ဒီနေ့ သာကေတမှာ ဖြစ်သွားတာပါ၊ တက်စီသမားနဲ့ ပေါင်းပြီး အုပ်စုလိုက် လုပ်စားနေကြတာပါ

News Social News

ဒီနေ့ သာကေတမှာ ဖြစ်သွားတာပါ၊ တက်စီသမားနဲ့ ပေါင်းပြီး အုပ်စုလိုက် လုပ်စားနေကြတာပါ..

ဒီနေ့ သာကေတ အနော်မာမှာ ဖြစ်သွားတာပါ။ Company ဝန်ထမ်းလေးတစ်ယောက်က YBS (32) ကားစီးလာပြီး အနော်မာမှတ်တိုင် မရောက်ခင် အုပ်စုလိုက် ဖုန်း အနှိုက်ခံရလိုက်ပါတယ်။

အနှိုက်ခံရမှန်းသိတဲ့အချိန် မသင်္ကာသူ (2) ယောက် ကလည်း အနော်မာဂိတ်မှာ ဆင်းတော့ အဲ့ (2) ယောက်ကို “မင်းတို့နဲ့ ပါလာတဲ့ ကောင်တွေ ငါ့ဖုန်းကို ယူသွားတာ ငါသိတယ် ၊ ဖုန်းပြန်လာပေး ၊ ပြန်လွှတ်ပေးမယ်” ဟုပြောဆို ဖမ်းဆီးထားတာကို.. “ကျွန်တော်တို့က ဖုန်းခိုးတဲ့ အဖွဲ့ကမဟုတ်ပါဘူး။ ကြည်မြင်တိုင်မှာ ပန်းရန် လုပ်တာပါ။ ကျွန်တော်တို့ အိတ်ထဲလည်း ဖုန်းမရှိပါဘူး” ဆိုပြီး သူတို့အလုပ်က Taxi ဆိုပြီး တစ်ယောက်က လာခေါ်ပါတယ်။

လာခေါ်တဲ့ Taxi ကလည်း ကြည်မြင်တိုင်မှာ အလုပ်သွားရမှာမို့ လာခေါ်တာပါတဲ့။ “ဦးထုပ်နဲ့ တစ်ယောက်က Taxi သမားပါ” Fielder ကား ပုံပါ နံပါတ်အနီနဲ့ သတိထားကြပါ။

Taxi သမားကလည်း မူမမှန်ဘဲ ပြန်လှည့်ပြီး နောက်လူတွေ လိုက်ခေါ်မည် ဆိုပြီး ပြန်ထွက်သွားတယ်။

ကျန်ခဲ့တဲ့ (2) ယောက်ကို ဖမ်းပြီး ထပ်စစ်တော့ သူတို့အဖွဲ့ထဲက တစ်ယောက်က ဖုန်းလာပြန်ပေးတယ်။ လာပေးတဲ့ တစ်ယောက်ကို ရပ်ကွက်က ဝိုင်းပြီး ထိုးကြိတ်တော့ နောက်မှာ စောင့်နေတဲ့ Taxi ပေါ်က လူ (6) ယောက်လောက် ဆင်းလာပြီး ရန်ရှာကြတော့ ရပ်ကွက်ထဲက လူတွေ ဝိုင်းလာပြီး “သူခိုး သူခိုး” ဆိုပြီး ဝိုင်းပြီး လိုက်ကြမှ အကုန်ထွက်ပြေးသွားကြတာ။

ရန်ရှာတဲ့ လူ ၆ ယောက် စီးလာတဲ့ ကားက (Probox) ပါ။ အုပ်စုလိုက် လုပ်စားနေကြတာ ကြောက်ဖို့ကောင်းနေပါပြီ။ အထူးသတိထားကြပါ။ (From YBS လမ်းညွှန်)

Crd