ဒီဇိုင်းဆန်းတဲ့ ကိုယ်ပျောက်တိုက်လေယာဉ် – F-37 Talon
ဒီလေယာဉ်ကို F/A-37 Talon လို့လည်း ခေါ်ကြပါတယ်။ ပုံဆန်းဆန်း ဒီလေယာဉ်ကို ၂၀၀၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထဲမှာ စသတိထားမိလာကြပါတယ်။
ရုပ်ရှင်ထဲမှာတော့ လေယာဉ်ဟာ အမေရိကန်လေတပ်က ပိုင်ဆိုင်ပြီး တစ်ယောက်မောင်း ကိုယ်ပျောက် တိုက်ခိုက်ရေးလေယာဉ် (Stealth Fighter) ဖြစ်ပါတယ်။ အမြန်နှုန်းက အသံထက် ၃.၅ ဆရှိပြီး မိုင် ၄၀၀၀ အထိ လှုပ်ရှားစစ်ကစားနိုင်စွမ်း ရှိပါတယ်။
ဒီလေယာဉ် တကယ်ရှိ၊မရှိကတော့ အမေရိကန်အာဏာပိုင်တွေပဲ သိပါလိမ့်မယ်။ ယူအက်စ်ဆိုတာကလည်း လျှို့ဝှက်တတ်တဲ့သဘောရှိပေမဲ့ အပြင်ကို တစွန်းစ ထွက်လာရင် တကယ်ဖြစ်လာတာမို့ တွေ့သမျှ ရှာဖွေတင်ပြလိုက်ပါတယ်။
ရုပ်ရှင်ကပဲ စပြောရမှာပါ။ ဇာတ်လမ်းထဲမှာ ဒီလေယာဉ်(၃)စီးဟာ လေယာဉ်တင်သင်္ဘော အေဗရာဟင်လင်ကွန်း (အမှန်က ကားဗင်ဆင်သင်္ဘော ဖြစ်ပါတယ်။) ပေါ်က ပျံတက်ခဲ့ကြပြီး မစ်ရှင် (Mission)တွေ ဆင်နွှဲကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သူရဲ့ စွမ်းရည်တွေကတော့ ဟိုက်ပါဆောနစ် (Hypersonic) အမြန်နှုန်းနဲ့ ပျံသန်း တိုက်ခိုက်နိုင်အောင် အင်ဂျင် (၂) လုံး တပ်ဆင်ထားပါတယ်။
အင်ဂျင်ကတော့ (Pulse Detonation/ Scramjet) အမျိုးအစားပါ။ အတောင်ပံတွေက ခေါက်လို့၊ ဆန့်လို့ ရပါတယ်။ ဒါက အမြန်နှုန်းကို မြှင့်တင်ပေးတဲ့ နည်းပညာပါ။ လည်ပတ်စက်အမြှောက် (Rotary Cannon) က ထောင့်ကျယ် ပစ်ခတ်နိုင်ပါတယ်။
တခြားလက်နက်တွေကတော့ GAU-12 Equalizer AIM-9 Sidewinder ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ အီလက်ထရောနစ်တိုက်ပွဲအတွက် AGM-88 Anti-radiation missile ဒုံးကျည်တွေပါ တပ်ဆင်ထားပါတယ်။
ဝေဟင်မှ မြေပြင်အတွက်တော့ AGM-130C Blue Ferret ကို တပ်ဆင်ထားပါတယ်။ ကြဲချဖို့ ဗုံးတွေကတော့ FAEs ဗုံးနဲ့ Truncheon Implosion ဗုံးတွေသုံးပါတယ်။
ထိန်းကျောင်းမှုစနစ်အတွက် CIP (Common Integrated Processor) ကို သုံးထားပါတယ်။ ဒီစနစ်က ယာဉ်ရဲ့အတွင်းပိုင်းပျက်စီးမှု (Internal Damage) ကို အာရုံခံ ဖော်ပြနိုင်ပါတယ်။
ဒီစနစ်ဟာ AI (Artificial Intelligence)နဲ့ ဆင်သလို၊ (Brain) ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်း ရှိပါတယ်။ ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကိုပါ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။
Talon ဟာ တိကျတဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်မှုမှာ ထိပ်တန်းဖြစ်ပါတယ်။ ပိုင်းလော့တွေဟာ ဖန်သားပြင်တစ်ခုတည်းကို ကြည့်ရှု့ပြီး ယာဉ်ကို ထိန်းကျောင်းမောင်းနှင်နိုင်ပါတယ်။ လေယာဉ်ရဲ့ ကွန်ပျူတာကို ပိုင်းလော့ဟာ အသံနဲ့ ဆက်သွယ်စေနိုင်ပါတယ်။
ရုပ်ရှင်ထဲမှာတော့ လေယာဉ်ဟာ စနစ်ချို့ယွင်းသွားခဲ့ရင် Self Destruct ခေါ် ကိုယ့်ဖာသာကိုယ် ဖောက်ခွဲဖျက်စီးပစ်နိုင်စွမ်း ရှိပါတယ်။
ကဲ အပြင်က (ပိတ်ကားနောက်ကွယ်က ) အဖြစ်မှန်ကို ကြည့်ရအောင်နော်။
ဒီ လေယာဉ်ကို ၁၉၉၉ ခုနှစ်မှာ (Northrop Grumman) နောရော့ဂရူးမင်းက ထုတ်လုပ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ သိသာထင်ရှားတဲ့ အတောင်ပံ ခေါက်နိုင်၊ဆန့်နိုင်မှု နည်းပညာက အဲအချိန်မှာ အသစ်အဆန်းဖြစ်လို့ လူတွေစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ ဒီလေယာဉ်ကို “Switchblade” လို့ အမည်ပေးခဲ့ပါသေးတယ်။ Popular Science မဂ္ဂဇင်းမှာ ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလမှာ ဖော်ပြထားပါတယ်။ မူလ ဒီဇိုင်းအမည်က VF-19 Excalibur ဖြစ်ပါတယ်။
လေယာဉ်ဟာ ၃၆၀ ဒီဂရီ ကွေ့ဝိုက် ပျံသန်းနိုင်ပြီး ကမ္ဘာ့ဆွဲအား မြင့်မြင့်မားမားကို ခံနိုင်ရည် ရှိပါတယ်။ အလျား ၂၂.၈ မီတာ၊ တောင်ပံအကျယ် ၂၅.၅၃ မီတာနဲ့ အမြင့်က ၄.၆ မီတာ ရှိပါတယ်။ ပုံလေးတွေသာ ရှု့စားလိုက်ကြပါနော်။
လေယာဉ်ရဲ့ ဒီဇိုင်းကတော့ “ငှက်သွင်ပျံကြွ မတတ်သော်” လို့သာ တင်စားလိုက်ပါရစေလို့။
Knight News Team
Knight News © 2022
Crd