နိုဝင်ဘာလဆို စျေးကျတတ်တဲ့ သဘောရှိတဲ့ မြန်မာ့ရွှေစျေးနှင့် စျေးကွက် အခြေအနေ

မြန်မာ့ရွှေစျေး သဘာဝလေးက နိုဝင်ဘာလဆို စျေးကျတတ်တယ် လက်ရှိဆို ကမ္ဘာ့ပေါက်စျေး တအားတက်နေတာကို ၁ သိန်းကျော်လောက် အောက်ရောက်နေတယ်။

မြန်မာ့ရွှေစျေးဟာ နိုင်ငံတကာနှစ်သစ်ကူး ဒီဇင်ဘာ ဒုတိယအပတ်လောက်က စပြီးစျေးတက် တတ်ပါတယ်။ သူ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝလေးကို ပြောပြတာပါ။ ဒေါ်လာစျေးနဲ့ အခြားအခြေအနေပေါ်မှာ မူတည်ပါတယ်။ ကျော်ကြီး (MDY)

ကမ္ဘာ့ရွှေဈေးကျဆင်းနေရာက နိုဝင်ဘာလ ဒုတိယအပတ်မှာ အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၇၇၀ ကျော်အထိ ပြန်လည် မြင့်တက်လာပေမဲ့ ပြည်တွင်းရွှေဈေးမှာ အရောင်းအဝယ်အေးနေပြီး အမေရိကန်ဒေါ်လာဈေးငြိမ်နေတာမို့ မြင့်တက်လာခြင်းမရှိဘူးလို့ ရွှေကုန်သည်တွေက ဆိုပါတယ်။

“ကမ္ဘာ့ရွှေဈေးပြန်တက်လာတယ်။ ၃ လအတွင်း အမြင့်ဆုံးဈေး ရောက်လာတာပေါ့။ ဒါပေမဲ့ ဒီမှာက ရွှေအရောင်းအဝယ်အေးနေတော့ ဈေးသိသိသာသာ မတက်ပါဘူး။ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးရယ်၊ ဒေါ်လာဈေးရယ်ပေါ်မှာ မူတည်တယ်။ ဒေါ်လာဈေးကလည်း နည်းနည်းပြန်ကျနေတယ်” လို့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် နေ့လယ်ခင်းအတွက် ပြင်ပရွှေပေါက်ဈေးဟာ ရွှေတစ်ကျပ်သားကို ၂၆ သိန်း ၈ သောင်းခွဲ ဝန်းကျင်မှာရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ နေ့လယ်ခင်း ရည်ညွှန်းဈေးကတော့ ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၂၀ ကျော်ဖြစ်ပြီး ကမ္ဘ့ာ ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၇၃ ဖြစ်ပါတယ်။

ဒီကနေ့ ငွေလဲနှုန်းကတော့ အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၂၉၂၀ ကနေ ၂၉၅၀ ခန့်ရှိပြီး နိုဝင်ဘာ ပထမပတ်က တစ်ဒေါ်လာကို ၃၀၀၀-၃၀၃၀ ခန့် ရှိခဲ့တဲ့အတွက် စျေးအနည်းငယ် ကျဆင်းလာတယ်လို့ သိရပါတယ်။


1

Crd