အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ဓမၼရံႀကီးဘုရားမွာ ပတ္လမ္း ၂ လမ္းပါတယ္ဆိုတာ ၁၀၀% ေသခ်ာတယ္လို႔ ေျပာႏိုင္ပါဘီ။ ယေန႔ ေတြ႕ျမင္ေနရတဲ့ ပတ္လမ္းဟာ အျပင္ ပတ္လမ္းျဖစ္ပီး၊
အတြင္းပတ္လမ္းကေတာ့ အေပၚေရာ ေအာက္ေရာ အုတ္စီးပီး ပိတ္ထားတာေတြ႕ရပါတယ္။ အရပ္ေလးမ်က္ႏွာမွာရွိတဲ့ လက္ရွိဖူးေတြ႕ေနရတဲ့
႐ုပ္ပြါးေတာ္ေတြဟာ ပုဂံေခတ္လက္ရာ အစစ္မဟုတ္ဖူးဆိုတာ သတိထားမိသူေတြ ရွိမွာပါ။ ဘယ္ေခတ္လက္ရာလည္းလို႔ မေမးပါနဲ႔ ။ မေျဖခ်င္ပါ။
မုဒ္ဦးေလးဘက္စလုံးက ဘုရားေတြဟာ မူလက ရွိခဲ့ဟန္မတူဘဲ ေႏွာင္းပိုင္းမွာတည္ေဆာက္ခဲ့တယ္ဆိုတာ ေသခ်ာပါတယ္။
ဘယ္ေခတ္က ေဆာက္ခဲ့တာလဲ ဆိုတာ မေျပာႏိုင္ေပမယ့္ ဘာေၾကာင့္ေဆာက္ခဲ့တာလဲ လဲဆိုတာေတာ့ နည္းနည္းေျပာႏိုင္ပါတယ္။
အနီးစပ္ဆုံးမွတ္တမ္းဓာတ္ပုံေတြကို ျပန္ၾကည့္တဲ့အခါ ASI ကရတဲ့ ၁၈၅၅ ခုႏွစ္ မွတ္တမ္းပုံေတြပါဘဲ။
အနီးစပ္ဆုံး မွတ္တမ္းစာကေတာ့ Report on Archeological Work in Burma for the year 1904-05 စာမ်က္ႏွာ ၁၀ မွာေတြ႕ရတယ္။
ဆြဲပုံ drawing အေနနဲ႔ ယုံၾကည္အားထားစြာ ကိုးကားႏိုင္တာက ၁၉၀၄-၁၉၀၅ မွတ္တမ္းပါ ဆြဲပုံ ႏွင့္ ဆရာႀကီးပယ္ရီပိခ်က္ရဲ႕ Bagan Inventory ထဲက
Monument 771 အမွတ္စဥ္နဲ႔ ဓမၼရံႀကီး ဆြဲပုံေတြျဖစ္ပါတယ္။ ဆြဲပုံ ၂ ပုံစလုံးမွာ ပိတ္ထားတဲ့ အတြင္းပတ္လမ္းကို ထည့္ဆြဲထားပါတယ္။
၁၉၀၄ ဆြဲပုံမွာေတာ့ အတြင္းပတ္လမ္းရဲ႕ အက်ယ္ဟာ ၉ ေပ ျဖစ္တယ္လို႔ ေဖာ္ျပထားတယ္။ အျပင္ပတ္လမ္း အက်ယ္လည္း ၉ ေပဝန္းက်င္ျဖစ္လို႔ အတြင္းေရာ အျပင္ပါ
ပတ္လမ္းအက်ယ္တူညီေနတာ ေတြ႕ရတယ္။ ဒီေတာ့ ၁၉၀၄-၀၅ စာတမ္းမွာေျပာထားတဲ့ အေၾကာင္းရာကို ျပန္ေျပာျပပါမယ္။
Report on Archeological Work in Burma for the year 1904-05 စာမ်က္ႏွာ ၁၀ မွာ အရပ္ေျပာစကားကို ျပန္ေရးထားတာရွိတယ္။
လြန္ခဲ့တဲ့ အႏွစ္ ၂၀၀ ခန္႔က ဘုန္းႀကီးတစ္ပါးဟာ ဓမၼရံႀကီးဘုရားမွာ အဂၢိရဖိုထိုးရင္း ေပါက္ေရာက္ေအာင္ျမင္သြားပါတယ္တဲ့။
ဖိုထိုးျခင္း အတတ္ေအာင္ျမင္တယ္ဆိုတာ သံေသပီး ေ႐ႊျဖစ္တဲ့ အဆင့္ေရာက္တာကိုေျပာတာျဖစ္ပါတယ္။ ဘုရားအတြင္းပတ္လမ္းမွာ ရွိတဲ့
လက္က်န္ျပာပုံကိုယူပီး ေရနဲ႔ ဇကာတိုက္ခ်ရင္ဘဲ ေ႐ႊစ ေလးေတြရပါသတဲ့။ အဲဒီအရပ္ေျပာစကားကို ေက်ာက္စာဝန္ရဲ႕ ဆင္ခ်င္ေတြးဆ ပုံက သာလို႔စိတ္ဝင္စားစရာျဖစ္ပါတယ္။
အဲ့ဒီဘုန္းႀကီးဟာ ဖိုထိုးတာမဟုတ္ဖဲ ဌာပနာတိုက္ကို ေဖာက္ယူပီး အတြင္းက ရတဲ့ ေ႐ႊေတြကို အရည္က်ိဳပီး ယူသြားတာျဖစ္ပါသတဲ့။
ေ႐ႊေတြကို အရည္က်ိဳယူသြားၿပီးတဲ့ေနာက္ အတြင္းပတ္လမ္းကို အုတ္စီပီး ပိတ္ခဲ့တာျဖစ္ ပါတယ္ တဲ့။
ဒါက ၁၉၀၄ က လူက ေရွ႕ ႏွစ္ ၂၀၀ က ဘုန္းႀကီးကို ခန္႔မွန္းေျပာဆိုတဲ့ အေျပာျဖစ္ပါတယ္။
၁၉၀၄ က ဘာလုပ္ခဲ့သလဲဆိုတာ ဆက္ေျပာရေအာင္။ ဓမၼရံႀကီးဘုရားကို တိုင္းတာ ပုံထုတ္ခဲ့ပါတယ္။ သူတို႔တိုင္းခဲ့တဲ့ ဆြဲပုံကို တင္ထားတဲ့ ပုံမွာၾကည့္ပါ။
၁၉၀၄ တိုင္းတာခ်က္အရ အတြင္းပတ္လမ္းဟာ ၉ ေပ အက်ယ္ျဖစ္ပါတယ္။ အတြင္းပတ္လမ္းကို ဝင္ၾကည့္မယ္၊
ဘာေတြစိတ္ဝင္စားစရာေတြ ေတြ႕မလဲဆိုတာ သိရမယ္ေျပာေပမယ့္ ၁၉၀၄-၀၅ report တစ္ခုလုံးမွာ အဲ့ဒီအေၾကာင္း ျပန္လည္ေဖာ္ျပထားတာ မေတြ႕ရလို႔ မခ်င့္မရဲ ျဖစ္ရျပန္ပါတယ္။
၁၈၅၅ ကပုံေတြၾကည့္တယ္။ ၁၉၀၄ မွတ္တမ္းကို ၾကည့္တယ္။ အဲဒီ ၂ ခ်က္ကို အေျခခံပီး ခရစ္ႏွစ္ ၁၇၀၀ ဝန္းက်င္ကို ျပန္ၾကည့္လို႔ရပါတယ္။
၁၇၀၀ ဝန္းက်င္မွာ တက္တဲ့ မင္းဟာ “စေနမင္း” ျဖစ္ပါတယ္။ နန္းတက္ခါစက ညီေတာ္ ပုဂံစားကို အိမ္ေရွ႕အရာထားတယ္။
ပုဂံႏွင့္ ဘယ္လိုပတ္သက္ခဲ့ၾကသလဲ ဆိုပီးရွာၾကည့္တဲ့ အခါ ဘုရင့္ညီေတာ္ဟာ ပုဂံစားျဖစ္တယ္။
၁၇၀၉ မွာ စေနမင္း က ပုဂံေ႐ႊစည္းခုံဘုရားဖူးလာတယ္။ ေညာင္ဦးမွာ သဘင္နန္းေတာ္ ေဆာက္ပီး ေနေလ့ရွိတယ္။
၁၇၁၁ မွာ တူ႐ႊင္းေတာင္ေျခအထိေရာက္တယ္။ ၁၇၁၄ မွာ ဆင္ျဖဴတစ္ေကာင္ ပုဂံက ရတယ္ဆိုပီး ေတြ႕ရတယ္။
စေနမင္းလက္ထက္ ပုဂံ ႏွင့္ ပတ္သက္ဆက္ႏြယ္မႈမ်ားတယ္လို႔ ေျပာလို႔ရတယ္။ စေနမင္းလက္ထက္ ဘုန္းႀကီးနဲ႔ ပတ္သက္တာ ဘာရွိလဲ ေျပာဖို႔လိုမယ္။
ေ႐ႊစည္းခုံဝါးေတာေက်ာင္းကို ဇမၺဴဒီပဓဇရာဇဂု႐ုအား တင္လႉသည္လို႔ ေတြ႕ရတယ္။ အင္းဝပ်က္ခါနီး အခ်ိန္ခါ ျဖစ္လို႔ အဲဒီအခ်ိန္ဟာ ပြဲေက်ာင္းဘုန္းႀကီး အဂၢိရဘုန္းႀကီးေတြ တန္းခိုးႀကီးခ်ိန္ျဖစ္ပါတယ္။
ယခုအခ်ိန္မွာ ေရွ႕လူေတြ ထားခဲ့တဲ့ အေၾကာင္းရာေတြကို ခ်င့္ခ်ိန္ပီး Study Guess လုပ္ရင္း ဓမၼရံႀကီးဘုရားအေၾကာင္း ျပန္ဆက္ၾကဦးစို႔။
အတြင္းပတ္လမ္း ရွိခဲ့တယ္ဆိုတာ အမွန္ပါဘဲ။ ႐ုပ္ပြါးေတာ္ ၄ ဆူလည္း ရွိခဲ့မွာပါဘဲ။ ဘုရားဆင္းတုေတာ္ေဘးက အမိုးခုံးကို ေရွးအုတ္သုံးပီး
အျပည့္ပိတ္ခဲ့တာလည္း အေသျခာပါဘဲ။ ေႏွာင္းလူေတြ မရိပ္မိေအာင္ အဂၤေတအေခ်ာကိုင္ပီး နံရံေပၚ ပုံဆိုးဆိုး အ႐ုပ္ေတြေရးခဲ့ေသးတယ္။
သဲလြန္စျပတ္ေနတာက ေရွးအုတ္သုံးခဲ့တာျဖစ္တာရယ္၊ နံရံေဆးေရးဟာ ပုဂံေႏွာင္းပိုင္း ဟန္လိုလို ၊ ေညာင္ရမ္းေခတ္လိုလို လုပ္ထားခဲ့တာေၾကာင့္လည္း ပါတယ္။
ေနာက္တစ္ခ်က္ထပ္ေတြးလို႔ ရတာက ၁၇၀၀ ဝန္းက်င္က စေနမင္းလက္ထက္က ဘုန္းႀကီးဟာ ဩဇာႀကီးသူျဖစ္မယ္ဆိုတာပါဘဲ။
အတြင္းပတ္လမ္းကို အျပင္ကေနတိုက္႐ိုက္မျမင္ႏိုင္ေအာင္ ေရွ႕တည့္တည့္မွာ ႐ုပ္ပြါးေတာ္ႀကီးေတြ လုပ္ပစ္ပါတယ္။
ျမင္ကြင္းအျပင္ တိုးဝင္လာတဲ့ “ေလ” တိုက္ခတ္မႈကိုပါ ကာကြယ္ခ်င္တဲ့ သေဘာျဖစ္ႏိုင္တယ္။
ေလးဘက္ေလးတန္စလုံး ကာပစ္လို႔လည္း မရျပန္ပါဘူး၊ ထြက္ေပါက္တစ္ခုေတာ့ ခ်န္ထားရပါမယ္။ အဲ့ဒါ အေရွ႕မုဒ္ကို ခ်န္ထားတာဘဲေပါ့။
ေနာက္တစ္ခ်က္က ဘာလို႔ ပိတ္ပစ္ခဲ့သလဲဆိုတာပါဘဲ။ ဌာပနာတိုက္ေဖာက္ယူ႐ုံနဲ႔ေတာ့ အတြင္းပတ္လမ္းတစ္ခုလုံး ပိတ္ပစ္စရာ မလိုပါဘူး။
ေျခရာ လက္ရာမပ်က္ ဌာပနာတိုက္ကို ျပန္ပိတ္႐ုံပါဘဲ။ အတြင္းပတ္လမ္းတစ္ခုလုံး ေႏွာင္းလူေတြ မျမင္ေစခ်င္တာ ဘာေၾကာင့္ပါလဲ။
ပုဂံေခတ္မွာ တိုင္းခြၽတ္ဘုရား ဆိုတာရွိတယ္။ သက္ရွိလူခႏၶာကိုယ္အ႐ြယ္စားအတိုင္း ဆင္းတုေတာ္ ထုဆစ္ပူေဇာ္တာကို တိုင္းခြၽတ္ဘုရားလို႔ ေခၚပါတယ္။
သိပ္ခ်မ္းသာတဲ့ ကုန္သည္၊ အမတ္၊ မင္း ေတြဟာ တိုင္းခြၽတ္ဘုရားကို ေ႐ႊအတိပီးထုဆစ္ ပူေဇာ္ၾကတာလည္း ရွိတယ္။
ေ႐ႊအစစ္ကို အရည္က်ိဳပီး သုတ္လိမ္းတဲ့ အေလ့လည္းရွိတယ္။ အဲလိုေရးထားတဲ့ မွတ္တမ္းေတြ ၊ ေက်ာက္စာေတြဖတ္ရတယ္။
တိုင္းခြၽတ္ ေ႐ႊဆင္းတုေတာ္မ်ိဳး ၊ ေ႐ႊရည္သုတ္လိမ္းထားဆင္းတုေတာ္မ်ိဳးေတြ အတြင္းပတ္လမ္းမွာ ရွိခဲ့ေလမလား စဥ္းစားစရာျဖစ္ပါတယ္။
အရည္က်ိဳးပီးေဖ်ာက္ဖ်က္ယူေဆာင္သြားသလား ထပ္ေတြးမိျပန္တယ္။
ဘုရားႀကီး ၿပိဳက်မွာစိုးလို႔ အတြင္းအမိုးခုံးေတြကို အုတ္အျပည့္စီခဲ့တာလား လို႔ေမးလာရင္ေတာ့ တစ္ခါတည္းေျဖလို႔ရတယ္။ ႏိုး ပါ။ (Zay Myo Lin)
Credit
Unicode
ဓမ္မရံကြီးဘုရားမှာ ပတ်လမ်း ၂ လမ်းပါတယ်ဆိုတာ ၁၀၀% သေချာတယ်လို့ ပြောနိုင်ပါဘီ။ ယနေ့ တွေ့မြင်နေရတဲ့ ပတ်လမ်းဟာ အပြင် ပတ်လမ်းဖြစ်ပီး၊
အတွင်းပတ်လမ်းကတော့ အပေါ်ရော အောက်ရော အုတ်စီးပီး ပိတ်ထားတာတွေ့ရပါတယ်။ အရပ်လေးမျက်နှာမှာရှိတဲ့ လက်ရှိဖူးတွေ့နေရတဲ့
ရုပ်ပွါးတော်တွေဟာ ပုဂံခေတ်လက်ရာ အစစ်မဟုတ်ဖူးဆိုတာ သတိထားမိသူတွေ ရှိမှာပါ။ ဘယ်ခေတ်လက်ရာလည်းလို့ မမေးပါနဲ့ ။ မဖြေချင်ပါ။
မုဒ်ဦးလေးဘက်စလုံးက ဘုရားတွေဟာ မူလက ရှိခဲ့ဟန်မတူဘဲ နှောင်းပိုင်းမှာတည်ဆောက်ခဲ့တယ်ဆိုတာ သေချာပါတယ်။
ဘယ်ခေတ်က ဆောက်ခဲ့တာလဲ ဆိုတာ မပြောနိုင်ပေမယ့် ဘာကြောင့်ဆောက်ခဲ့တာလဲ လဲဆိုတာတော့ နည်းနည်းပြောနိုင်ပါတယ်။
အနီးစပ်ဆုံးမှတ်တမ်းဓာတ်ပုံတွေကို ပြန်ကြည့်တဲ့အခါ ASI ကရတဲ့ ၁၈၅၅ ခုနှစ် မှတ်တမ်းပုံတွေပါဘဲ။
အနီးစပ်ဆုံး မှတ်တမ်းစာကတော့ Report on Archeological Work in Burma for the year 1904-05 စာမျက်နှာ ၁၀ မှာတွေ့ရတယ်။
ဆွဲပုံ drawing အနေနဲ့ ယုံကြည်အားထားစွာ ကိုးကားနိုင်တာက ၁၉၀၄-၁၉၀၅ မှတ်တမ်းပါ ဆွဲပုံ နှင့် ဆရာကြီးပယ်ရီပိချက်ရဲ့ Bagan Inventory ထဲက
Monument 771 အမှတ်စဉ်နဲ့ ဓမ္မရံကြီး ဆွဲပုံတွေဖြစ်ပါတယ်။ ဆွဲပုံ ၂ ပုံစလုံးမှာ ပိတ်ထားတဲ့ အတွင်းပတ်လမ်းကို ထည့်ဆွဲထားပါတယ်။
၁၉၀၄ ဆွဲပုံမှာတော့ အတွင်းပတ်လမ်းရဲ့ အကျယ်ဟာ ၉ ပေ ဖြစ်တယ်လို့ ဖော်ပြထားတယ်။ အပြင်ပတ်လမ်း အကျယ်လည်း ၉ ပေဝန်းကျင်ဖြစ်လို့ အတွင်းရော အပြင်ပါ
ပတ်လမ်းအကျယ်တူညီနေတာ တွေ့ရတယ်။ ဒီတော့ ၁၉၀၄-၀၅ စာတမ်းမှာပြောထားတဲ့ အကြောင်းရာကို ပြန်ပြောပြပါမယ်။
Report on Archeological Work in Burma for the year 1904-05 စာမျက်နှာ ၁၀ မှာ အရပ်ပြောစကားကို ပြန်ရေးထားတာရှိတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀ ခန့်က ဘုန်းကြီးတစ်ပါးဟာ ဓမ္မရံကြီးဘုရားမှာ အဂ္ဂိရဖိုထိုးရင်း ပေါက်ရောက်အောင်မြင်သွားပါတယ်တဲ့။
ဖိုထိုးခြင်း အတတ်အောင်မြင်တယ်ဆိုတာ သံသေပီး ရွှေဖြစ်တဲ့ အဆင့်ရောက်တာကိုပြောတာဖြစ်ပါတယ်။ ဘုရားအတွင်းပတ်လမ်းမှာ ရှိတဲ့
လက်ကျန်ပြာပုံကိုယူပီး ရေနဲ့ ဇကာတိုက်ချရင်ဘဲ ရွှေစ လေးတွေရပါသတဲ့။ အဲဒီအရပ်ပြောစကားကို ကျောက်စာဝန်ရဲ့ ဆင်ချင်တွေးဆ ပုံက သာလို့စိတ်ဝင်စားစရာဖြစ်ပါတယ်။
အဲ့ဒီဘုန်းကြီးဟာ ဖိုထိုးတာမဟုတ်ဖဲ ဌာပနာတိုက်ကို ဖောက်ယူပီး အတွင်းက ရတဲ့ ရွှေတွေကို အရည်ကျိုပီး ယူသွားတာဖြစ်ပါသတဲ့။
ရွှေတွေကို အရည်ကျိုယူသွားပြီးတဲ့နောက် အတွင်းပတ်လမ်းကို အုတ်စီပီး ပိတ်ခဲ့တာဖြစ် ပါတယ် တဲ့။
ဒါက ၁၉၀၄ က လူက ရှေ့ နှစ် ၂၀၀ က ဘုန်းကြီးကို ခန့်မှန်းပြောဆိုတဲ့ အပြောဖြစ်ပါတယ်။
၁၉၀၄ က ဘာလုပ်ခဲ့သလဲဆိုတာ ဆက်ပြောရအောင်။ ဓမ္မရံကြီးဘုရားကို တိုင်းတာ ပုံထုတ်ခဲ့ပါတယ်။ သူတို့တိုင်းခဲ့တဲ့ ဆွဲပုံကို တင်ထားတဲ့ ပုံမှာကြည့်ပါ။
၁၉၀၄ တိုင်းတာချက်အရ အတွင်းပတ်လမ်းဟာ ၉ ပေ အကျယ်ဖြစ်ပါတယ်။ အတွင်းပတ်လမ်းကို ဝင်ကြည့်မယ်၊
ဘာတွေစိတ်ဝင်စားစရာတွေ တွေ့မလဲဆိုတာ သိရမယ်ပြောပေမယ့် ၁၉၀၄-၀၅ report တစ်ခုလုံးမှာ အဲ့ဒီအကြောင်း ပြန်လည်ဖော်ပြထားတာ မတွေ့ရလို့ မချင့်မရဲ ဖြစ်ရပြန်ပါတယ်။
၁၈၅၅ ကပုံတွေကြည့်တယ်။ ၁၉၀၄ မှတ်တမ်းကို ကြည့်တယ်။ အဲဒီ ၂ ချက်ကို အခြေခံပီး ခရစ်နှစ် ၁၇၀၀ ဝန်းကျင်ကို ပြန်ကြည့်လို့ရပါတယ်။
၁၇၀၀ ဝန်းကျင်မှာ တက်တဲ့ မင်းဟာ “စနေမင်း” ဖြစ်ပါတယ်။ နန်းတက်ခါစက ညီတော် ပုဂံစားကို အိမ်ရှေ့အရာထားတယ်။
ပုဂံနှင့် ဘယ်လိုပတ်သက်ခဲ့ကြသလဲ ဆိုပီးရှာကြည့်တဲ့ အခါ ဘုရင့်ညီတော်ဟာ ပုဂံစားဖြစ်တယ်။
၁၇၀၉ မှာ စနေမင်း က ပုဂံရွှေစည်းခုံဘုရားဖူးလာတယ်။ ညောင်ဦးမှာ သဘင်နန်းတော် ဆောက်ပီး နေလေ့ရှိတယ်။
၁၇၁၁ မှာ တူရွှင်းတောင်ခြေအထိရောက်တယ်။ ၁၇၁၄ မှာ ဆင်ဖြူတစ်ကောင် ပုဂံက ရတယ်ဆိုပီး တွေ့ရတယ်။
စနေမင်းလက်ထက် ပုဂံ နှင့် ပတ်သက်ဆက်နွယ်မှုများတယ်လို့ ပြောလို့ရတယ်။ စနေမင်းလက်ထက် ဘုန်းကြီးနဲ့ ပတ်သက်တာ ဘာရှိလဲ ပြောဖို့လိုမယ်။
ရွှေစည်းခုံဝါးတောကျောင်းကို ဇမ္ဗူဒီပဓဇရာဇဂုရုအား တင်လှူသည်လို့ တွေ့ရတယ်။ အင်းဝပျက်ခါနီး အချိန်ခါ ဖြစ်လို့ အဲဒီအချိန်ဟာ ပွဲကျောင်းဘုန်းကြီး အဂ္ဂိရဘုန်းကြီးတွေ တန်းခိုးကြီးချိန်ဖြစ်ပါတယ်။
ယခုအချိန်မှာ ရှေ့လူတွေ ထားခဲ့တဲ့ အကြောင်းရာတွေကို ချင့်ချိန်ပီး Study Guess လုပ်ရင်း ဓမ္မရံကြီးဘုရားအကြောင်း ပြန်ဆက်ကြဦးစို့။
အတွင်းပတ်လမ်း ရှိခဲ့တယ်ဆိုတာ အမှန်ပါဘဲ။ ရုပ်ပွါးတော် ၄ ဆူလည်း ရှိခဲ့မှာပါဘဲ။ ဘုရားဆင်းတုတော်ဘေးက အမိုးခုံးကို ရှေးအုတ်သုံးပီး
အပြည့်ပိတ်ခဲ့တာလည်း အသေခြာပါဘဲ။ နှောင်းလူတွေ မရိပ်မိအောင် အင်္ဂတေအချောကိုင်ပီး နံရံပေါ် ပုံဆိုးဆိုး အရုပ်တွေရေးခဲ့သေးတယ်။
သဲလွန်စပြတ်နေတာက ရှေးအုတ်သုံးခဲ့တာဖြစ်တာရယ်၊ နံရံဆေးရေးဟာ ပုဂံနှောင်းပိုင်း ဟန်လိုလို ၊ ညောင်ရမ်းခေတ်လိုလို လုပ်ထားခဲ့တာကြောင့်လည်း ပါတယ်။
နောက်တစ်ချက်ထပ်တွေးလို့ ရတာက ၁၇၀၀ ဝန်းကျင်က စနေမင်းလက်ထက်က ဘုန်းကြီးဟာ ဩဇာကြီးသူဖြစ်မယ်ဆိုတာပါဘဲ။
အတွင်းပတ်လမ်းကို အပြင်ကနေတိုက်ရိုက်မမြင်နိုင်အောင် ရှေ့တည့်တည့်မှာ ရုပ်ပွါးတော်ကြီးတွေ လုပ်ပစ်ပါတယ်။
မြင်ကွင်းအပြင် တိုးဝင်လာတဲ့ “လေ” တိုက်ခတ်မှုကိုပါ ကာကွယ်ချင်တဲ့ သဘောဖြစ်နိုင်တယ်။
လေးဘက်လေးတန်စလုံး ကာပစ်လို့လည်း မရပြန်ပါဘူး၊ ထွက်ပေါက်တစ်ခုတော့ ချန်ထားရပါမယ်။ အဲ့ဒါ အရှေ့မုဒ်ကို ချန်ထားတာဘဲပေါ့။
နောက်တစ်ချက်က ဘာလို့ ပိတ်ပစ်ခဲ့သလဲဆိုတာပါဘဲ။ ဌာပနာတိုက်ဖောက်ယူရုံနဲ့တော့ အတွင်းပတ်လမ်းတစ်ခုလုံး ပိတ်ပစ်စရာ မလိုပါဘူး။
ခြေရာ လက်ရာမပျက် ဌာပနာတိုက်ကို ပြန်ပိတ်ရုံပါဘဲ။ အတွင်းပတ်လမ်းတစ်ခုလုံး နှောင်းလူတွေ မမြင်စေချင်တာ ဘာကြောင့်ပါလဲ။
ပုဂံခေတ်မှာ တိုင်းချွတ်ဘုရား ဆိုတာရှိတယ်။ သက်ရှိလူခန္ဓာကိုယ်အရွယ်စားအတိုင်း ဆင်းတုတော် ထုဆစ်ပူဇော်တာကို တိုင်းချွတ်ဘုရားလို့ ခေါ်ပါတယ်။
သိပ်ချမ်းသာတဲ့ ကုန်သည်၊ အမတ်၊ မင်း တွေဟာ တိုင်းချွတ်ဘုရားကို ရွှေအတိပီးထုဆစ် ပူဇော်ကြတာလည်း ရှိတယ်။
ရွှေအစစ်ကို အရည်ကျိုပီး သုတ်လိမ်းတဲ့ အလေ့လည်းရှိတယ်။ အဲလိုရေးထားတဲ့ မှတ်တမ်းတွေ ၊ ကျောက်စာတွေဖတ်ရတယ်။
တိုင်းချွတ် ရွှေဆင်းတုတော်မျိုး ၊ ရွှေရည်သုတ်လိမ်းထားဆင်းတုတော်မျိုးတွေ အတွင်းပတ်လမ်းမှာ ရှိခဲ့လေမလား စဉ်းစားစရာဖြစ်ပါတယ်။
အရည်ကျိုးပီးဖျောက်ဖျက်ယူဆောင်သွားသလား ထပ်တွေးမိပြန်တယ်။
ဘုရားကြီး ပြိုကျမှာစိုးလို့ အတွင်းအမိုးခုံးတွေကို အုတ်အပြည့်စီခဲ့တာလား လို့မေးလာရင်တော့ တစ်ခါတည်းဖြေလို့ရတယ်။ နိုး ပါ။ (Zay Myo Lin)
Credit
Crd