ဒရုန်းတို့ရဲ့ ခေါင်းကိုင်ဖခင်

ဒရုန်းတို့ရဲ့ ခေါင်းကိုင်ဖခင်

အစ္စရေးဒရုန်းတွေဟာ ကမ္ဘာမှာ ခေတ်အမီဆုံးလို့ ပြောလို့ရပါတယ်။ ဒရုန်းခေတ်ကိုစတင်ခဲ့တာ အစ္စရေးပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ အစ္စရေးဟာ ဒရုန်းနည်းပညာမှာ ဘုရင်တစ်ဆူ ဖြစ်ပါတယ်။

အစ္စရေးဟာ ဒရုန်းနဲ့ မစ်ရှင်အမျိုးမျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ အစ္စရေးရဲ့ အကြီးဆုံးဒရုန်းဟာဆိုရင် လေယာဉ်အရွယ်အစားထိ ရှိပါတယ်။ ဒီလို ဒရုန်းဟာ အလေးချိန် (၁)တန်လောက် သယ်နိုင်ပါတယ်။

Harop

မနှစ်ကအထိ အစ္စရေးဟာ ဒရုန်းနဲ့ပါတ်သက်လို့ ဘာသံမှမထွက်အောင်နေခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ ကမ္ဘာကို အသိပေးဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ မနှစ်က နိုဝင်ဘာလမှာ အစ္စရေးဗိုလ်ချုပ်ဟာ သူတို့ ဒရုန်းအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူတို့က လေတပ်နဲ့ လက်နက်ထုတ်လုပ်ရေး (၂)ဖွဲ့ပေါင်း ထုတ်လုပ်ကြတာပါ။ တချို့ကိုတော့ ပတ်ဝန်းကျင်နိုင်ငံတွေက ပစ်မှတ်တွေကို ဖျက်စီးဖို့ သုံးပါတယ်။ ပါလက်စတိုင်းတို့၊ ဆီးရီးယားတို့က ပစ်မှတ်တွေကိုပါ။

တချို့ကတော့ ပိုဝေးတဲ့ ပစ်မှတ်တွေကို ဖျက်စီးပါတယ်။ အီရန်တို့၊ ဆူဒန်တို့လိုနိုင်ငံတွေက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။

UAV ခေါ် ဒီ ဒရုန်းတွေဟာ အဝေးထိန်းစနစ်နဲ့ ပျံသန်းပါတယ်။ သူတို့က ဒေတာအချက်အလက်တွေ ပြန်လည်ပေးပို့နိုင်သလို၊ ဒုံးကျည်တွေ၊ ဗုံးတွေကို ပစ်ခတ်ကြဲချနိုင်ပါတယ်။

Heron TP

ဗီဒီယိုဖိုင်တွေကို စခန်းပြန်မရောက်ခင် ကြိုပြီး ပေးပို့နိုင်ပါတယ်။ သူတို့သုံးဝာာက တစ်ခါသုံး ကာမိကာဇေဒရုန်း မဟုတ်ပါဘူး။ ကာမိကာဇေဒရုန်းတွေဟာ မတိကျပါဘူး။ ဒါပေမဲ့လည်း အစ္စရေးမှာ ကာမိကာဇေဒရုန်းတွေလည်း ရှိနေပါတယ်။

ဒရုန်းတွေဟာ တကယ်တော့ အစ္စရေးက စတင်ဖြစ်ပေါ်လာပြီး တိုးတက်လာခဲ့တာပါ။ အစ္စရေးရဲ့ IAI Harop အမျိုးအစားဆိုရင် အခုထိ အသုံးတည့်နေဆဲဒရုန်း ဖြစ်ပါတယ်။ ကာမိကာဇေတွေဟာ ဒုံးကျည်တွေလို တစ်ခါသုံး ဖြစ်ပလတယ်။ တိုက်ခိုက်ရေးဒရုန်းကတော့ နည်းပညာ ပိုမိုရှုပ်ထွေးပါတယ်။

အစ္စရေးရဲ့ နာမည်ကြီး ဒရုန်း(၂)မျိုးကတော့ Heron TP နဲ့ Hermes တို့ ဖြစ်ပါတယ်။ နှစ်ခုစလုံးကို အစ္စရေးကပဲ ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

Heron TP ကို Eitan လို့လည်း ခေါ်ပါတယ်။ IAI (Israel Aerospace Industries) က ထုတ်လုပ်တာ ဖြစ်ပါတယ်။ သူက (၄၅) ပေ ရှည်ပါတယ်။ Wingspan က (၈၆)ပေတောင် ရှိပါတယ်။

Heron TP

သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ပါတယ်။ အဆိုအရတော့ အမြင့်ပေ ၄၅,၀၀၀ အထိ တက်ရောက်ပျံသန်းနိုင်ပြီး ၇၂ နာရီကြာ မနားတမ်း ပျံသန်းနိုင်ပါတယ်။

အထင်ကြီးစရာအကောင်းဆုံးအချက်ကတော့ Haron/Eitan ဟာ လက်နက်အမြောက်အများ သယ်ဆောင်နိုင်ပါတယ်တဲ့။ သူရဲ့ သယ်ဆောင်နိုင်မှုဝန်ချိန်က မက်ထရစ် တစ်တန်နီးပါး ရှိပါတယ်။

သူက တစ်တန်အလေးချိန်ရှိတဲ့ဗုံးကို သယ်နိုင်တယ်လို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ လက်နက်အမျိုးမျိုးကိုမျှပြီး ဟန်ချက်ညီ သယ်ဆောင်နိုင်တာကို ဆိုလိုတာပါ။ သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံပေါ်မှာလည်း မူတည်ပါတယ်။

အစ္စရေးဒရုန်းစက်ရုံတွေဟာ သူတို့လက်နက်စွမ်းပကားနဲ့ နည်းပညာကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ပြောတာမျိုး မလုပ်ကြပါဘူး။ကာကွယ်ရေးဌာရဲ့ ပေါ်လစီကြောင့်လည်း ပါပါတယ်။

Hermes

ဒါပေမဲ့ ဒရုန်းတွေကိုတော့ ပြည်ပကို တင်ပို့ရောင်းချပါတယ်။ တချို့ကို အစိုးရခြင်း သဘောတူညီမှုနဲ့ ရောင်းချတာ ဖြစ်ပါတယ်။ ဒီလို ထိန်းချုပ်ထားတာ ဒရုန်းကုမ္ပဏီတွေဟာ အသံသိပ်မထွက်တာ ဖြစ်ပါတယ်။

ဒါက နည်းပညာလုံခြုံမှုအတွက်လည်း စိတ်ချရစေပါတယ်။ ဒရုန်းမှာ တပ်ဆင်တဲ့ လက်နက်တွေ၊ ဗုံးတွေအားလုံးကလည်း အစ္စရေးလုပ်တွေ ဖြစ်ပါတယ်။

Free Fall Bomb ဆိုရင် အသံရဲ့ အမြန်နှုန်းနဲ့ သွားနိုင်ပါတယ်။ ခရုစ်ဒုံးကျည်တွေခေတ်မှာ ဒီဗုံးတွေဘာလို့သုံးသလဲ မေးစရာရှိပါတယ်။ (ဥပမာပြရရင် အမေရိကန်ဒရုန်းတွေမှာ Hell Fire ဒုံးကျည်တွေ တပ်ဆင်အသုံးပြုပါတယ်။) ဗုံးဆိုဝာာက ခေတ်နောက်ကျနေပြီလို့ ယူဆစရာရှိပါတယ်။

ဒါပေမဲ့ အစ္စရေးဒရုန်းတွေအတွက် ကိုယ်ဖျောက်ဖို့နဲ့ လျှို့ဝှက်ဖို့ (ရန်သူမသိဖို့)က အရေးကြီးပါတယ်။ ခရုစ်‌တွေဟာ အင်ဂျင်ပါဝင်ပြီး အသံနဲ့ မီးခိုးထွက်ပါတယ်။

အစ္စရေးဒရုန်းတွေကျတော့ တိတ်တဆိတ်နဲ့ အလစ်ငိုက် တိုက်ခိုက်ရတာမျိုးပါ။ သူရဲ့ ပစ်မှတ်တွေဟာ တစ်ခါတစ်လေ နေရာမြန်မြန်ပြောင်းရွေ့တတ်တဲ့ အကြမ်းဖက်သမားမျိုးတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရွေ့ပြောင်းဒုံးကျည်တွေကို ဖြစ်ပါတယ်။ ဒါတွေကို ရန်သူက မပစ်ခင် လက်ဦးမှုယူပြီး ချေမှုန်းရတာမျိုးပါ။

အစ္စရေးဒရုန်းတွေဟာ ဒုံးကျည်လဲ တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီ ဒရုန်းမျိုးတွေကျတော့ ကြီးမားပြီး အသံလည်း ထွက်ပါတယ်။

ဒါကြောင့် အမြင့်ထိပျံပြီးမှ တိုက်ခိုက်ရတဲ့နေရာမျိုးမှာ သုံးပါတယ်။ ဒါမှ ရန်သူက အသံမကြားရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရေဒါပျောက်စွမ်းရည်မရှိလို့ ရန်သူက အလွယ်တကူ ခြေရာခံနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင်တော့ အီရန်ရဲ့ စစ်ရေးပစ်မှတ် အများအပြားဟာ ဒီဒရုန်းတွေရဲ့ တိုက်ခိုက်ချေမှုန်းခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၃ နှစ်စမှာ ပိုများပါတယ်။ အီရန်ကတော့ ပစ်တင်ရှုံ့ချတာပဲ လုပ်နိုင်ပါတယ်။

အစ္စရေးကလည်း ထုံးစံအတိုင်းပါပဲ။ ဒီကိစ္စနဲ့ ပါတ်သက်လို့ ဘာမှပြောစရာ မရှိပါဘူးတဲ့ခင်ဗျား။

Knight News Team

Knight News © 2022

Crd