■ထူးဆန်းတဲ့ကမ်းရိုးတန်းဒေသတွေမှာတွေ့ရတတ်တဲ့ အိမ်မွေးငါးရှဥ့်များ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ထူးဆန်းတဲ့ကမ်းရိုးတန်းဒေသတွေမှာတွေ့ရတတ်တဲ့ အိမ်မွေးငါးရှဥ့်များ

တကယ်တမ်းတော့သူတို့ဟာ အပင်တွေမဟုတ်ပါဘူး။ အိမ်မွေး ငါးရှဥ့်တွေကိုတော့ ထူးဆန်းတဲ့ကမ်းရိုးတန်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။

သူတို့ကတော့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ လိုက်လျောညီထွေဖြစ်အောင်နေကြတာပဲဖြစ်ပါတယ်။ ဒီ ငါးတွေဟာ ဘာလို့အခြားငါးတွေလို မရွေ့လျားကြတာလဲ။ ဒါပေမယ့်လည်း ဘာမှလုပ်လို့မရတဲ့အချိန်မှာ ဘာလို့ ရေကူးနေမှာလဲ။

ဒီငါးရှဥ့်တွေက ဖမ်းစားမယ့်သားရဲတွေလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ရေအောင်ကြမ်းပြင်အောက်မှာ ဖွက်လိုက်ပါတယ်။ ရေစီးကြောင်းက အရမ်းမကြမ်းတဲ့အချိန်ကျရင်တော့ ခန္ဓာကိုယ်က တစ်ဖြောင့်တည်းထွက်လာပြီး အပေါ်အောက် ၃၆၀ ဒီဂရီလှည့်နိုင်ပါတယ်။

ဒါကတော့ သူတို့ပတ်ပတ်လည်မှာရှိတဲ့သားကောင်ကို ဖမ်းဖို့အတွက်ပါ။ တကယ်လို့ ရေစီးကြောင်းက ကြမ်းနေရင်တော့ ခန္ဓာကိုယ်ဟာ Question Mark ပုံစံလုပ်ပြီး ရေစီးကြောင်းကို ကန့်လန်ခံထားပါတယ်။

သူတို့ရဲ့ အံ့သြစရာကောင်းတဲ့ လိုက်လျောညီထွေစွာနေထိုင်ခြင်းဟာ တစ်ခြား ငါးတွေ နေလို့မရအောင် နေရာကို အပိုင်သိမ်းထားတာပါ။ ထို့အတူ သူတို့ဟာ သားရဲတွေ့ပြီဆိုလျှင်သဲထဲမှာ လွယ်လွယ်နှင့်ပင်ပုန်းနေတတ်ကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext