ဒေါ်လာ ၇ သန်း၊ ဟောလီးဝုဒ်နဲ့ ဆိတ် ၇ ကောင်
မိတ်ဆွေကို အထက်ပါ ၃ ခုထဲက ဘယ်အရာကို ရွေးမလဲဆိုရင် ဒေါ်လာ ဒါမှမဟုတ် ဟောလီးဝုဒ်မှာ သရုပ်ဆောင်ဖို့ တစ်ခုခုရွေးမှာပါ။
ဒါပေမဲ့ သင်နဲ့မတူဘဲ ဆိတ် ၇ ကောင်ကိုရွေးချယ်ခဲ့သူ အမှန်တကယ်ရှိခဲ့ပါတယ်။ သူ့အကြောင်းကို တင်ပြလိုက်ပါတယ်။
နမီးဘီးယားနိုင်ငံလေးဟာ အာဖရိကတိုက်မှာ ရှိပါတယ်။ တောတောင်ထူထပ်ပြီး လူမျိုးနွယ်စုလေးတွေဟာ တောတွင်းမှာ သီးခြားနေထိုင်လေ့ ရှိကြပါတယ်။
ကာလာဟာရီ သဲကန္ဒာရထဲက စန် ( San ) ဆိုတဲ့ ရွာလေးတစ်ရွာမှာ Basawa လူမျိုးစုတစ်စု နေထိုင်ပါတယ်။ ငါးဖမ်းတာ၊ အမဲလိုက်တာ၊ ပျားဖွပ်တာ သူတို့အသက်မွေးနည်းပဲဖြစ်ပါတယ်။
အဲဒီရွာမှာ Toma ဆိုသူ တစ်ယောက်ရှိပါတယ်။ သူက အခြားသူတွေထက် ဉာဏ်ကောင်းပါတယ်။
၁၉၇၉ ခုနှစ်၊ မေလမှာ ဟောလီးဝုဒ်က ဆက်တင်သမားတစ်ဦးဖြစ်တဲ့ Peter Jay နဲ့ သူငယ်ချင်း ၃ ဦးဟာ တောင်အာဖရိကကို အမဲလိုက် ခရီးထွက်ခဲ့ပါတယ်။
သူတို့လေယာဉ်ဟာ Toma တို့ရွာ မလှမ်းမကမ်းမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကြပြီး အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် သူတို့အားလုံးသေဆုံးသွားပြီလို့ သတင်းတွေမှာ ကြေငြာခံခဲ့ရပါတယ်။
ကံကောင်းသူ Peter Jay ဟာ သတိမေ့နေချိန်မှာ အမဲလိုက်ထွက်လာတဲ့ Toma က တွေ့ရှိပြီး သူ့ရွာကို ခေါ်ဆောင် ကယ်ဆယ်ခဲ့ပါတယ်။
ပီတာ (Peter) ဟာ အဲဒီ ရွာမှာ ၅ လကြာခဲ့ပါတယ်။ Toma နဲ့လည်း ရင်းနှီးသွားပါတယ်။ မြို့ပြစရိုက်ကို လုံးဝ နားမလည်တဲ့အပြင် ဘာသာစကား မတူတာကြောင့် Toma နဲ့ Peter တို့ကြားမှာ အလွဲလွဲ အချော်ချော်တွေဖြစ်ခဲ့ပါတယ်။
Peter ဟာ ဒီအလွဲတွေကြောင့် တစ်ခါတစ်လေ အူတက်မတတ် ရယ်မောခဲ့ရပါတယ်။ သူက ဒီအရာတွေကို ဟာသအနေနဲ့ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးမိခဲ့ပါတယ်။
တစ်နေ့မှာတော့ Peter ဟာ သစ်တောစောင့်ရှောက်ရေး အဖွဲ့နဲ့တွေ့ခဲ့ပြီး အိမ်ပြန်ဖို့ ဖြစ်လာပါတယ်။ သူက Toma ကို သူနဲ့လိုက်ခဲ့ဖို့ ခေါ်ပါတယ်။ Toma က မလိုက်ရဲပါဘူး။
နောက်ဆုံးတော့ Toma ကို ဆိတ် ၇ ကောင်ပေးမယ်ဆိုပြီး ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ ( ဆိတ် ၇ ကောင်ရှိရင် Toma တို့ရွာမှာ သူဌေးပါ။ )
Peterရဲ့အဖေဖြစ်သူ Jamie Uys ဟာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်ပါတယ်။ အစမှာတော့ သားဖြစ်သူ Peter ရဲ့ Toma အလွဲတွေကို ရုပ်ရှင်အဖြစ်ရိုက်ဖို့ သဘောမတူခဲ့ပါဘူး။
ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ Peter ကြောင့် နောက်ဆုံးမှာ ခွင့်ပြုခဲ့ပါတယ်။ ပြဿနာက ဘာမှမတတ်တဲ့အပြင် ပြောသမျှ တလွဲလုပ်တတ်တဲ့ Toma ကို ရုပ်ရှင်ရိုက်ပေးမဲ့ ဒါရိုက်တာ ငှားမရတာပါ။
နောက်ဆုံးတော့ Jamie ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေးခဲ့ပါတယ်။ ဒေါ်လာ ၅ သန်း ကုန်ကျပါတယ်။
အမေရိက၊ ဥရောပနဲ့ အာဖရိကမှာ တပြိုင်တည်း ရုံတင်ပြသခဲ့ပါတယ်။ ၁၉၈၄ ခု၊ ဇူလိုင်လမှာပါ။ ရုပ်ရှင်ကားနာမည်ကိုပြောရင် စာရှုသူ အတိတ်ကို သတိရသွားပါလိမ့်မယ်။
ကျနော်ကိုယ်တိုင် အမှတ်တရပါဘဲ။ နာမည်ကတော့ The God Must Be Crazy ဖြစ်ပါတယ်ခမျာ။
ဒေါ်လာ သန်း ၆၀ ကျော်ပြန်ရခဲ့ပါတယ်။ ဒီဇါတ်ကားထဲက တချို့အခန်းတွေဟာ လူရိုင်း Toma ဟာ သရုပ်ဆောင်တာ မဟုတ်ဘဲ ကင်မရာကို သေနတ်ထင်လို့ ကြောက်လန့်တကြား ပြုမူခဲ့တာတွေဖြစ်ပါတယ်။
ဒါကို မဖြတ်မတောက်ဘဲ ထည့်ပေးထားတယ် ဆိုပါတယ်။ စကားပြောခန်းတွေဆိုလည်း သင်မရတဲ့သူ့ကြောင့် ခနခန ပြန်ရိုက်ခဲ့ရပါတယ်။
ဘာပဲဖြစ်ပါစေ ဒီကားဟာ တစ်နှစ်အတွင်း သန်း ၁၁၀ ကျော်ရပြီး အောင်မြင်သွားပါတယ်။ Toma လည်းနာမည်ကြီးသွားခဲ့ပါတယ်။
Toma ဟာ ဒီဇါတ်ကားအတွက် ဒေါ်လာ ၇ သန်း ရခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ ငွေတွေကို မယူဘဲ ဆိတ် ၇ ကောင်သာ လိုချင်နေလို့ Peter က သူ့ကို ဆိတ်အကောင် ၃၀ နဲ့ အတူ ပြန်ပို့ပေးခဲ့ပါတယ်။
ကမ္ဘာတလွှားက သူ့ပရိတ်သတ်တွေဟာ ဒုတိယကား ဆက်ရိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီတခါတော့ နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ 20th Century Fox က တာဝန်ယူရိုက်ကူးခဲ့ပါတယ်။
The God must be crazy 2 ကို ၁၉၉၀ ခုနှစ်၊ ဇူလိုင်မှာ ပြသပါတယ်။ သူလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။
ထူးခြားတာက Toma တို့ တစ်မိသားစုလုံး ပါဝင်ရိုက်ကူးခဲ့တာပါ။ မှတ်မိမလားမသိ Toma ရဲ့သားလေးဟာ ရေကားကိုယ်ထည်ထဲ ပြုတ်ကျသွားတဲ့အခန်းကိုပါ။ Toma ဟာ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို သင်ပြစရာမလိုဘဲ သဘာဝအတိုင်း ဖေါ်ပြနိုင်ခဲ့ပါတယ်။
ဒီရုပ်ရှင် ၂ ကားကြောင့်ရယ် Toma သရုပ်ဆောင်မှုတွေကြောင့် ကမ္ဘာပေါ်က လူသိနည်းသေးတဲ့ မျိုးနွယ်တွေအကြောင်း ကမ္ဘာကြီးက သိခဲ့ရပါတယ်။
Toma ကိုလည်း လူရိုင်းမျိုးနွယ်စုတွေရဲ့သံတမန်အဖြစ် ကုလက ခန့်အပ်ခဲ့ပါတယ်။ Toma ဆက်လက်ရိုက်ကူးခဲ့တာတွေကတော့
– Crazy Safari
– Crazy Hong Kong
-The God must be Funny in China
– Sakei Urunrun Taizaiki တို့ဖြစ်ပါတယ်။
သူ့ကို ဂင်းနစ်မှတ်တမ်းမှာလည်း အာဖရိကအောင်မြင်မှုအရှိဆုံး လူသားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရုပ်ရှင်သမိုင်းမှာလည်း တစ်သက်တာ ဟာသသရုပ်ဆောင်ဆု ရခဲ့ပါတယ်။
ငွေကတော့ ဒေါ်လာသန်း ၇၀ လောက်ရခဲ့ပေမယ့် အာဖရိက ကလေးငယ်များ အဟာရဖွံ့ဖြိုးမှု ဖေါင်ဒေးရှင်းကို လှူဒါန်းခဲ့ပြီး သူကတော့ ဇာတိရွာလေးကိုပဲ ပြန်ခဲ့ပါတယ်။
သူဟာ ၂၀၀၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
တစ်ခုခု ခံစားရတယ်ဆိုရင် မန့်ခဲ့ပါနော်။ ကျေးဇူးတင်ပါတယ်။
Knight News Team
Knight News © 2023
Crd