နခီဆူမို ကလေးငိုပြိုင်ပွဲကို မေလ ၅ရက်နေ့ရောက်တိုင်း နှစ်စဥ်ကျင်းပလေ့ရှိတဲ့ နိုင်ငံ

News

Naki Sumo ကလေးငိုပြိုင်ပွဲကို နှစ်ပေါင်း ၄၀၀ ကျော် သမိုင်း နဲ့အတူ Naki Sumo ဂျပန်နိုင်ငံရှိ နတ်ကွန်းများက နှစ်စဉ်ကျင်းပသော ရိုးရာပွဲတော် ဘဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မေလ ၅ ရက်နေ့ ကလေးများနေ့မှာ ကျင်းပတဲ့ရိုးရာပွဲတော်လည်း ဖြစ်တာပါ။ sumōပြိုင်ပွဲဝင်များဟာ ကလေးငယ်များကို ငိုရန်အတွက် ယှဉ်ပြိုင်နေကြပါတယ်။ Dohyō (ပြိုင်ပွဲများကျင်းပတဲ့နေရာနပန်းကွင်း) မှာ သူတို့တွေက ကလေးငယ် ၂ ယောက်စီကို ကိုင်ထားပြီး ကလေးငယ်တွေ မျက်ရည်ကျဖို့ လုပ်နေကြပါတယ်။

၎င်းဟာ ကြောက်စရာကောင်းတဲ့မျက်နှာများပြုလုပ်ခြင်း၊ ဆူညံသံကျယ်ခြင်း (သို့) ကလေးကို ပေါ့ပေါ့တန်တန်လုပ်ခြင်း တို့လည်း ပါဝင်ပါတယ်။ ပထမ ဦး ဆုံးငိုကြွေးမြည်တမ်းတဲ့ကလေးငယ်ဆိုရင် ပြိုင်ပွဲမှာ အနိုင်ရပါလိမ့်မယ်။ အကယ်လို့ ပြိုင်ပွဲဝင်ကလေးငယ်နှစ်ဦးဟာ တစ်ပြိုင်နက်တည်း မျက်ရည်များကျလာမယ်ဆိုရင် ပိုမိုကျယ်လောင်စွာ ငိုကြွေးတဲ့ကလေးက ဆုရရှိသူအဖြစ်ကြေငြာပြီး ကောင်းမွန်တဲ့ကျန်းမာရေး နဲ့ ပြည့်စုံလိမ့်မယ် ဖြစ်ပါတယ်။ ကလေးများ အော်ဟစ်ငိုကြွေးခြင်းဟာ အလိုအလျောက်တုံ့ပြန်မှု ရှိနိုင်ပါတယ်။

သို့သော် သူတို့ရဲ့ ရိုးရာဓလေ့ဟာ “ ငိုနေတဲ့ကလေးများဟာဆိုရင် ကြီးထွားခြင်းမြန်ဆန်လိမ့်မယ်” လို့ အဓိပ္ပာယ်ရတဲ့ (naku ko wa sodatsu) ဂျပန်ရိုးရာ အစဉ်အလာက စတင်ခဲ့ပါတယ်။ နောက်ပြီး ကလေးရဲ့ငိုကြွေးသံများကိုမဆို နတ်ဆိုးတွေကို ခုခံကာကွယ်နိုင်တယ် လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း ထိုအဖြစ်အပျက်ဟာ မိဘများအကြားမှာ အလွန်လူကြိုက်များနေခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် နတ်ကွန်းအများစုကို အဆင့်မြင့်လျှောက်ထားရန် လိုအပ်သလို မှတ်ပုံတင်ရင်လည်း ၁၃၀၀၀ မှ ၁၅၀၀၀ (~ USD125.63-USD144.96) ပေးရပါတယ်။ Naki Sumo ကလေးငိုပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိနတ်ကွန်းတွေက ကျင်းပပြီး တစ်နှစ်ပတ်လုံးကျင်းပနေတာကြောင့် တရားဝင်ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

JRose (KB Chimmy)

Reference : thesmartlocal

Zawgyi

Naki Sumo ကလေးငိုပြိုင်ပွဲကို နှစ်ပေါင်း ၄၀၀ ကျော် သမိုင်း နဲ့အတူ Naki Sumo ဂျပန်နိုင်ငံရှိ နတ်ကွန်းများက နှစ်စဉ်ကျင်းပသော ရိုးရာပွဲတော် ဘဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မေလ ၅ ရက်နေ့ ကလေးများနေ့မှာ ကျင်းပတဲ့ရိုးရာပွဲတော်လည်း ဖြစ်တာပါ။ sumōပြိုင်ပွဲဝင်များဟာ ကလေးငယ်များကို ငိုရန်အတွက် ယှဉ်ပြိုင်နေကြပါတယ်။ Dohyō (ပြိုင်ပွဲများကျင်းပတဲ့နေရာနပန်းကွင်း) မှာ သူတို့တွေက ကလေးငယ် ၂ ယောက်စီကို ကိုင်ထားပြီး ကလေးငယ်တွေ မျက်ရည်ကျဖို့ လုပ်နေကြပါတယ်။ ၎င်းဟာ ကြောက်စရာကောင်းတဲ့မျက်နှာများပြုလုပ်ခြင်း၊ ဆူညံသံကျယ်ခြင်း (သို့) ကလေးကို ပေါ့ပေါ့တန်တန်လုပ်ခြင်း တို့လည်း ပါဝင်ပါတယ်။ ပထမ ဦး ဆုံးငိုကြွေးမြည်တမ်းတဲ့ကလေးငယ်ဆိုရင် ပြိုင်ပွဲမှာ အနိုင်ရပါလိမ့်မယ်။ အကယ်လို့ ပြိုင်ပွဲဝင်ကလေးငယ်နှစ်ဦးဟာ တစ်ပြိုင်နက်တည်း မျက်ရည်များကျလာမယ်ဆိုရင် ပိုမိုကျယ်လောင်စွာ ငိုကြွေးတဲ့ကလေးက ဆုရရှိသူအဖြစ်ကြေငြာပြီး ကောင်းမွန်တဲ့ကျန်းမာရေး နဲ့ ပြည့်စုံလိမ့်မယ် ဖြစ်ပါတယ်။ ကလေးများ အော်ဟစ်ငိုကြွေးခြင်းဟာ အလိုအလျောက်တုံ့ပြန်မှု ရှိနိုင်ပါတယ်။ သို့သော် သူတို့ရဲ့ ရိုးရာဓလေ့ဟာ “ ငိုနေတဲ့ကလေးများဟာဆိုရင် ကြီးထွားခြင်းမြန်ဆန်လိမ့်မယ်” လို့ အဓိပ္ပာယ်ရတဲ့ (naku ko wa sodatsu) ဂျပန်ရိုးရာ အစဉ်အလာက စတင်ခဲ့ပါတယ်။ နောက်ပြီး ကလေးရဲ့ငိုကြွေးသံများကိုမဆို နတ်ဆိုးတွေကို ခုခံကာကွယ်နိုင်တယ် လို့ ယုံကြည်ကြပါတယ်။

ဒါကြောင့်လည်း ထိုအဖြစ်အပျက်ဟာ မိဘများအကြားမှာ အလွန်လူကြိုက်များနေခဲ့ပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ဖို့အတွက် နတ်ကွန်းအများစုကို အဆင့်မြင့်လျှောက်ထားရန် လိုအပ်သလို မှတ်ပုံတင်ရင်လည်း ၁၃၀၀၀ မှ ၁၅၀၀၀ (~ USD125.63-USD144.96) ပေးရပါတယ်။ Naki Sumo ကလေးငိုပြိုင်ပွဲကို တစ်နိုင်ငံလုံးရှိနတ်ကွန်းတွေက ကျင်းပပြီး တစ်နှစ်ပတ်လုံးကျင်းပနေတာကြောင့် တရားဝင်ဝက်ဘ်ဆိုက်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

JRose (KB Chimmy)

Leave a Reply