နိုင်ငံတကာအာကာသစခန်းမှာ မီးလန့်မှုဖြစ်ပွား

News

နိုင်ငံတကာအာကာသစခန်းမှာ မီးလန့်မှုဖြစ်ပွား

ကြာသပတေးနေ့ မနက်ပိုင်းက နိုင်ငံတကာအာကာသစခန်းမှာ မီးလန့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးခိုးငွေ့တွေနဲ့ ပလတ်စတစ်ညှော်နံ့တွေထွက်ပေါ်လာခဲ့တယ်လို့ ရုရှားအာကာသအေဂျင်စီက ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဖြစ်ပွားမှုဟာ ရုရှားက တည်ဆော က်ထားတဲ့အခြမ်းဘက်မှာဖြစ်ပြီး အမေရိကန်ဘက်ခြမ်းမှာတော့ တစ်စုံတစ်ရာဖြစ်ပွားမှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ရုရှားက တာဝန်ယူတည်ဆောက်ထားတဲ့ လူနေခန်းတွေရှိရာ Zvezda module အစိတ်အပိုင်းမှာ ဖြစ်ပွားခဲ့ပြီး သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ဒီစခန်းမှာ မကြာခဏဆိုသလို ချို့ယွင်းမှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ISS က အာကာသယာဉ်မှူးတွေကတော့ တစ်ညလုံးအိပ်စက်မရခဲ့ဘဲ အနံ့နဲ့ မီးခိုးထွက်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ခဲ့ကြရပြီး ဘတ္ထရီတွေကိုပြန်လည်အား ဖြည့်စဉ်ဖြစ်ပွားခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီဖြစ်ပြီး ပုံမှန်လုပ်ရိုုးလုပ်စဉ်တွေကိုလည်း ပြန်လုပ်နေကြပြီဖြစ်ပါတယ်။ လေထုဖွဲ့စည်းပုံကလည်း စံသတ်မှတ်ချက်အတွင်း ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ရုရှားမီဒီယာ RIA က ဖော်ပြခဲ့ပါတယ်။ ရုရှားအာကာသယာဉ်မှူးတွေဖြစ်တဲ့ Novitsky နဲ့ Pyotr Dubrov တို့ကတော့ ပြသနာအဖြေကိုရှာဖွေခဲ့ပြီး အခြားကြီးကြီးမားမားပြသနာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ရုရှားဘက်ကတည်ဆောက်ခဲ့တဲ့ဘက်မှာဆိုရင် အသုံး ပြုနေတဲ့ နည်းစနစ်တွေနဲ့ ပစ္စည်းကိရိယာတွေဟာ သက် တမ်းကုန်ဆုံးနေပြီလို့ BBC က ဖော်ပြခဲ့ပါတယ်။ စနစ်တွေက အကောင်းဆုံးအနေအထားနဲ့ အလုပ်လုပ်ခြင်းမရှိတော့ဘဲ လေယိုစိမ့်မှု၊ အင်ဂျင်စက်တွေပုံမှန်အလုပ်မလုပ်တာမျိုးနဲ့ အက်ကြောင်းတွေပေါ်လာတွေလည်း ရှိနေတယ်လို့ ရုရှားတာဝန်ရှိသူတစ်ဦးက သတိပေးပြောဆိုခဲ့ပါတယ်။

ဒီအာကာသစခန်းကိုတော့ ၁၉၉၈ ခုနှစ်မှာ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဂျပန်တို့ဦးဆောင်ပြီး စီမံကိန်းချမှတ်ကာ တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။ရုရှားအာ ကာသအေဂျင်စီ Roscosmos ကလည်း ဒီစခန်းကို ၂၀၃၀ ထက် ကျော်လွန်ပြီး အသုံးပြုဖို့မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထားကြောင်း သိရပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

နိုင္ငံတကာအာကာသစခန္းမွာ မီးလန႔္မႈျဖစ္ပြား

ၾကာသပေတးေန႔ မနက္ပိုင္းက နိုင္ငံတကာအာကာသစခန္းမွာ မီးလန႔္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ မီးခိုးေငြ႕ေတြနဲ႔ ပလတ္စတစ္ေညႇာ္နံ့ေတြထြက္ေပၚလာခဲ့တယ္လို႔ ႐ုရွားအာကာသေအဂ်င္စီက ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ျဖစ္ပြားမႈဟာ ႐ုရွားက တည္ေဆာ က္ထားတဲ့အျခမ္းဘက္မွာျဖစ္ၿပီး အေမရိကန္ဘက္ျခမ္းမွာေတာ့ တစ္စုံတစ္ရာျဖစ္ပြားမႈမရွိခဲ့ဘူးလို႔လည္း ဆိုပါတယ္။

႐ုရွားက တာဝန္ယူတည္ေဆာက္ထားတဲ့ လူေနခန္းေတြရွိရာ Zvezda module အစိတ္အပိုင္းမွာ ျဖစ္ပြားခဲ့ၿပီး သက္တမ္းၾကာျမင့္ေနၿပီျဖစ္တဲ့ ဒီစခန္းမွာ မၾကာခဏဆိုသလို ခ်ိဳ႕ယြင္းမႈေတြရွိေနခဲ့တာလည္းျဖစ္ပါတယ္။ ISS က အာကာသယာဥ္မႉးေတြကေတာ့ တစ္ညလုံးအိပ္စက္မရခဲ့ဘဲ အနံ့နဲ႔ မီးခိုးထြက္ရတဲ့အေၾကာင္းရင္းကို ေဖာ္ထုတ္ခဲ့ၾကရၿပီး ဘတၳရီေတြကိုျပန္လည္အား ျဖည့္စဥ္ျဖစ္ပြားခဲ့တာကို ေတြ႕ရွိခဲ့ပါတယ္။

လက္ရွိမွာေတာ့ ပုံမွန္အတိုင္းျပန္လည္ပတ္ေနၿပီျဖစ္ၿပီး ပုံမွန္လုပ္ရိုုးလုပ္စဥ္ေတြကိုလည္း ျပန္လုပ္ေနၾကၿပီျဖစ္ပါတယ္။ ေလထုဖြဲ႕စည္းပုံကလည္း စံသတ္မွတ္ခ်က္အတြင္း ျပန္လည္ေရာက္ရွိခဲ့ၿပီျဖစ္တယ္လို႔ ႐ုရွားမီဒီယာ RIA က ေဖာ္ျပခဲ့ပါတယ္။ ႐ုရွားအာကာသယာဥ္မႉးေတြျဖစ္တဲ့ Novitsky နဲ႔ Pyotr Dubrov တို႔ကေတာ့ ျပသနာအေျဖကိုရွာေဖြခဲ့ၿပီး အျခားႀကီးႀကီးမားမားျပသနာမ်ိဳးမရွိဘူးလို႔ ဆိုပါတယ္။

႐ုရွားဘက္ကတည္ေဆာက္ခဲ့တဲ့ဘက္မွာဆိုရင္ အသုံး ျပဳေနတဲ့ နည္းစနစ္ေတြနဲ႔ ပစၥည္းကိရိယာေတြဟာ သက္ တမ္းကုန္ဆုံးေနၿပီလို႔ BBC က ေဖာ္ျပခဲ့ပါတယ္။ စနစ္ေတြက အေကာင္းဆုံးအေနအထားနဲ႔ အလုပ္လုပ္ျခင္းမရွိေတာ့ဘဲ ေလယိုစိမ့္မႈ၊ အင္ဂ်င္စက္ေတြပုံမွန္အလုပ္မလုပ္တာမ်ိဳးနဲ႔ အက္ေၾကာင္းေတြေပၚလာေတြလည္း ရွိေနတယ္လို႔ ႐ုရွားတာဝန္ရွိသူတစ္ဦးက သတိေပးေျပာဆိုခဲ့ပါတယ္။

ဒီအာကာသစခန္းကိုေတာ့ ၁၉၉၈ ခုႏွစ္မွာ အေမရိကန္၊ ႐ုရွား၊ ကေနဒါ၊ ဂ်ပန္တို႔ဦးေဆာင္ၿပီး စီမံကိန္းခ်မွတ္ကာ တည္ေဆာက္ခဲ့တာလည္းျဖစ္ပါတယ္။႐ုရွားအာ ကာသေအဂ်င္စီ Roscosmos ကလည္း ဒီစခန္းကို ၂၀၃၀ ထက္ ေက်ာ္လြန္ၿပီး အသုံးျပဳဖို႔မျဖစ္နိုင္ေတာ့ဘူးလို႔ ေျပာဆိုထားေၾကာင္း သိရပါတယ္။

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။