(ထူးဆန်းပါပေ့ အိန္ဒိယရယ်) အိန္ဒိယ- မိုးခေါ်ပွဲမှာ ကလေးအရွယ် မိန်းကလေးတွေ အဝတ်ဗလာနဲ့ လှည့်လည်

News

အိန္ဒိယ- မိုးခေါ်ပွဲမှာ ကလေးအရွယ် မိန်းကလေးတွေ အဝတ်ဗလာနဲ့ လှည့်လည်

အိန္ဒိယအလယ်ပိုင်း အလယ်ပိုင်း ရွာတစ်ရွာက မိုးခေါ်လှည့်လည်ပွဲမှာ ကလေးအရွယ် မိန်းကလေးငယ် ၆ ယောက်ဟာ အဝတ်ဗလာနဲ့ ပါဝင်လှည့်လည်ခဲ့ကြပါတယ်။

ဒေသတွင်းရိုးရာဓလေ့အရ ရွာတစ်ရွာက အသက်၅နှစ်မိန်းကလေးငယ်တွေ အဝတ်ဗလာနဲ့စီတန်းလှည့်လည်

မက်ဒရာ ပရာဒက်ရှ် ပြည်နယ် ဘန်ဒယ်ဟန်ဒေသက မိုးခေါင်နေတဲ့ ရွာတစ်ရွာ မှာ အခုအဖြစ်အပျက် ဖြစ်ခဲ့တာပါ။

ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဗီဒီယိုထဲမှာတော့ အဲ့ဒီမိန်းကလေးငယ်တွေအားလုံး ဘာအဝတ်အစားမှ မဝတ်ထားဘဲ သူတို့ ပုခုံးပေါ်မှာတော့ သစ်သားတုတ်တစ်ချောင်းကို ထမ်းထားပြီး အဲ့ဒီတုတ် မှာ ဖားတစ်ကောင်ကို ချည်ထားပါတယ်။

အဲဒီလို ပူဇော်ပူသလိုက်ရင် မိုးနတ်သားက ကျေနပ်ပြီး သူတို့ဆီကို မိုးခေါ်လာမယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီရွာရှိတဲ့ ဒါမိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့ဆီကနေ အိန္ဒိယ နိုင်ငံတော်အဆင့် ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်ရေး ကော်မရှင်က ရှင်းလင်းချက် တောင်းထားပါတယ်။

ဒီပွဲလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့ဆီကမှ တရားဝင်ကန့်ကွက်မှု မရှိပေမဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ စီစဥ်ထားပြီလို့ မက်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဗီဒီယိုထဲမှာပါတဲ့ မိန်းကလေးငယ်တွေထဲက တချို့ဟာ အသက် ၅ နှစ် လောက် အရွယ်တွေ ဖြစ်ကြပြီး လူအုပ်ကြီးနဲ့အတူ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ သူတို့နောက်မှာ ဂါထာတွေ ရွတ်ဖတ်သီဆိုနေတဲ့ အမျိုးသမီး တစ်စုကလည်း လိုက်ပါလာကြပါတယ်။

စီတန်းလမ်းလျှောက်လာတဲ့အခါမှာ ရွာထဲမှာရှိတဲ့ အိမ်ရှေ့တိုင်းမှာ ရပ်ကြပြီး ကလေးတွေက အစာရေစာတွေ အလှူခံကြပါတယ်။ အဲဒါတွေကို ဒေသတွင်းက ဘုရားကျောင်း တစ်ကျောင်းကို ပြန်လှူကြတာ ဖြစ်ပါတယ်။

ဒီမိန်းကလေးတွေရဲ့ မိဘတွေကိုယ်တိုင်က ကလေးတွေ မိုးခေါ်ပွဲမှာပါတာကို ကျေကျေနပ်နပ်ရှိပြီး သူတို့ ကိုယ်တိုင်တောင် ဝင်ပါနေတယ်လို့ ဒါမိုခရိုင်က အုပ်ချုပ်ရေးမှူး ဆာကရစ်ရှနာ ချိတာယာ ပြောပါတယ်။

“ဒီလိုကိစ္စမျိုးတွေမှာ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ရွာသားတွေကို ဒီလိုလုပ်တာဟာ အယူသီးအစွဲလမ်းတစ်ခုလို့ ရှင်းပြပြီး ဒီလိုလုပ်ရုံနဲ့ သူတို့လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ဘူးလို့ နားလည်အောင်ရှင်းပြတာပဲလုပ်နိုင်တယ်” လို့ သူက ပြောပါတယ်။

အိန္ဒိယက စိုက်ပျိုးရေးဟာ ဒေသအများစုမှာ မုတ်သုံရာသီမိုးကိုသာ အဓိကအားထားနေရတာကြောင့် မိုးနတ်မင်းတွေ တိုင်တည်တဲ့ ကိစ္စတွေကို ဒေသအလိုက် သူတို့ရိုးရာဓလေ့တွေ ပြုလုပ်လေ့ ရှိပါတယ်။

တချို့နေရာတွေဆို မိုးနတ်မင်းတွေ ကျေနပ်ပျော်ရွှင်အောင် မီးပူဇော်တာ၊ ဖားတွေ၊ မြည်းတွေကို လက်ထပ်ထိမ်း မြားပေးတာ၊ မိုးနတ်မင်းကို ပူဇော်တဲ့ ဂါထာတေးသွားတွေ ရွတ်ဖတ်သီဆိုကြတာတွေ လုပ်လေ့ရှိပါတယ်။

ဒီကိစ္စတွေကို လက်မခံတဲ့သူတွေကတော့ ဒီရိုးရာဓလေ့ထုံးတမ်းတွေက သာမန်လူထုကို ဆင်းရဲဒုက္ခကို မေ့ပျောက်အောင်လုပ်တဲ့ ယုံကြည်မှုသက်သက်လို့ ပြောနေကြပေမယ့် ယဥ်ကျေးမှုရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ဘာလုပ်ရမှန်းမသိ ကြံရာမရဖြစ်နေတဲ့ အခြေအနေကို စိတ်သက်သာရာရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်တယ်လို့ ပြောပါတယ်။

BBC
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အိႏၵိယ- မိုးေခၚပြဲမွာ ကေလးအရြယ္ မိန္းကေလးေတြ အဝတ္ဗလာနဲ႔ လွည့္လည္

ဒေသတွင်းရိုးရာဓလေ့အရ ရွာတစ်ရွာက အသက်၅နှစ်မိန်းကလေးငယ်တွေ အဝတ်ဗလာနဲ့စီတန်းလှည့်လည်

အိႏၵိယအလယ္ပိုင္း အလယ္ပိုင္း ရြာတစ္ရြာက မိုးေခၚလွည့္လည္ပြဲမွာ ကေလးအရြယ္ မိန္းကေလးငယ္ ၆ ေယာက္ဟာ အဝတ္ဗလာနဲ႔ ပါဝင္လွည့္လည္ခဲ့ၾကပါတယ္။

မက္ဒရာ ပရာဒက္ရွ္ ျပည္နယ္ ဘန္ဒယ္ဟန္ေဒသက မိုးေခါင္ေနတဲ့ ရြာတစ္ရြာ မွာ အခုအျဖစ္အပ်က္ ျဖစ္ခဲ့တာပါ။

ဆိုရွယ္မီဒီယာေပၚတက္လာတဲ့ ဗီဒီယိုထဲမွာေတာ့ အဲ့ဒီမိန္းကေလးငယ္ေတြအားလုံး ဘာအဝတ္အစားမွ မဝတ္ထားဘဲ သူတို႔ ပုခုံးေပၚမွာေတာ့ သစ္သားတုတ္တစ္ေခ်ာင္းကို ထမ္းထားၿပီး အဲ့ဒီတုတ္ မွာ ဖားတစ္ေကာင္ကို ခ်ည္ထားပါတယ္။

အဲဒီလို ပူေဇာ္ပူသလိုက္ရင္ မိုးနတ္သားက ေက်နပ္ၿပီး သူတို႔ဆီကို မိုးေခၚလာမယ္လို႔ ေဒသခံေတြက ယုံၾကည္ၾကပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး အဲ့ဒီရြာရွိတဲ့ ဒါမိုးခရိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဆီကေန အိႏၵိယ နိုင္ငံေတာ္အဆင့္ ကေလးသူငယ္ အခြင့္အေရး ေစာင့္ေရွာက္ေရး ေကာ္မရွင္က ရွင္းလင္းခ်က္ ေတာင္းထားပါတယ္။

ဒီပြဲလုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ဘယ္သူ႔ဆီကမွ တရားဝင္ကန႔္ကြက္မႈ မရွိေပမဲ့ စုံစမ္းစစ္ေဆးမႈလုပ္ဖို႔ စီစဥ္ထားၿပီလို႔ မက္ဒရာ ပရာဒက္ရွ္ ရဲတပ္ဖြဲ႕က ဆိုပါတယ္။
ဗီဒီယိုထဲမွာပါတဲ့ မိန္းကေလးငယ္ေတြထဲက တခ်ိဳ႕ဟာ အသက္ ၅ ႏွစ္ ေလာက္ အရြယ္ေတြ ျဖစ္ၾကၿပီး လူအုပ္ႀကီးနဲ႔အတူ စီတန္းလွည့္လည္ခဲ့ၾကပါတယ္။ သူတို႔ေနာက္မွာ ဂါထာေတြ ရြတ္ဖတ္သီဆိုေနတဲ့ အမ်ိဳးသမီး တစ္စုကလည္း လိုက္ပါလာၾကပါတယ္။

စီတန္းလမ္းေလၽွာက္လာတဲ့အခါမွာ ရြာထဲမွာရွိတဲ့ အိမ္ေရွ႕တိုင္းမွာ ရပ္ၾကၿပီး ကေလးေတြက အစာေရစာေတြ အလႉခံၾကပါတယ္။ အဲဒါေတြကို ေဒသတြင္းက ဘုရားေက်ာင္း တစ္ေက်ာင္းကို ျပန္လႉၾကတာ ျဖစ္ပါတယ္။

ဒီမိန္းကေလးေတြရဲ့ မိဘေတြကိုယ္တိုင္က ကေလးေတြ မိုးေခၚပြဲမွာပါတာကို ေက်ေက်နပ္နပ္ရွိၿပီး သူတို႔ ကိုယ္တိုင္ေတာင္ ဝင္ပါေနတယ္လို႔ ဒါမိုခရိုင္က အုပ္ခ်ဳပ္ေရးမႉး ဆာကရစ္ရွနာ ခ်ိတာယာ ေျပာပါတယ္။

“ဒီလိုကိစၥမ်ိဳးေတြမွာ အုပ္ခ်ဳပ္ေရးပိုင္းအေနနဲ႔ ရြာသားေတြကို ဒီလိုလုပ္တာဟာ အယူသီးအစြဲလမ္းတစ္ခုလို႔ ရွင္းျပၿပီး ဒီလိုလုပ္႐ုံနဲ႔ သူတို႔လိုခ်င္တဲ့ ရလဒ္ကို ရမွာမဟုတ္ဘူးလို႔ နားလည္ေအာင္ရွင္းျပတာပဲလုပ္နိုင္တယ္” လို႔ သူက ေျပာပါတယ္။

အိႏၵိယက စိုက္ပ်ိဳးေရးဟာ ေဒသအမ်ားစုမွာ မုတ္သုံရာသီမိုးကိုသာ အဓိကအားထားေနရတာေၾကာင့္ မိုးနတ္မင္းေတြ တိုင္တည္တဲ့ ကိစၥေတြကို ေဒသအလိုက္ သူတို႔ရိုးရာဓေလ့ေတြ ျပဳလုပ္ေလ့ ရွိပါတယ္။

တခ်ိဳ႕ေနရာေတြဆို မိုးနတ္မင္းေတြ ေက်နပ္ေပ်ာ္ရႊင္ေအာင္ မီးပူေဇာ္တာ၊ ဖားေတြ၊ ျမည္းေတြကို လက္ထပ္ထိမ္း ျမားေပးတာ၊ မိုးနတ္မင္းကို ပူေဇာ္တဲ့ ဂါထာေတးသြားေတြ ရြတ္ဖတ္သီဆိုၾကတာေတြ လုပ္ေလ့ရွိပါတယ္။

ဒီကိစၥေတြကို လက္မခံတဲ့သူေတြကေတာ့ ဒီရိုးရာဓေလ့ထုံးတမ္းေတြက သာမန္လူထုကို ဆင္းရဲဒုကၡကို ေမ့ေပ်ာက္ေအာင္လုပ္တဲ့ ယုံၾကည္မႈသက္သက္လို႔ ေျပာေနၾကေပမယ့္ ယဥ္ေက်းမႈေရးရာ ကၽြမ္းက်င္သူေတြကေတာ့ ဒီလိုလုပ္တဲ့ အေလ့အက်င့္ဟာ ဘာလုပ္ရမွန္းမသိ ႀကံရာမရျဖစ္ေနတဲ့ အေျခအေနကို စိတ္သက္သာရာရေစတဲ့နည္းလမ္းတစ္မ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။

BBC
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။