■နယူးယောခ်ကအကျော်ကြားဆုံးဖြစ်သည့် မေစီရဲ့ ကျေးဇူးတော်နေ့အလှပြချီတက်ပွဲ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နယူးယောခ်ကအကျော်ကြားဆုံးဖြစ်သည့် မေစီရဲ့ ကျေးဇူးတော်နေ့အလှပြချီတက်ပွဲ

မေစီရဲ့အလှပြချီတက်ပွဲ။အမေရိကန်ပြည်ထောင်စုမှာဆိုရင် ကျေးဇူးတော်နေ့က နေ့ထူးနေ့မြတ်တစ်ခုပါ။ခရစ်စမတ်အားလပ်ရက်တွေမတိုင်မီ နိုဝင်ဘာလရဲ့ စတုတ္ထမြောက်ကြာသပတေးနေ့မှာ ကျင်းပလေ့ရှိပါတယ်။

ဒီပွဲတော်နေ့မှာ အစာသွပ်ထားတဲ့ကြက်ဆင်၊ဂန္ဓမာပန်းပုံပြင်ဆင်ထားတဲ့ရွှေဖရုံပိုင်မုန့်နဲ့ မိသားစုညစာစားပွဲ ၊ ရှေ့ဖြစ်ဟောခြင်း စတဲ့ ချစ်စရာကောင်းတဲ့ရိုးရာဓလေ့တွေပြုလုပ်လေ့ရှိကြပါတယ်။ကျေးဇူးတော်နေ့မှာ နိုင်ငံတစ်ဝှမ်းလုံးက စစ်ရေးချီတက်ပြပွဲတွေကျင်းပကြတာပါ။

အဲ့ဒီအထဲမှာမှ နယူးယောခ်က မေစီရဲ့ ကျေးဇူးတော်နေ့အလှပြချီတက်ပွဲက အကျော်ကြားဆုံးဖြစ်ပါတယ်။ဒီထူးဆန်းတဲ့ပွဲတော်ကို ၁၉၂၇ ခုနှစ်ကတည်းက ကုန်တိုက်ကြီးတစ်ခုကနေပြီး ဦးစီးကျင်းပခဲ့တာပါ။

ဒီပွဲရဲ့စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက်က Central Parkကနေ မြို့လယ်ခေါင်မှာရှိတဲ့ ကုန်တိုက်ဆီသယ်ဆောင်သွားတဲ့ အလွန်ကြီးမားတဲ့ လေထိုးအရုပ်တွေပါပဲ။

ဒီချီတက်ပွဲမှာ ပေါ့အဆိုတော်နဲ့ တေးဂီတအဖွဲ့တွေရဲ့တိုက်ရိုက်သီဆိုဖျော်ဖြေမှုတွေရော ပါပါတယ်။သန်းပေါင်းများစွာသောအမေရိကန်လူမျိုးတွေက ဒီပွဲတော်ကို TVကနေစောင့်ကြည့်ကြတာပါ။မြို့လယ်ခေါင်မှာနေထိုင်ကြတဲ့ကံကောင်းလှတဲ့သူတွေကတော့ သူတို့ရဲ့အိမ်ပြတင်းပေါက်ကနေ ကြည့်ရှုရုံပါပဲ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext