crd
zawgyi
နဂါးငွေ့တန်း (Galaxy)ထဲမှာ ယဉ်ကျေးမှုမြင့် ဂြိုဟ်သားမျိုးနွယ်စုတွေ ရှင်သန်နေထိုင်နေတာ NASA (နာဆာ) အသေအချာ အခိုင်အမာပြောဆို….
လတ်တလော သုတေသနပြုချက်တွေအရ ကျနော်တို့ရဲ့ နဂါးငွေ့တန်းအစုအဖွဲ့အတွင်းမှာ ဂြိုဟ်သားမျိုးနွယ်စုတွေ တည်ရှိနေတာ နှစ်သန်းပေါင်းများစွာကြာနေပြီလို့ ဆိုပါတယ်။နာဆာ(NASA)ရဲ့ ပြောကြားချက်အရ နဂါးငွေ့တန်း (Galaxy)ထဲမှာ ယဉ်ကျေးမှုမြင့် ဂြိုဟ်သားမျိုးနွယ်စုတွေ ရှင်သန်နေထိုင်နေတာ သေချာတယ်လို့ ပြောပါတယ်။နာဆာရဲ့ ဒီတစ်ခေါက် သတင်းအချက်အလက် ထုတ်ပြန်မှုဟာ ထူးခြားနေပါတယ်။ တခြားတဖက်မှာလည်း သူရဲ့ လေ့လာစူးစမ်းမှုတွေဟာ အခြားသူတွေလက်လှမ်းမမီတော့အောင် မြင့်မားနေပါပြီ။
နဂါးငွေ့တန်း အစုအဝေးထဲမှာ ဂြိုဟ်သားမျိုးနွယ်စုတွေ နှစ်သန်းပေါင်းများစွာစောပြီး ရှင်သန်နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားကို နာဆာက အခိုင်အမာတွေ့ရှိထားတယ်လို့ ယုံကြည်ရပါတယ်။နာဆာဟာ ဒီကြေငြာချက်ကို ထုတ်ပြန်နိုင်ဖို့ Propulsion Laboratory နဲ့ ကယ်လီဖိုးနီးယား စက်မှုသိပ္ပံအဖွဲ့တို့နဲ့ ပူးပေါင်းသုတေသန ပြုလုပ်နေခဲ့တာပါ။စုံစမ်းစစ်ဆေးမှုရလဒ်များအရတော့ ဒီသက်ရှိတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈)ဘီလီယံလောက်က မစ်ကီဝေး(Milky Way) စတင်ဖြစ်ပေါ်စဉ်ကတည်းက ရှိနေခဲ့ပြီလို့ ဆိုပါတယ်။
ဂြိုဟ်သားယဉ်ကျေးမှုမျိုးစိတ် အများအပြားရှိခဲ့ပြီး အချို့ဟာ ၎င်းတို့ဖာသာ ဖျက်စီးတာ၊ ဒါမှမဟုတ် ဖျက်စီးခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။Arxiv.org အဖွဲ့ရဲ့ သုတေသနပြုချက်အရ မစ်ကီဝေး ဖြစ်ပေါ်လာပြီးနောက် နှစ် (၈,၀၀၀)ခန့်ကတည်းက ဒီ ဉာဏ်ရည်မြင့် ဂြိုဟ်သားအဖွဲ့အစည်းတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူတွေအဆိုအရ မစ်ကီဝေးဟာ ဘစ်ဘမ်း (Big Bang) ပေါက်ကွဲမှုကြီးကြောင့် ဖြစ်ပေါ်လာခဲ့ပြီး ဘစ်ဘမ်း (Big Bang)ဟာ ကျွန်ုပ်တို့ ဂလက်ဆီရဲ့ နျူကလိယ (အလယ်ဗဟို) နဲ့ အကွာအဝေး အလင်းနှစ် ၁၃,၀၀၀ လောက်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ဒီကောက်ချက်ချတဲ့ သုတေသီတွေကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ Xiang Cai, Jonathan H.Jiang, Kristen A. Fahy နဲ့ Yuk L. Yung တို့လို နာမည်ရ သုတေသီတွေ ဖြစ်ပါတယ်။
သူတို့ဟာ စင်္ကြာဝဠာမှ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ဘယ်လိုဖြစ်တည်လာတယ်။ ဘယ်အချိန်မှာ စတင်ပေါ်ပေါက်လာသင့်တယ်ဆိုတာကို ကိန်းဂဏန်း အချက်အလက်အမျိုးမျိုးအသုံးပြု တွက်ချက်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါ့အပြင် နာဆာက ထောက်လှမ်းရရှိထားတဲ့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ နက္ခတ္တဗေဒဆိုင်ရာ အချက်အလက်တွေအပြင် အခြားတွေ့ရှိရတဲ့ ပုံမှန်မဟုတ်တဲ့ အချက်အလက်တွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့ပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။
သက်ရှိမဟုတ်တဲ့ အရာဝတ္တုကနေ သက်ရှိများကို ထုတ်ပေးနိုင်တယ်ဆိုတဲ့ သီအိုရီတစ်ခု ရှိပါတယ်။ ဒါကို အဘိုင်အို ဂျီနီးဆစ်(Abiogenesis) လို့ ခေါ်ပါတယ်။ ဒီ သီအိုရီအရ ဂြိုဟ်သားသက်ရှိတွေဖြစ်တည်မှုဟာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ဒီဖြစ်နိုင်ချေဟာ အချက်(၃)ချက်အပေါ်လည်း မူတည်နေပါသေးတယ်။ အဲဒါတွေကတော့
၁။ နေနဲ့ဆင်တူသော အခြားကြယ်မိသားစုများမှာ သက်ရှိတွေ ရှိနေနိုင်ခြင်း။ (ဒါကတော့ နေမိသားစုနဲ့ ကမ္ဘာနဲ့ဆင်တူတဲ့ဂြိုဟ်တွေ ရှိနေနိုင်လို့ ဖြစ်ပါတယ်။
၂။ ဆင့်ကဲဖြစ်စဉ်အလိုက် အချိန်အတိုင်းအတာ အမျိုးမျိုးအပေါ်တွင် သက်ရှိများ မျိုးပွားခြင်း၊ မျိုးသုဉ်းခြင်း ဖြစ်ပေါ်နိုင်ခြင်း။
၃။ ကျနော်တို့ ဂလက်ဆီအတွင်း ပြင်ပ သက်ရှိယဉ်ကျေးမှုတစ်ခု မည်မျှကြာအောင် ရှင်သန်နိုင်သည့် အခြေအနေနှင့် မိမိကိုယ်ကို ဖျက်စီး၍ မျိုးသုဉ်းမှုအခြေအနေတို့ ဖြစ်ပြီး ဒီဝိသေဒ (၃)ခုနဲ့ နှိုင်းယှဉ်ဆုံးဖြတ်ကြတာလို့ ဆိုပါတယ်။
ဒီထက် ပိုသေချာစေတာကတော့ ဂလက်ဆီအတွင်း နေမိသားစုပုံစံ အများအပြားကို တွေ့ရှိတာ ဖြစ်တဲ့အတွက် ဂြိုဟ်သားသက်ရှိများ ရှိနေတယ်ဆိုတာ သေချာနေပါကြောင်း နာဆာနဲ့ သူ့ရဲ့အဖွဲ့က ဆိုထားပါတယ်လို့ တင်ပြလိုက်ရပါတယ်။
crd
Crd