ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဓာတ်ဆီကို ပလပ်စတစ်အိတ်ဖြင့် အပူအပင်ကင်းစွာ ထုတ်ပိုးသယ်ယူနေခဲ့တဲ့ အမျိုးသမီးတစ်ဦး

News

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ဓာတ်ဆီကိုပလပ်စတစ်အိတ်ထဲသို့ ထည့်သွင်းနေခဲ့ပုံကို ဗီဒီယိုဖြင့်ရိုက်ကူးဖမ်းမိခဲ့ပြီးနောက်ပိုင်းမှာ သူမဟာ ယိုစိမ့်နေတဲ့ပလပ်စတစ်အိတ်ကို သူမရဲ့ကားထဲသို့ မထည့်လိုက်ပါတယ်။၎င်းဗီဒီယိုဟာ social media တွေမှာအပြန်အလှန် တုံ့ပြန်မှုများစွာရခဲ့ရပါတယ်။ အထူးသဖြင့် ၎င်းကဲ့သို့သောလုပ်ရပ်က မီးဘေးအန္တရာယ်ကို ဖြစ်ပေါ်စေပြီး အဆိုပါအမျိုးသမီးရဲ့ကားနောက်မှ မီးများစတင်လောင်ကျွမ်းသွားနိုင်ကြောင်းကို လူအများက စိုးရိမ်နေခဲ့ကြရပါတယ်။၎င်းထူးဆန်းလွန်းတဲ့ဗီဒီယို clip ကို အမေရိကနိုင်ငံ Texas ပြည်နယ် Houston မြို့ရှိ Kroger ဓာတ်ဆီဆိုင်မှာ ရိုက်ကူးခဲ့တာပါ။

သူ့ရဲ့အလှည့်ကို စောင့်ဆိုင်းနေခဲ့တဲ့ နောက်ထပ်ဖောက်သည်တစ်ဦးဖြစ်တဲ့ Jason DjJruda Rudison အမည်ရှိအမျိုးသားက ၎င်းအဖြစ်အပျက်အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရပြီး ၎င်းထူးဆန်းတဲ့ဖြစ်ရပ်ကို ဗီဒီယိုရိုက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

Jason ဟာ ၎င်းအဖြစ်က သူ့အတွက် မယုံနိုင်လောက်စရာကောင်းတဲ့ နေ့စဉ်မမြင်ဖူးတဲ့အဖြစ်အပျက်ဖြစ်နေတာကြောင့် သူငယ်ချင်းဖြစ်သူတွေကို ပြန်ပြောပြတဲ့အခါ ၎င်းတို့က မယုံမှာဆိုးတာကြောင့် သူဟာ ဗီဒီယိုကို အမိအရရိုက်ကူးခဲ့ပုံရပါတယ်။

သို့ပေမဲ့ အင်တာနက်အသုံးပြုသူများက အဆိုပါအမျိုးသမီးနှင့်ပတ်သက်ပြီး စိုးရိမ်တာကြောင့် Jason အနေနဲ့ ၎င်းလုပ်ရပ်က သူမအတွက် အန္တရာယ်ရှိတာကို သူမအား ဆက်ဆက် အသိပေးလိမ့်မယ်လို့ မျှော်လင့်ကာ ယုံကြည်နေခဲ့ကြပါတယ်။၎င်း clip မှာ ဓာတ်ဆီကို ပလပ်စတစ်အိတ်ထဲသို့ ထည့်နေတဲ့အမျိုးသမီးကို တွေ့ရပြီး ပလပ်စတစ်အိတ်ထဲမှာ ဓာတဆီရည်များပြည့်သွားတဲ့အခါ သူမဟာ စုပ်စက်ကို နေရာတကျပြန်ထားဖို့အတွက် အလုပ်ရှုပ်ကာ ခက်ခဲနေခဲ့ရပါတယ်။

အံ့ဩစရာကောင်းတာက သူမဟာ ဓာတ်ဆီပြည့်နေတဲ့အိတ်ကို ကိုင်ထားရင်း ၎င်းဆီထည့်တဲ့ pump ကိုလည်း နေရာတကျပြန်ထားနိုင်ခဲ့ပါတယ်။ထို့နောက် သူမဟာ ဓာတ်ဆီယိုစိမ့်နေတဲ့အိတ်ကို သေချာ ချည်ကာ ၎င်းနေရာမှာ ထားခဲ့ပြီးနောက် သူမကားနောက်ဖုံးဆီသို့အလျင်အမြန်ပြေးသွားပြီး နောက်ထပ်ပလပ်စတစ်အိတ်တစ်လုံးကိုယူကာ ၎င်းဓာတ်ဆီပြည့်နေတဲ့အိတ်ကို အိတ်အသစ်တစ်လုံးဖြင့် ထပ်ခဲ့ပါတော့တယ်။ထို့နောက် နောက်ထပ်အိတ်တစ်လုံးဖြင့် ဓာတ်ဆီယိုစိမ့်မှုကို ရပ်တန့်နိုက်ခဲ့ပြီးနောက် အဆိုပါအမျိုးသမီးဟာ သူမရဲ့ကားဆီသို့ ဓာတ်ဆီအိတ်ကို ယူဆောင်သွားခဲ့ပါတော့တယ်။

ဗီဒီယိုကလည်း ထိုအထိဘဲ ပြသခဲ့တာကြောင့် သူမရဲ့ကံကြမ္မာကို သေချာမသိရသေးပေမဲ့ အင်တာနက်အသုံးပြုသူများက Jason ဟာ သူမရဲ့လုပ်ရပ်က သူမအတွက် အန္တရာယ်ရှိကြောင်းကို သိနေပေမဲ့ သူမအား သတိမပေးခဲ့တာကြောင့် သူမသာ တစ်စုံတစ်ခုဖြစ်ခဲ့ရင် သူကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ အပြစ်ရှိကြောင်း Jason အား ထို့ကဲ့သို့ အပြစ်တင်ပြောဆိုနေခဲ့ကြပါတယ်။

အချို့ကလည်း သူမဝတ်ထားတဲ့ အနက်ရောင် apron အရ သူမဟာ ဓာတ်ဆီဝယ်ရန် တောင်းဆိုခံရတဲ့အလုပ်သမားတစ်ဦးဖြစ်နိုင်တယ်လို့ ထင်ထားကြပါတယ်။၎င်းဗိဒီယို clip ဟာ ကြည့်ရှုသူပေါင်း ၁၀ သန်းကျော်ရရှိခဲ့ပြီး လူများစွာက အဆိုပါအမျိုးသမီးကို ရယ်မောနေကြစဉ်မှာ အချို့သောအင်တာနက်အသုံးပြုသူတွေကတော့ Jason အနေနဲ့ ၎င်းအဖြစ်အပျက်အားလုံးကို ရိုက်ကူးနေမဲ့အစား သူမအတွက် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့သင့်တယ်ဟု ဝေဖန်ကာ ပြောဆိုနေခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : rachfeed

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply