■ထောက်လှမ်းရေးအဖြစ်သုံးခဲ့တဲ့ တိရစ္ဆာန်များ

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ထောက်လှမ်းရေးအဖြစ်သုံးခဲ့တဲ့ တိရစ္ဆာန်များ

ကျွန်မတို့အားလုံးဟာ အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ မထင်မှတ်ထားတဲ့ပုံစံမျိုးတွေကသာ နှစ်ဘက်လုံးအတွက် စစ်ပွဲမှာနိုင်တဲ့အဓိကသော့ချက်ဖြစ်လေ့ရှိတယ်ဆိုတာ သိထားကြမယ်ဆိုလည်းမမှားပါဖူး။ဒါပေမဲ့မတတ်သာတဲ့အဆုံး တိရစ္ဆာန်တွေကိုထောက်လှမ်းရေးအဖြစ်သုံးတဲ့နည်းဟာ စိတ်ကူးထားတာထက်လွန်ပြီးတော့ရှေ့ရောက်လွန်းနေပါတယ်။

အသံတွေကိုတုန့်ပြန်နိုင်တဲ့ကြောင်ကြီးတစ်ကောင်အကြောင်းနဲ့စလိုက်ကြရအောင်နော်။ကဲ့…ဘာလုပ်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်။
(၁၉၆၀)မှာစတင်လုပ်ဆောင်ခဲ့တဲ့ စီအိုင်အေပရောဂျက်ကို (၂၀၀၁)ခုနှစ်မှာမှသာ စီအိုင်အေရဲ့လက်ထောက်အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ဗစ်တာမချက်တီ(Victor Machetti)ကချပြခဲ့ပါတယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆိုဗီယက်နိုင်ငံကိုထောက်လှမ်းဖို့ပဲဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ မိုက်ခ်ရိုဖုန်းတွေကိုကြောင်တွေရဲ့နားထဲ ထည့်သွင်းပေးခြင်း၊ရေဒီယိုအသံလွင့်စက်လေးတွေကို တိရစ္ဆာန်တွေရဲ့ခေါင်းမှာမသိမသာတပ်ထားခြင်း၊ဝိုင်ယာကြိုးမျှင်သေးသေးလေးတွေကို တိရစ္ဆာန်တွေရဲ့အမွေးတွေကြားမှာထားရှိခြင်းစတဲ့နည်းတွေပါပါမယ်။လုပ်ဆောင်ချက်အဆင့်(၂)ထဲမှာတော့ သေချာပြုလုပ်ပေးထားတဲ့ကြောင်လေးတွေကို ဝါရှင်တန်မှာရှိတဲ့ ဆိုဗီယက်သံရုံးဆီကိုလွတ်လိုက်ခြင်းပါဘဲ။

ဒါပေမဲ့ အလုပ်တာဝန်တွေစလုပ်ရတဲ့အချိန်ရောက်လာတော့ ကိုယ်စားလှယ်တွေရွေးချယ်ပေးထားတဲ့ကြောင်တွေဟာ မျှော်လင့်သလိုဖြစ်မလာခဲ့တော့ပါဖူး။ ဘာကြောင့်လဲဆိုတော့သံရုံးရဲ့(၁၀)ပေအကွာမှာ အလုံပိတ်ကားပေါ်ကနေလွတ်သွားပြီး ဖြတ်သွားတဲ့တက္ကဆီကတိုက်မိကာ သေသွားခဲ့ရလို့ဘဲဖြစ်ပါတယ်။

ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက်မှာ ကင်မရာသေးသေးလေးတွေတပ်ဆင်ထားတဲ့ ခိုတွေနဲ့ပြန်ကြိုးစားခဲ့ကြပြန်ပါတယ်။ သူတို့ရည်ရွယ်ထားတာကတော့ ငှက်တွေကိုရန်သူတွေရှိတဲ့နေရာကိုကြိုးစားပျံခိုင်းပြီးလေယာဉ်တွေ ဂြိုဟ်တုတွေထက် အလှမ်းမှီတဲ့အနီးဆုံးအကွာအဝေးကနေ ပုံတွေရိုက်ပြီးပြန်လာစေချင်တာပါဘဲ။ အဲဒါနဲ့ပတ်သက်တဲ့လုပ်ဆောင်နိုင်တဲ့အတိုင်းအတာကိုတော့ ပိုင်းခြားထာရဆဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext