ဒဏ္ဍာရီလာ နဂါးတို့နဲ့ အနီးစပ်ဆုံးတူညီနေတဲ့ ကမ္ဘာ့ပထမဆုံး တွားသွားတိရစ္ဆာန်တစ်ကောင်

News Social News

ဒဏ္ဍာရီလာ နဂါးတို့နဲ့ အနီးစပ်ဆုံးတူညီနေတဲ့ ကမ္ဘာ့ပထမဆုံး တွားသွားတိရစ္ဆာန်တစ်ကောင်

တိရစ္ဆာန်လောကဟာလည်း ကျွန်ုပ်တို့ မထင်မှတ်ထားတဲ့ အရာတွေနဲ့ ပြည့်နှက်နေနိုင်ပါတယ်။

ဥပမာအနေနဲ့ တွားတွားသတ္တဝါတစ်ကောင်ဟာ ငှက်တွေလိုမျိုး ပျံသန်းနိုင်တာမျိုးပေါ့။

ဒီလို ပျံသန်းနိုင်တာကိုလည်း ပထမဆုံး လုပ်ပြခဲ့တဲ့ ပထမဆုံး တွားသွားကောင်ဖြစ်သလို ဒဏ္ဍာရီတွေထဲမှာ ပေါပေါသီသီ မြင်တွေ့ခဲ့ကြရတဲ့ နဂါးတွေနဲ့ အနီးစပ်ဆုံး တူညီနေတဲ့ အကောင်တွေလည်းဖြစ်လို့ စိတ်ဝင်စားစရာတွေကတော့ အပြည့်ပါပဲ။

ရှေးခေတ်က တွားသွားသတ္တဝါအများစုဟာ သူတို့ရဲ့ နေမ၀င်မီ ကာလတွေမှာ နေထိုင်ရာ နေရာများအတွင်း တွားသွားနေကြချိန်မှာပဲ လျှို့ဝှက်ဆန်းပြားတဲ့ တွားသွားမျိုးနွယ် သတ္တဝါတစ်ကောင်က ဝေဟင်မှ လျှောထိုးပျံသန်းတဲ့ နည်းပညာကို ရွေးချယ်ခဲ့ပုံရပါတယ်။

သေးငယ်တဲ့ ကိုယ်ထည်နဲ့အတူ နဂါးတွေနဲ့ အနီးစပ်ဆုံး ပုံစံမျိုးမှာရှိတဲ့ Coelurosauravus elivensis လို့ ခေါ်တဲ့ ထူးဆန်းတဲ့ တွားသွားကောင်လေးဟာ ပျံသန်းနိုင်ဖို့အတွက် ပါးလွှာတဲ့ အမြှေးပါးတစ်စုံကို အသုံးပြုထားပုံရပါတယ်။

Coelurosauravus elivensis

သူ့ရဲ့ ခန္ဓာကိုယ်မှ အရှေ့ဘက်ခြေလက်အင်္ဂါများအထိ သေးငယ်သော အမြှေးပါးများကို တောင်ပံလိုမျိုး အသုံးပြုကာ သစ်ပင်ထိပ်တစ်ခုမှ အခြားသစ်ပင်ထိပ်ဆီသို့ ပျံသန်း သွားလာရန်အတွက် ဖွဲ့စည်းပုံရှိကြောင်း သုတေသီတွေက သုံးသပ်ထားကြပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ သဘာဝသမိုင်း ပြတိုက်မှ သုတေသီများကလည်း အဆိုပါ တိရစ္ဆာန်ကို “ကမ္ဘာ့ပထမဆုံး ပျံသန်းနိုင်တဲ့ တွားသွားသတ္တဝါ” လို့ ခေါ်ဆိုနေကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီတိရိစ္ဆာန်မျိုးနွယ်ရဲ့ ပထမဆုံးကျောက်ဖြစ်ရုပ်ကြွင်းကို ၁၉၀၉ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ချိန်မှစ၍ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များဟာ လူ့လက်ချောင်း အရွယ်အစားခန့် (အရှည် ၄ လက်မ (၁၀ စင်တီမီတာ))အရှည်ရှိတဲ့ ဒီမျိုးစိတ်များကို လေ့လာခဲ့ကြပါတယ်။

နှောင်းပိုင်းမှာတော့ သူတို့နေထိုင်ရာ သစ်တောတွေ ပြုန်းတီးသွားခဲ့ပုံနဲ့ မျိုးနွယ်တို့ မျိုးသုဥ်းပျောက်ကွယ်ခဲ့ပုံတွေကို လေ့လာတီးခေါက်မိခဲ့ကြပါတယ်။

Permian ခေတ် (လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၆၀) ခန့်အထိသာ အသက်ရှင်ခဲ့ကြတယ်လို့ ယူဆရတဲ့ ဒီတိရစ္ဆာန်ကို ယခုအခါမှာတော့ သုတေသီများဟာ တွားသွားသတ္တဝါတွေရဲ့ ရှေးခေတ်ဂေဟစနစ်မှာ အရေးပါဆုံးဖြစ်လို့နေတဲ့ သစ်ပင်တွေရဲ့ ထိပ်ဖျားများနဲ့ သဲလွန်စတို့ကို အသုံးပြုကာ သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းနိုင်ပြီလို့ ယူဆနေကြပါတယ်။

ဒီမျိုးစိတ်တွေဟာ သားရဲတွေရှိရာ မြေကြီးပေါ်ကို ဆင်းဖို့ မလိုအပ်ဘဲ သစ်ပင်တွေပေါ်မှာပဲ လှုပ်ရှားသွားလာနိုင်စေခဲ့တယ်လို့ အချိန်ကြာလာတာနဲ့အမျှ ဒါဟာ တွားသွားမျိုးစိတ်ကို သူတို့ရဲ့ဖွဲ့စည်းပုံနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ ဆင့်ကဲဖြစ်စဉ်ကို တွန်းပို့နိုင်ခဲ့ပုံရပါတယ်။

ဒါကြောင့် C. elivensis ဟာ ကြီးမြတ်တဲ့ တွားသွားပျံသန်းကောင်တွေ ဖြစ်ဖွယ်ရာရှိပြီး သစ်ပင်ရဲ့ ပင်စည်များကို အလွယ်တကူ အတက်အဆင်း ရွေ့လျားနိုင်သလို အကိုင်းအခက်တွေနံ့ သစ်ပင်များကြားမှာ ခုန်ပျံ လျှောထိုးနိုင်ကာ မြေကြီးပေါ်သို့ ပိုမဆင်းနိုင်စေဖို့ လှုံ့ဆော်ပေးနေသလိုပါ။

လေ့လာမှု ရေးသားသူများဟာလည်း နှစ်ပေါင်းများစွာ နေရာဒေသအသီးသီးမှ စုဆောင်းထားတဲ့ လူသုံးဦးစီက ရုပ်ကြွင်းများကို အသုံးပြုရင်း ဒီအကောင်တွေရဲ့ အရိုးစုတွေကို ပြန်လည်တည်ဆောက်ခြင်းဖြင့် တွားသွားမျိုးနွယ်ရဲ့ ရွေ့လျားပုံကို ကောက်ချက်ချ အတည်ပြုနိုင်ခဲ့ကြပါတယ်။

ဒါကြောင့် သုတေသီတို့ရဲ့ ကောက်ချက်ချမှုတွေအရ C. elivensis များရဲ့ ရွေ့လျားပုံနဲ့ ကျက်စားရာ နေရာတို့ကို မျက်မှောက်ခေတ်ရဲ့ အိမ်မြှောင်မျိုးနွယ်များဖြစ်တဲ့ Draco တို့နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။

Draco အိမ်မြှောင်တွေကတော့ အရှေ့တောင်အာရှ မိုးသစ်တောများမှာ အများဆုံး နေထိုင်လေ့ရှိကြတဲ့ သူတို့ရဲ့ တစ်ဖက်တစ်ချက်စီက နံရိုးတွေကို အသုံးပြုရင်း ပျံ့သန်းနိုင်ကြတဲ့ အိမ်မြှောင်မျိုးနွယ်တွေပါ။

C. elivensis ဟာ ခေတ်သစ်အိမ်မြှောင်များထက် ဝမ်းဗိုက်ပေါ်မှာ gliding လုပ်နိုင်စွမ်းပိုရှိတဲ့ ဖွဲ့စည်းပုံပါရှိကြောင်း သိပ္ပံပညာရှင်တွေက အစီရင်ခံ တင်ပြထားကြပါတယ်။

Draco ကတော့ သူတို့တွေရဲ့ gliding လှုပ်ရှားမှုတွေအတွက် ရှည်လျားပြီး လိုက်လျောညီထွေရှိစေတဲ့ နံရိုးများဖြင့် ထောက်ပံ့ပေးထားကြောင်း အဆိုပြုထားကြပါတယ်။

ခေတ်သစ် Draco အိမ်မြှောင်တွေဟာ ရှေးခေတ်က C. elivensis နဲ့ နီးနီးကပ်ကပ် ဆက်စပ်မှု မရှိပေမဲ့လည်း သူတို့မျိုးနွယ် နှစ်ခုဟာ ပေါင်းစည်း ဆင့်ကဲဖြစ်စဉ်မှ တဆင့် ဆင်တူသော ခန္ဓာကိုယ် အမျိုးအစားများ ဖြစ်လာဖွယ်ရှိနေပါတယ်။

ဥပမာအားဖြင့် Draco နဲ့ C. elivensis တို့ဟာ သစ်ပင်တစ်ပင်မှ သစ်ပင်တစ်ပင်သို့ သွားလာစဉ်မှာ အကိုင်းအခက်များနဲ့ ပင်စည်များကို ဆုပ်ကိုင်ထားနိုင်စေတဲ့ “ချွန်ထက်ပြီး ကွေးနေတတ်တဲ့ ခြေသည်းများကိုယ်စီ ပိုင်ဆိုင်ထားကြပြီး ဒီခြေသည်းတွေကလည်း သူတို့ရဲ့ gliding ပျံသန်းမှုကို ပြီးပြည့်စုံစေခဲ့ပါတယ်။

ဒါ့အပြင် Draco တွေဟာ ပျံသန်းလျှောထိုးချိန်မှာ သူတို့ရဲ့ လက်ချောင်းတွေကို နောက်ပြန်ဆန့်ထုတ်ကာ တောင်ပံပေါ်ရှိ အကြေးခွံများကြားရှိ လက်ချောင်းများကို ချိတ်ထားနိုင်သလို C. elivensis တို့ကလည်း သူတို့ရဲ့ တောင်ပံတွေကို ဖြဲချဲ့ပြီး ပိုမြင့်တဲ့ အရှိန်နဲ့တောင် ဝဲနေနိုင်တဲ့အပြင် လက်တွေကို အနည်းငယ် ရွေ့လျားခြင်းအားဖြင့်လည်း အကွာအဝေးကို ပိုမိုရှည်လျားစွာ ပျံသန်းနိုင်ကြပါတယ်။

Knight News Team

Crd