ဒုံးကျည်နှင့်အတူ သမီးဖြစ်သူကိုပါ ကမ္ဘာကို ထုတ်ပြခဲ့သည့် ကင်ဂျုံအန်း

ဒုံးကျည်နှင့်အတူ သမီးဖြစ်သူကိုပါ ကမ္ဘာကို ထုတ်ပြခဲ့သည့် ကင်ဂျုံအန်း
၁၉/၁၁/၂၀၂၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူရဲ့ ပုံကို မြောက်ကိုရီးယားအစိုးရသတင်းဌာနက နိုဝင်ဘာ ၁၈ ရက်နေ့ညက ပထမဆုံးထုတ်ဖေါ် ပြသခဲ့ပါတယ်။


မနေ့က Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မပစ်ခတ်ခင်မှ ကင်ဂျုံအန်းဟာ သမီးဖြစ် သူကို ဒုံးကျည်ထားရှိရာနေရာကို ခေါ်ဆောင်ပြသနေတဲ့ပုံတွေကို အစိုးရရုပ်သံက ထုတ်လွှင့်ပြသခဲ့ တာဖြစ်ပါတယ်။

ဒုံးကျည်ပစ်ခတ်ချိန် အစအဆုံးမှာ ကင်ဂျုံအန်းဟာ သမီးဖြစ်သူနဲ့အတူ စောင့်ကြည့် အားပေးနေတာတွေ့ရပါတယ်။ သမီးဖြစ်သူရဲ့ အမည်နဲ့ အသက်ကိုတော့ မြောက်ကိုရီး ယားအစိုးရရုပ်သံသတင်းမှာ ဖေါ်ပြသွားတာမတွေ့ရပါဘူး။ “မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ကြီးနဲ့ မြောက်ကိုရီးယားရဲ့မျိုးဆက်သစ်ခေါင်းဆောင်” ဆိုတဲ့အသုံးအနုံးကို သုံးသွားတာတွေ့ရတဲ့အတွက် မြောက်ကိုရီးယားကို လက်ဆင့်ကမ်းအုပ်ချုပ်မဲ့ လေးဆက်မြောက် ကင်မျိုးဆက်ကို စတင်ပွဲထုတ်လာတာဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားလေ့လာသူတွေက သုံးသပ်နေပါတယ်။


မနေ့က စမ်းသပ်ပစ်ခတ်ခဲ့တဲ့ Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်ထဲအထိ ကျရောက်ခဲ့တဲ့အတွက် ကိုရီးယား ကျွန်းဆွယ်မှာ နောက်ထပ်တင်းမာမှုတွေ ပေါ်ပေါက်လာ နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

#BNN
#BurmaNewsNetwork
crd Moe win oo