■နိုင်ဂျီးရီးယားနိုင်ငံမှ ၂နှစ်တစ်ကြိမ်ကျင်းပသောဟောလိုးဝင်းပွဲ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■နိုင်ဂျီးရီးယားနိုင်ငံမှ ၂နှစ်တစ်ကြိမ်ကျင်းပသောဟောလိုးဝင်းပွဲ
ဒီလိုကျင်းပပုံမျိုးတွေက အနောက်တိုင်းဆန်တယ်လို့ ပရိတ်သတ်ကြီးက ထင်ကောင်းထင်မှာပါ။ ဒါပေါ့ ဟုတ်ပါတယ်။ ဒါပေမယ့် အာဖရိကနိုင်ငံမှာတော့ အနောက်တိုင်း ဓလေ့ထုံးစံတွေကို လိုက်မလုပ်တတ်ကြပေမယ့်လည်း ဟောလိုးဝင်းပွဲကိုတော့ ကိုယ့်နည်းနဲ့ကို ကျင်းပနေကြတာပါပဲ။
သူတို့ရဲ့နည်းကတော့ ပရိတ်သတ်ကြီးတွေ့နေ မြင်နေကျနဲ့ တော်တော်လေးကွဲထွက်နေမှာပါ။ နိုင်ဂျီးရီးယား မှာဆိုရင် နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Igbo( အစ်ဘို) လူမျိုးတွေက Odo (အိုဒို) ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ အိုဒိုရဲ့ အဓိပ္ပါယ်ကတော့ သေ**ဆုံးခြင်းပါ။ သူတို့ဟာ ဆုံးပါးပြီးသူတွေကို ပျောက်ကွယ်သွားပြီပဲဆိုပြီး ဘယ်တော့မှ အတိတ်မှာ မထားခဲ့ကြပါဘူး။
သူတို့ဘယ်လိုတွေးကြလည်းဆိုတော့ ဆုံးပါးသွားသူတွေက သူတို့ကို လိုက်ပြီး ကာကွယ်စောင့်ရှောက်ပြီး သူတို့ဘဝမှာ လမ်းမှန်ကို လမ်းပြပေးနေတယ်လို့ ယုံကြည်ကြပါတယ်၊ ဒီပွဲတော်အတွင်းမှာဆိုရင် တမလွန်က ဆွေမျိုးတွေက စက်တင်ဘာနဲ့ နိုဝင်ဘာ ကြားမှာ ပြန်လည်ရောက်ရှိလာပြီး ခြောက်လလောက်နေကြတယ်လို့ ယုံကြည်ကြပါတယ်။
တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ပွဲတော်ကို ၂ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး မျက်နှာဖုံးစွပ်အရုပ်တွေ၊ ရိုးရာ ဝတ်စုံတွေ၊ အစားအသောက်တွေ၊ သီချင်းတွေနဲ့ ကပြဖျော်ဖြေရေးတွေနဲ့ စည်စည်ကားကားပါပဲ။
ဘာသာရေးပွဲတော်လို့ဆိုပေမယ့်လည်း ပျော်ပွဲရွှင်ပွဲတစ်ခုလိုပါပဲ။ နှုတ်ဆက်ပွဲလုပ်ပြီးတဲ့ အခါမှာတော့ ဆွေမျိုးတွေစုံစုံလင်လင် ၆ လလောက်နေပြီးတဲ့ အချိန်မှာ ဝိဉာာဉ်တွေက နောက်ဘဝကို စိတ်ရော ခန္ဓာရော ပြန်သွားကြတယ်လို့ ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext