ဒေါ်လာ ၁၅၀၀တန်ဖိုးရှိ ဝက်ဝံရုပ်ကြီးနှင့်အတူ Crushနေသော မိန်းကလေးအား ချစ်ခွင့်ပန်ခဲ့ရာကြေကွဲစွာဖြင့် အငြင်းခံလိုက်ရသည့် ကောင်လေး

News Social News








Zawgyi

ဒေါ်လာ ၁၅၀၀တန်ဖိုးရှိ ဝက်ဝံရုပ်ကြီးနှင့်အတူ Crushနေသော မိန်းကလေးအား ချစ်ခွင့်ပန်ခဲ့ရာကြေကွဲစွာဖြင့် အငြင်းခံလိုက်ရသည့် ကောင်လေး

လောကကြီးရှိ ကိုယ်လိုချင်သော အရာတော်တော်များများကို ငွေသာရှိလျှင် ဖန်တီးပိုင်ဆိုင်နိုင်သော်လည်း လူတစ်ယောက်ဧ။် ချစ်ခြင်းမေတ္တာကိုတော့ ငွေနှင့်ဝယ်ယူ၍ မရပါ။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ကောင်လေးတစ်ဦးသည် ချမ်းသာသည့် မိသားစုမှ မွေးဖွားလာခဲ့ရပြီး ငွေကိုကြိုက်သလို သုံးဖြုန်းနိုင်ခဲ့၍ အများမှ သူဧ။်ဘဝလေးကို အားကျကြရသည်။

ကောင်လေးသည် တစ်နေ့တွင် သူကြိတ် Crushနေသော မိန်းကလေးအား ချစ်ရေးဆိုမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် မိန်းကလေးတို့ဧ။်အကြိုက်ဖြစ်သော ၈ပေအရှည်ရှိသည့် ဝက်ဝံရုပ်ကြီးအား ဒေါ်လာ ၁၅၀၀ကုန်ကျခံပြီး ဝယ်ယူခဲ့သည်။

ထို့နောက် ဝက်ဝံရုပ်ကြီးအား ကားပေါ်တွင် တင်ကာ ကောင်မလေးရှိရာ တက္ကသိုလ်ကျောင်းတစ်ခုဆီသို့ ဦးတည်ပြီး မောင်းသွားခဲ့စဉ် ဖြတ်သွားဖြတ်လာသူများမှ စိတ်ဝင်စားပြီး နောက်ကလိုက်ကြည့်ခဲ့ကြသည်။

တက္ကသိုလ်ရှေ့ရောက်ပြီး Crushလေးအားတွေ့စဉ် ကောင်လေးသည် ဝက်ဝံရုပ်ကြီးကို ဒူးထောက်သည့်ပုံစံမျိုးလုပ်ပြီး သူဧ။်ခံစားချက်အား ဖွင့်ဟဝန်ခံခဲ့သည်။

ကံဆိုးစွာဖြင့် Crushနေသော မိန်းကလေးမှာ” အရုပ်တော့ကြိုက်တယ် လူကိုတော့ ပြန်မကြိုက်နိုင်ပူး”ဟု ဆိုခဲ့၍ ကောင်လေးမှာ ဝမ်းလည်းနည်း ရှက်လည်းရှက်သွားခဲ့သည်။

Crd