကို အပူတက်စေပြီး အလင်း၊ X-rays နဲ့ အခြားသော ရောင်ခြည်များနဲ့ စွမ်းအင်ထုတ်လွှတ်တဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။
သို့သော် ဆွဲငင်အားကို မှန်ဘီလူးဖြင့် ကြည့်ခြင်းဖြင့် မလှုပ်ရှားနိုင်သော တွင်းနက်များကို (အနီးပတ်ဝန်းကျင်က အရာဝတ္ထုတွေကိုမစုပ်ယူနိုင်) လေ့လာနိုင်ပြီး အလွန်တရာ ဝေးကွာတဲ့ ဂလက်ဆီထဲက ဖြစ်ရပ်မှု သဘောတရားတွေကိုလည်း လေ့လာနိုင်ပါတယ်။
လှုပ်ရှားနိုင်တဲ့ တွင်းနက်တွေဟာ သူတို့ပတ်ဝန်းကျင်အနီးက အရာဝတ္ထုတွေကို စုပ်ယူနိုင်ကြပေမဲ့ မလှုပ်မရှားဖြစ်နေတဲ့ တွင်းနက်တဝိုက်မှာတော့ ကွဲပြားနေတဲ့ အလင်းတန်းတချို့ကို တွေ့နိုင်ပါတယ်။
ဒီတွေ့ရှိချက်ကြောင့် သုတေသီများဟာ တွင်းနက်အရွယ်အစားကို ပြန်လည်တည်ဆောက်ရန်အတွက် အလင်းကို ဆန့်ထုတ်နိုင်ပုံအကြောင်း အချက်အလက်အသစ်အဖြစ် စုဆောင်းနိုင်ခဲ့ကြပါတယ်။
Hubble Space တယ်လီစကုပ်ဖြင့် ရုပ်ထွက်မြင့်မားသော ပုံရိပ်များကို DiRAC COSMA8 စူပါကွန်ပြူတာထဲသို့ ထည့်သွင်းကာ ၎င်းတို့မှ တိုင်းတာချက်များကို ရယူရင်း သုတေသီတို့ဟာ တွင်းနက်ကြီးရဲ့ ကြီးမားတဲ့ အတိုင်းအတာအထိ အလင်းကို ကွေးညွှတ်ရန် လိုအပ်ကြောင်း ပုံဖော်နိုင်ခဲ့ကြပါတယ်။
Behemoth အမျိုးအစား ဒီ black hole အသစ်ဟာ နေရာင်ခြည်ထုထည်ထက် ဘီလီယံ ၃၀ ခန့်ရှိတဲ့ နဂါးငွေ့တန်း ဂလက်ဆီ အလယ်ဗဟိုရှိ အလွန်ကြီးမားသော black hole ထက် အဆ ၈,၀၀၀ ခန့် ပိုမိုကြီးမားကြောင်း တွေ့ရှိခဲ့ပါတယ်။
အရင်က တွေ့ရှိဖူးသမျှ black hole တွေထဲ အကြီးမားဆုံးအဖြစ် စံချိန်တင်ထားတာကတော့ TON 618 တွင်းနက်ဖြစ်ပြီး အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ black hole ကိုတော့ သုတေသီတို့က Gargantuan လို့ အမည်ပေးထားကြပြီး နေရောင်ခြည်ထုထည်ထက် ၃၃ ဘီလီယံ ကြီးမားပါတယ်။
အခုလို ပိုမိုကြီးမားတဲ့ အာကာသတွင်းနက်များကို လေ့လာခြင်းဖြင့် ဒီစကြာဝဠာဘီလူးကြီးများဟာ ဘယ်အကြောင်းကြောင့် ဤမျှမဖြစ်နိုင်သော အရွယ်အစားအထိ ကြီးထွားလာပုံကို သိပ္ပံပညာရှင်များအား နားလည်နိုင်စေရန် ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် အဆိုပါတွင်းနက်ကြီးတွေဟာ စကြဝဠာရဲ့ ဆင့်ကဲဖြစ်စဉ်အပေါ် မည်သို့အကျိုးသက်ရောက်သည်ကို စူးစမ်းလေ့လာရာမှာလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
Knight News Team
Knight News © 2023
Crd