နိုင်ငံခြားသို့ ကွင်းဆင်းလေ့လာခွင့်ရချိန် မိခင်အတွက် အိမ်ပြန်လက်ဆောင်အနေနဲ့ လေကိုအိတ်လေးထဲမှာထည့်ပြန်ခဲ့သော သားလိမ္မာလေး




Nge (Cele Daily)

Zawgyi

နိုင်ငံခြားသို့ ကွင်းဆင်းလေ့လာခွင့်ရချိန် မိခင်အတွက် အိမ်ပြန်လက်ဆောင်အနေနဲ့ လေကိုအိတ်လေးထဲမှာထည့်ပြန်ခဲ့သော သားလိမ္မာလေး

ကလေးငယ်ဘဝတို့သည် ရိုးသားဖြူစင်လွန်းပြီး အပြစ်ကင်းစင်၍ အရွယ်ရောက်ပြီးသူတိုင်း ဘဝရဲ့ခက်ခဲပင်ပန်းမှုကို ကြုံတွေ့ရချိန် ငယ်စဉ်ကလေးလေးဘဝကိုသာ ပြန်တောင့်တကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံ မူလတန်းကျောင်းတွင် ပညာသင်ကြားနေသော ကောင်လေးတစ်ဦးသည် ကံကောင်းစွာပဲ လာအိုနိုင်ငံသို့ ကွင်းဆင်းလေ့လာရေးခရီးတစ်ခု ထွက်ခဲ့ရသည်။

ကောင်လေးသည် လာအိုနိုင်ငံသို့ရောက်သည့်အခါ တံတားတစ်ခုကနေ ပင်လယ်ရှူခင်းအလှကိုကြည့်ကာ လေပြင်းပြင်းတိုက်နေသည့်ကြားက အိတ်လေးတစ်လုံးနဲ့ လေကိုထုတ်ယူခဲ့သည်။

ကောင်လေးရဲ့ထူးဆန်းသော လုပ်ရပ်ကြောင့် ဆရာမဖြစ်သူက မေးမြန်းကြည့်ရာတွင် ကောင်လေးက အိမ်ပြန်လက်ဆောင်အနေနဲ့ မိခင်ဖြစ်သူကို ပေးမည်ဖြစ်ကြောင်းဆိုခဲ့၍ ဖြူစင်လွန်းသည့်စိတ်ထားလေးကြောင့် ဆရာမက သဘောကျနေခဲ့သည်။

Nge (Cele Daily)

Crd